အာရုံကြောစနစ်သည် ခန္ဓာကိုယ်အတွင်းနှင့် ပြင်ပမှအချက်အလက်များကို အာရုံခံပြီး ဤအချက်အလက်များကို တုံ့ပြန်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။
ထို့အပြင် ကိုယ်တွင်းအင်္ဂါများ၏လုပ်ဆောင်ချက်ကို ထိန်းညှိပေးသည့် ထိန်းချုပ်ရေးယန္တရားလည်း ရှိပါသည်။
အာရုံကြောစနစ်ကို ဗဟိုအာရုံကြောစနစ် (ဦးနှောက်၊ ကျောရိုး) နှင့် အာရုံကြောအဖွဲ့၏ပြင်ပပိုင်းဟူ၍ ပိုင်းခြားထားပါသည်။
ဗဟိုအာရုံကြောစနစ်သည် အာရုံကြောအဖွဲ့၏ပြင်ပပိုင်းမှ ပေးပို့သော သတင်းအချက်အလက်များကို လက်ခံရရှိပြီး သတင်းအချက်အလက်အား တုံ့ပြန်မှုများကို ပြင်ပအာရုံကြောများသို့ ညွှန်ကြားချက်များအဖြစ် ပေးပို့ပါသည်။
ဦးနှောက်ကို ဦးနှောက်ကြီး၊ ဦးနှောက်ငယ်၊ ဦးနှောက်ပင်စည် (ဦးနှောက်၏ရှေ့ပိုင်း၊ ဦးနှောက်၏အလယ်ပိုင်း၊ ဦးနှောက်အောက်ခြေပိုင်းရှိ ဘု-သဏ္ဌာန်နေရာ၊ ဦးနှောက်၏ပင်မပိုင်း) ဟူ၍ ပိုင်းခြားနိုင်ပါသည်။
ဦးနှောက်ကြီးသည် ဘယ်ညာနှစ်ဖက်တွင် စက်လုံးခြမ်းပုံရှိပြီး ဘာသာစကားဆိုင်ရာအာရုံကြောကလပ်စည်းများအစုအဖွဲ့ရှိသည့် ဘယ်ဘက်ခြမ်းသည် ဘာသာစကားများကို နားလည်နိုင်ပြီး ဘာသာစကားများပြောဆိုနိုင်ရန်အတွက် ညွှန်ကြားချက်များ ထုတ်ပေးခြင်းတို့ လုပ်ဆောင်ပါသည်။
ညာဘက်ခြမ်းသည် spatial နှင့် temporal ဆက်နွယ်မှုများကိုအသိအမှတ်ပြုရာတွင်အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပါသည်။
ဦးနှောက်ငယ်သည် ကိုယ်ဟန်အနေအထားကိုထိန်းပေးပြီး လမ်းလျှောက်ခြင်းကဲ့သို့သော လှုပ်ရှားမှုများကို ထိန်းညှိပေးရာတွင် ပါဝင်ပါသည်။
ဦးနှောက်ပင်စည်တွင် နှလုံးနှင့် သွေးကြောများ၏ လှုပ်ရှားမှု၊ အသက်ရှူူခြင်းစသည်တို့နှင့်ဆိုင်သည့် အာရုံကြောကလပ်စည်းများအစုအဖွဲ့ရှိပြီး အသိစိတ်နှင့်သက်ဆိုင်သည့် အာရုံသိမှုနှင့်ဆက်နွယ်ပတ်သက်သောအာရုံကြောအဖွဲ့လည်း တည်ရှိပြီး အသက်ရှင်သန်မှုကို ထိန်းသိမ်းရာ၌ အရေးပါသော ကဏ္ဍမှပါဝင်ပါသည်။ ပုံ1 
ကျောရိုးသည် လှုပ်ရှားမှုစနစ်နှင့် အာရုံခံစနစ်များအတွက် အာရုံကြောများဖြတ်သန်းသွားရာ လမ်းကြောင်းဖြစ်ပါသည်။
အာရုံကြောအဖွဲ့၏ပြင်ပပိုင်းတွင် ဦးနှောက်နှင့် ကျောရိုးအာရုံကြောများရှိပြီး ဦးနှောက်၊ ကျောရိုးနှင့် ခန္ဓာကိုယ်တစ်ခုလုံးမှ အစွန်းအဖျားများနှင့် ချိတ်ဆက်ကာ အာရုံကြော လှုံဆော်မှုများ ပေးပို့ပါသည်။
ဦးနှောက်အာရုံကြောသည် ဦးနှောက်ပင်စည်နှင့်ချိတ်ဆက်ပြီး ဘယ်ညာ 12 တွဲရှိပါသည်။
အဓိကအားဖြင့် မျက်နှာနှင့် ဦးခေါင်းတို့ကို ဖြန့်ကျက်သွားပါသည်။
ကျောရိုးအာရုံကြောသည် အတွဲ 31 တွဲဖြင့် အဆစ်များ၊ လည်ပင်းရိုးအာရုံကြော၊ ရင်ခေါင်းအာရုံကြော၊ ခါးအာရုံကြော၊ မြီးညောင့်ရိုးမှထွက်သောအာရုံကြောတို့ဖြင့် ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖြန့်ကျက်သွားပါသည်။
အလိုအလျောက်ဖြစ်စဉ်များအား ညှိနှိုင်းထိန်းချုပ်ပေးသောဦးနှောက်နှင့်အာရုံကြောအဖွဲ့သည် ဦးနှောက်အာရုံကြော၊ ကျောရိုးအာရုံကြောအမျှင်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရောနှောတည်ရှိပါသည်။
အလိုအလျောက်ဖြစ်စဉ်များအား ညှိနှိုင်းထိန်းချုပ်ပေးသောဦးနှောက်နှင့်အာရုံကြောအဖွဲ့ကို sympathetic အာရုံကြောနှင့် parasympathetic အာရုံကြောတို့အဖြစ်ခွဲခြားနိုင်ပြီး တူညီသော အင်္ဂါ၌ ပျံ့နှံ့တည်ရှိကာ ဆန့်ကျင်ဘက်သက်ရောက်မှုများ ဖြစ်စေပြီး အဆိုပါအင်္ဂါအား ထိန်းချုပ်ပါသည်။ ပုံ2 
နှလုံးသည် လက်သီးဆုပ်အကြီးအရွယ်အစားရှိပြီး ထိပ်၌ချွန်သွားသည့်ပုံစံရှိပါသည်။
နှလုံး၏အစိတ်အပိုင်းအများစုကို နှလုံးကြွက်သားဟုခေါ်သော အထူးကြွက်သားများဖြင့်ဖွဲ့စည်းထားပြီး အားပြင်းပြင်းဖြင့် ကျုံ့နိုင်ပါသည်။
နှလုံးကို အကန့်များဖြင့် ဘယ်ညာပိုင်းခြားထားသည့်အပြင် အပေါ်နှင့်အောက်ကိုလည်း ခွဲခြားထားပါသည်။
သွေးစီးဆင်းမှုကို အဆို့ရှင်လေးခုဖြင့် ထိန်းချုပ်ထားပြီး ဦးတည်ရာတစ်ဖက်တည်းသို့ စီးဆင်းနိုင်ပါသည်။
နှလုံးကို stethoscope(နားကြပ်)ဖြင့် ထိကပ်လိုက်ပါက ကြားရသည့်အသံသည် ဤအဆို့ရှင်များပိတ်သွားသည့်အသံဖြစ်ပါသည်။
နှလုံးမှ ပို့လွှတ်လိုက်သော သွေးများသည် ခန္ဓာကိုယ်အတွင်း လှည့်ပတ်သွားပြီး နှလုံးထံသို့ ထပ်မံပြန်ရောက်လာပါသည်။
ဤသွေးလည်ပတ်မှုစနစ်ကို အဆုတ်နှင့်ဆိုင်သော သွေးလှည့်ပတ်စီးဆင်းမှုနှင့် ခန္ဓာကိုယ်နှင့်ဆိုင်သော သွေးလှည့်ပတ်စီးဆင်းမှုဟူ၍ နှစ်မျိုး ခွဲခြားနိုင်ပါသည်။
အဆုတ်နှင့်ဆိုင်သော သွေးလှည့်ပတ်စီးဆင်းမှု
နှလုံး၏ ညာဘက်အခန်းမှထွက်လာသောသွေးများသည် အဆုတ်သွေးလွှတ်ကြောကိုဖြတ်ပြီး ဘယ်ညာရှိ အဆုတ်များထဲသို့ရောက်သွားကာ ဤနေရာ၌ ဓာတ်ငွေ့လဲလှယ်မှုလုပ်ဆောင်ပြီး သွေးလွှတ်ကြောမှသွေးများအဖြစ် နှလုံးညာဘက်ခန်းသို့ ပြန်လာသည့်လမ်းကြောင်းကို “အဆုတ်နှင့်ဆိုင်သော သွေးလှည့်ပတ်စီးဆင်းမှု”ဟု ခေါ်ပါသည်။
အဆုတ်နှင့်ဆိုင်သော သွေးလှည့်ပတ်စီးဆင်းမှုသည် သွေးပြန်ကြောမှသွေးများကို သွေးလွှတ်ကြောမှသွေးများအဖြစ်သို့ပြောင်းလဲပြီး နှလုံးသို့ ပြန်ပို့ပေးသည့်လုပ်ဆောင်ချက်ကို ပြုလုပ်ပါသည်။
ခန္ဓာကိုယ်နှင့်ဆိုင်သော သွေးလှည့်ပတ်စီးဆင်းမှု
နှလုံး၏ဘယ်ဘက်အခန်းမှထွက်လာသောသွေးများသည် သွေးလွှတ်ကြောမမှ သွေးလွှတ်ကြောငယ်နှင့် ဆံချည်မျှင်သွေးကြောများကိုဖြတ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ တစ်သျှူးများထံသို့ရောက်ရှိကာ ဆံချည်မျှင်သွေးကြောများမှတစ်ဆင့် တစ်သျှူးများထံသို့ အောက်ဆီဂျင်နှင့် အာဟာရများ ထောက်ပံ့ပေးပါသည်။ ပုံ3
ပုံ4 
တစ်သျှူးများ၏လုပ်ဆောင်ချက်ကြောင့်ထွက်ပေါ်လာသည့် စွန့်ထုတ်လိုက်သောအရာများကို လက်ခံရယူပြီး ဤနေရာ၌ သွေးပြန်ကြောသို့ပြောင်းသွားကာ သွေးပြန်ကြောငယ်များမှ သွေးပြန်ကြောမကိုဖြတ်ပြီး နှလုံး၏ညာဘက်ခန်းသို့ ပြန်ရောက်လာပါသည်။
ဤလမ်းကြောင်းကို “ခန္ဓာကိုယ်နှင့်ဆိုင်သော သွေးလှည့်ပတ်စီးဆင်းမှု”ဟု ခေါ်ပါသည်။
ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးများလည်ပတ်ရောက်ရှိရန် 1 မိနစ်မရှိတရှိသာ ကြာပါသည်။
နှလုံးကို အာဟာရဖြစ်စေသော သွေးကြောများကို “နှလုံးသွေးလွှတ်ကြောများ” ဟု ခေါ်ပါသည်။
၎င်းတို့သည် နှလုံး၏ဘေးပတ်လည်ကို ဝန်းရံထားပြီး နှလုံးကြွက်သားများအား အောက်ဆီဂျင်နှင့် အာဟာရတို့ ထောက်ပံ့ပေးပါသည်။
အသက်ရှူလမ်းကြောင်းစနစ်သည် ခန္ဓာကိုယ်၏လှုပ်ရှားမှုအတွက် လိုအပ်သောစွမ်းအင်များထုတ်လုပ်ရန် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ကို ပြင်ပမှရယူပြီး ရလဒ်အနေနှင့်ထွက်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်ခြင်းဟူသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။
အသက်ရှူလမ်းကြောင်းစနစ်တွင် နှာခေါင်းအတွင်းလမ်းကြောင်း၊ လည်ချောင်း၊ အသံအိုးနှင့် လေပြွန်တို့ပါဝင်ပြီး ၎င်းတို့နှင့်တစ်ဆက်တည်းအားဖြင့် ဘယ်ညာသို့ လေပြွန်နှစ်ခုခွဲသွားပြီး အဆုတ်ထဲသို့ဝင်သွားကာ ထပ်မံပြီး အကိုင်းအခက်များသဏ္ဌာန်ခွဲထွက်သွားကာ အဆုတ်၏လေအိတ်ငယ်များအဖြစ်သို့ ရောက်ရှိသွားပါသည်။
ဤလမ်းကြောင်းအတွင်း နှာခေါင်းအတွင်းလမ်းကြောင်းမှ လေပြွန်ခွဲအထိကို “အသက်ရှူလမ်းကြောင်း”ဟု ခေါ်ပါသည်။
အသက်ရှူလမ်းကြောင်းသည် လေအဝင်အထွက်ပေါက်ဖြစ်သော်လည်း လေထုကို ဖြတ်သန်းသွားစေခြင်းမျှသာမဟုတ်ပါ။
လေထုထဲမှ ဖုန်နှင့် မသက်ဆိုင်သည့်အရာများကို ဖယ်ရှားပြီး ပူနွေးစေကာ စိုထိုင်းဆရှိစေသည့် လုပ်ဆောင်ချက်ကို ပြုလုပ်ပါသည်။
အသက်ရှူလမ်းကြောင်းအတွင်း ဖုန်မှုန့်နှင့် ပြင်ပအရာများဝင်လာပါက ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှတစ်ဆင့် ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်လိုက်ပါသည်။
အသက်ရှူလမ်းကြောင်းစနစ်၏ အဓိကလုပ်ငန်းဆောင်တာဖြစ်သည့် အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့လဲလှယ်မှုကို အဆုတ်၏လေအိတ်ငယ်ထဲ၌ လုပ်ဆောင်ပါသည်။
အဆုတ်၏လေအိတ်ငယ်များသည် ဆံချည်မျှင်သွေးကြောများဖြင့် ဝန်းရံထားသည့် သေးငယ်သောအိတ်များဖြစ်ပါသည်။
၎င်းတို့သည် အရေအတွက်အားဖြင့် သန်း 300 ခန့်ရှိသည်ဟုဆိုကြပြီး ၎င်းတို့၏မျက်နှာပြင်ဧရိယာမှာ အလွန်ကျယ်ပြန့်သောကြောင့် ဓာတ်ငွေ့ လဲလှယ်မှုကို ချောမွေ့စွာ လုပ်ဆောင်နိုင်ပါသည်။
အသက်ရှူလမ်းကြောင်းမှ သယ်ဆောင်လာသော အောက်ဆီဂျင်များပါဝင်သည့်လေကို အဆုတ်၏လေအိတ်ငယ်များမှတစ်ဆင့် ဆံချည်မျှင်သွေးကြောများထဲသို့ပေးပို့ကာ အောက်ဆီဂျင်လက်ခံရယူပြီးသောသွေးများကို နှလုံးမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ ပို့လွှတ်ပါသည်။
တစ်ဖက်တွင် ခန္ဓာကိုယ်အနှံ့သို့လှည့်ပတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်လက်ခံရယူလာသောသွေးများသည် တစ်ဖန်ပြန်ပြီး နှလုံးမှတစ်ဆင့် အဆုတ်၏လေအိတ်များထဲသို့ ပြန်ရောက်ပါသည်။
ထို့နောက် အသက်ရှူထုတ်ခြင်းအားဖြင့် သွေးထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်များကို ရှူထုတ်လိုက်ပါသည်။
ဤကဲ့သို့သောအားဖြင့် ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် အသက်ရှူလမ်းကြောင်းစနစ်နှင့် သွေးလည်ပတ်မှုစနစ်တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အသက်ကို ထိန်းသိမ်းပေးပါသည်။ ပုံ5 
အစာချေစနစ်သည် အစားအစာများကို ချေဖျက်ပြီး စုပ်ယူကာ ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရဓာတ်များကို ထောက်ပံ့ပေးသည့် လုပ်ဆောင်ချက် ပြုလုပ်ပါသည်။
အစာချေစနစ်သည် ခံတွင်းမှစတင်ပြီး အစာရေမြို၊ အစာအိမ်၊ အူ၊ စအိုအထိဖြစ်သည့် အစာချေအင်္ဂါဟုခေါ်သော 9 မီတာခန့်ရှည်သည့် ပြွန်ပုံစံအစိတ်အပိုင်းနှင့် အသည်း၊ ပန်ကရိယ၊ သည်းခြေအိတ်အစရှိသည့် အစာချေရည်များထုတ်ပေးသည့် ကိုယ်တွင်းအင်္ဂါများဖြင့် ဖွဲ့စည်းထားပါသည်။
အစာချေခြင်းဆိုသည်မှာ အစားအစာများထဲမှ အာဟာရဓာတ်များကို ခန္ဓာကိုယ်တွင်း၌ စုပ်ယူနိုင်သော ပုံစံများအဖြစ်သို့ ခွဲထုတ်ပေးသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။
ခံတွင်းထဲသို့ ဝင်လာသော အစားအစာများကို သွားများဖြင့် သေးနုပ်သွားအောင်ကြိတ်ဖျက်ပြီး တံတွေးများဖြင့် ရောနှောပြီးမျိုချလိုက်ကာ အစာမျိုပြွန်မှတဆင့် အစာအိမ်သို့ ဖြတ်သန်းပို့ဆောင်ပေးပါသည်။
အစာရေမျို၏ မြူးကပ်စ်အလွှာသည် အပူကိုအာရုံခံစားနိုင်စွမ်းမရှိသောကြောင့် အပူကို မခံစားရပါ။
အစာအိမ်ထဲတွင် ဟိုက်ဒရိုကလိုရစ်အက်ဆစ်နှင့် အစာချေအင်ဇိုင်းများ ရောနှောသွားပြီး အစာအိမ်၏လှိုင်းကဲ့သို့သောလှုပ်ရှားမှုကြောင့် အစားအစာများသည် ပျစ်ချွဲပျော့ပျောင်းသောသောပုံစံအဖြစ်သို့ ပြောင်းသွားပါသည်။
ယေဘုယျအားဖြင့် အစာစားပြီး 10 မိနစ်ခန့်အကြာတွင် ပျော့ပျောင်းပြီး အစာကြေလွယ်သော အစာများကို အူသိမ်ထဲသို့ ဝင်ပေါက်ဖြစ်သည့် အူသိမ်ဦးပိုင်းသို့ စတင်ပေးပို့လိုက်ပြီး အများစုမှာ 3 နာရီမှ 6 နာရီအတွင်း ပြောင်းရွှေ့ပို့ဆောင်ခြင်းခံရပါသည်။
ဤနေရာ၌ ပန်ကရိယမှထွက်သောအစာချေရည်များနှင့် သည်းခြေရည်တို့ ရောနှောသွားပြီး စစ်မှန်သောအစာချေသည့်လုပ်ဆောင်ချက်ပြုလုပ်ကာ အူသိမ်အလယ်ပိုင်းသို့ ပေးပို့လိုက်ပါသည်။
ဤနေရာအထိသည် “အစာချေခြင်း” လုပ်ငန်းစဉ်ဖြစ်ပါသည်။
ထို့နောက် အစာချေရာမှာထွက်ပေါ်လာသော ဒြပ်ပစ္စည်းအမျိုးမျိုးကို ဆဲလ်များထဲသို့ရောက်စေပြီး သွေး သို့မဟုတ် လင့်ရည်ထဲသို့ ပြောင်းရွှေ့ဝင်ရောက်စေသည့် “စုပ်ယူခြင်း” လုပ်ငန်းစဉ်သို့ ရောက်သွားပါသည်။
အာဟာရဓာတ်များစုပ်ယူခြင်းကို အဓိကအားဖြင့် အူသိမ်၌ လုပ်ဆောင်ပါသည်။
အူသိမ်သည် စုစုပေါင်းအရှည် 6 မီတာရှိသော အစာချေလမ်းကြောင်းဖြစ်ပြီး အာဟာရအားလုံးနီးပါး စုပ်ယူခြင်းကို လုပ်ဆောင်ပါသည်။
အူသိမ်မှ မြူးကပ်စ်အလွှာသည် အစားအစာများကို စုပ်ယူရန်အတွက် ၎င်း၏မျက်နှာပြင်၌ ကန့်လန့်ဖြတ်အတွန့်အခေါက်များပါရှိပြီး ထိတွေ့မှုဧရိယာ အလွန်ကျယ်ပြန့်သည့် တစ်သျှူးများဖြစ်ပါသည်။
အူမကြီးသည် ခန့်မှန်းခြေအားဖြင့် 1.5 မီတာရှည်သော အစာချေလမ်းကြောင်း၏ အဆုံးရှိ အင်္ဂါတစ်ခုဖြစ်ပါသည်။
အူမကြီး၏ လုပ်ငန်းဆောင်တာမှာ အူသိမ်အတွင်း၌ စုပ်ယူပြီးကျန်ခဲ့သောအရာများကို အူမကြီးထဲသို့ ဖြတ်သန်းစေပြီး ရေဓာတ်ကိုစုပ်ယူကာ ၎င်းတို့ကို မာကြောသောပုံစံအဖြစ်သို့ပြောင်းစေပြီး ဝမ်းအဖြစ် စအိုမှ စွန့်ထုတ်စေခြင်းဖြစ်ပါသည်။ ပုံ6 
ဆီးစွန့်သည့်စနစ်
ကျောက်ကပ်မှ ဆီးပြွန်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ ဆီးလမ်းကြောင်းအဝအထိဖြစ်ပြီး ဆီးအဖြစ်ပြုလုပ်ကာ ၎င်းတို့ကို ခန္ဓာကိုယ်ပြင်ပသို့စွန့်ထုတ်သည့်အင်္ဂါအားလုံးကိုစုစည်းပြီး “ဆီးစွန့်သည့်စနစ်”ဟု ခေါ်ပါသည်။
ကျောက်ကပ်သည် ခန္ဓာကိုယ်အနှံ့မှ စုဆောင်းထားသော သွေးများကို သန့်စင်စေပြီး ဆီးကို ထုတ်ပေးပါသည်။
ဇီဝကမ္မဖြစ်စဉ်လုပ်ဆောင်မှုအမျိုးမျိုး၏ရလဒ်မှထွက်ပေါ်လာသော ခန္ဓာကိုယ်အတွက်မလိုအပ်သည့်ဒြပ်ပစ္စည်းများ တစ်နည်းအားဖြင့် စွန့်ပစ်ရမည့်အရာများကို စွန့်ထုတ်ပြီး လျှပ်လိုက်ပစ္စည်း၊ ဇီဝကမ္မဖြစ်စဉ်အတွက်လိုအပ်သောပစ္စည်းများ၊ ရေဓာတ်တို့အထဲတွင် ခန္ဓာကိုယ်အတွက် လိုအပ်သောအရာများကို ထပ်မံစုပ်ယူပြီး ခန္ဓာကိုယ်၏ တစ်သျှူးအသီးသီးနှင့် ဆဲလ်အသီးသီးတို့ လှုပ်ရှားမှုအလွယ်ဆုံးဖြစ်စေရန်အတွက် အိုင်းယွန်းသိပ်သည်းမှုထိန်းပေးသည့်လုပ်ဆောင်ချက် ပြုလုပ်ပါသည်။
ဆီးအိမ်သည် ဆီးကို သိုလှောင်ပြီး အခါအားလျော်စွာ စွန့်ထုတ်ပါသည်။
၎င်း၏ပုံသဏ္ဍာန်၊ အရွယ်အစားနှင့် နံရံအထူသည် အထဲမှဆီးပမာဏပေါ်မူတည်၍ သိသိသာသာကွဲပြားပါသည်။
ဆီးလမ်းကြောင်းသည် ဆီးကို စွန့်ထုတ်သည့် ပြွန်တစ်ခုဖြစ်သော်လည်း ယောက်ျားလေးများတွင်မူ မျိုးပွားအင်္ဂါ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါသည်။ ပုံ7 
မျိုးပွားမှုစနစ်
မျိုးပွားမှုစနစ်သည် မျိုးဆက်ချန်သည့်လုပ်ဆောင်ချက် (မျိုးပွားခြင်း)ကို လုပ်ဆောင်ပါသည်။
အခြားသော ကိုယ်အင်္ဂါများနှင့် မတူဘဲ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်တာများတွင်လည်း အမျိုးသားနှင့် အမျိုးသမီးများအကြား ကြီးမားသော ကွဲပြားမှုများ ရှိပါသည်။
အမျိုးသားများ၏ မျိုးပွားအင်္ဂါကို လိင်တံ၊ ကပ်ပယ်အိတ်နှင့် ၎င်းအတွင်းရှိ ဝှေးစေ့၊ ဝှေးစေ့အပေါ်၌ကပ်လျက်ရှိသောပြွန်စု၊ သုက်ပို့ပြွန်၊ သုက်လှောင်အိတ်၊ ဆီးကျိတ်တို့ဖြင့် ဖွဲ့စည်းထားပါသည်။
ဝှေးစေ့သည် သုက်ပိုးများထုတ်ပေးသည်နှင့်တစ်ပြိုင်တည်းတွင် ကျားဟော်မုန်းများကို ထုတ်ပေးသည့်လုပ်ဆောင်ချက်ကိုပါ ပြုလုပ်ပါသည်။
သုတ်ပိုးများကို ဝှေးစေ့အပေါ်၌ကပ်လျက်ရှိသောပြွန်စုနှင့် သုက်လှောင်အိတ်တို့တွင် တစ်ပြိုင်နက်တည်း သိုလှောင်ထားပြီး လိင်တံထဲမှ ဖြတ်ထွက်လာသည့် ဆီးလမ်းကြောင်းမှတစ်ဆင့် သုက်များ ထုတ်လွှတ်ပါသည်။
သုက်လှောင်အိတ်နှင့် ဆီးကျိတ်တို့မှ အကျိအချွဲများထုတ်ပေးပြီး သုက်ရည်များလှုပ်ရှားမှုပြုရန်နှင့် ရှင်သန်နိုင်ရန် ကူညီပေးပါသည်။
အမျိုးသမီးများ၏ မျိုးပွားအင်္ဂါကို အမျိုးသမီးအင်္ဂါပြင်ပပိုင်းနှင့် ခန္ဓာကိုယ်အတွင်းပိုင်းရှိ မိန်းမကိုယ်၊ မမျိုးဥအိမ်၊ သားဥပြွန်၊ သားအိမ်တို့ဖြင့် ဖွဲ့စည်းထားပြီး သားဥကြွေခြင်း၊ မျိုးအောင်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ မီးဖွားခြင်းဟူသည့် အထူးလုပ်ဆောင်ချက်များ ပါဝင်ပါသည်။
မမျိုးဥအိမ်သည် မျိုးဥများထုတ်လုပ်ပြီး အမျိုးသမီးဟော်မုန်းများကိုလည်း ထုတ်ပေးပါသည်။
အပျိုဖော်ဝင်စမှ သွေးဆုံးချိန်အထိ နှစ်ပေါင်း 30 ခန့်အတွင်း ကြွေသွားသော မျိုးဥအရေအတွက်မှာ 400 ခန့်ရှိပါသည်။
မျိုးဥကြွေခြင်းစတင်ပြီး ခုရေ 400 ခန့်သော မျိုးဥကြွေခြင်း (ဓမ္မတာလာခြင်း) ပြီးဆုံးသွားပါက သွေးဆုံးခြင်း ဖြစ်ပေါ်ပါသည်။
သားအိမ်သည် ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားကြီးထွားဖွံ့ဖြိုးသည့် နေရာဖြစ်ပါသည်။ ပုံ8 
ဟော်မုန်းများသည် ခန္ဓာကိုယ်ကို ထိန်းသိမ်းမှု၊ ကြီးထွားဖွံ့ဖြိုးမှုနှင့် ဇီဝကမ္မဖြစ်စဉ်စသည်တို့လုပ်ဆောင်ရာ၌ လွယ်ကူချောမွေ့စေသည့် အထူးဓာတုဒြပ်ပစ္စည်းများဖြစ်ပြီး ဟော်မုန်းအမျိုးအစား 40 ကျော်အထိ ရှိပါသည်။
ဟော်မုန်းများကို အင်ဒိုခရိုင်းဂလင်းများမှထုတ်လုပ်ပြီး သွေးကြောများနှင့် လင့်ကြောများထဲသို့ တိုက်ရိုက် ထုတ်ပေးပါသည်။
အင်ဒိုခရိုင်းဂလင်း အမျိုးမျိုးရှိပြီး အားလုံးစုပေါင်းကာ “အင်ဒိုခရိုင်းစနစ် (ဟော်မုန်းစနစ်)”ဟု ခေါ်ပါသည်။
အဓိကကျသော အင်ဒိုခရိုင်းဂလင်းနှင့် ၎င်းတို့မှထွက်သော ဟော်မုန်းများကို ညာဘက်တွင်ဖော်ပြထားပါသည်။
ပီကျူထရီဂလင်း (pituitary gland)
ခန္ဓာကိုယ်အတွင်း၌ လွှမ်းမိုးနိုင်စွမ်းအကောင်းဆုံးဖြစ်သည့် အင်ဒိုခရိုင်းဂလင်း။
ခန္ဓာကိုယ်ကြီးထွားမှုကိုမြှင့်တင်ပေးသည့် ကြီးထွားဟော်မုန်း၊ ဆီးပမာဏကိုထိန်းညှိပေးသည့် ဆီးပမာဏနည်းစေသောဟော်မုန်းတို့အပြင် အခြားအင်ဒိုခရိုင်းဂလင်းများမှ ဟော်မုန်းထုတ်ပေးခြင်းကို ထိန်းညှိပေးသောဟော်မုန်းဖြစ်သည့် သိုင်းရွိုဒ်ဂလင်းအား လှုံ့ဆော်အားပေးသောဟော်မုန်း၊ မျိုးဥအိမ်များအပေါ် လှုံ့ဆော်မှုပေးသည့်ဟော်မုန်း၊ အက်ဒွီနယ်ဂလင်းအား လှုံ့ဆော်အားပေးသောဟော်မုန်းစသည်တို့ကို ထုတ်ပေးပါသည်။
ပါရာသိုင်းရွိုဒ်ဂလင်း (parathyroid gland)
ကယ်လ်စီယမ်၏ ဇီဝကမ္မဖြစ်ပျက်မှုကို ထိန်းညှိပေးသည့် ပါရာသိုင်းရွိုဒ်ဂလင်းမှထွက်သော ဟော်မုန်း(parathormone)ကို ထုတ်ပေးပါသည်။
သိုင်းရွိုဒ်ဂလင်း
ဒြပ်ဝတ္ထုများ၏ ဇီဝဖြစ်ပျက်မှုများကို မြှင့်တင်ပေးသည့် သိုင်းရွိုဒ်ဂလင်းမှထွက်သောဟော်မုန်းများ ထုတ်ပေးပါသည်။
သိုင်းမတ်ဂလင်း (thymus gland/လည်ပင်းအောက်ခြေနှင့် နှလုံးပေါ်၊ နှလုံးရှေ့တို့၌ တည်ရှိသည်)
မမျိုးဥအိမ် သို့မဟုတ် ဝှေးစေ့၏ ကြီးထွားမှုကိုလှုံ့ဆော်ပေးသောဟော်မုန်းများ ထုတ်ပေးပါသည်။
အက်ဒွီနယ်ဂလင်း (adrenal gland/ကျောက်ကပ်၏အပေါ်၌ကပ်လျက်တည်ရှိသော အိတ်ငယ်)
အီလက်ထရိုလိုက်များ၏ ဇီဝဖြစ်ပျက်မှုနှင့်သက်ဆိုင်သော ဟော်မုန်း၊ ကာဘိုဟိုက်ဒရိတ်၏ ဇီဝဖြစ်ပျက်မှုနှင့်သက်ဆိုင်သော ဟော်မုန်း၊ အမျိုးသားဟော်မုန်းတို့အပေါ် လုပ်ဆောင်သောဟော်မုန်း၊ sympathetic အာရုံကြောကို လှုံ့ဆော်မှုပြုလုပ်သော အက်ဒွီနယ်လင်နှင့် နော်အက်ဒွီနယ်လင်တို့ကို ထုတ်ပေးပါသည်။
ပန်ကရိယ
သွေးတွင်းသကြားဓာတ်ကို ထိန်းပေးသည့် အင်ဆူလင်နှင့် ဆန့်ကျင်ဘက်အားဖြင့် သကြားဓာတ်ကို မြင့်တက်စေသည့် ဂလူကာဂွန်တို့ကို ထုတ်ပေးပါသည်။
မမျိုးဥအိမ်
အမျိုးသမီးဟော်မုန်းဖြစ်သည့် မျိုးဥအိမ်ဟော်မုန်းနှင့် ပရိုဂျက်စတီရုန်းဟော်မုန်းတို့ကို ထုတ်ပေးပါသည်။
မျိုးဥအိမ်ဟော်မုန်းများသည် အပျိုဖော်ဝင်စကာလတွင် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ဖြစ်ပေါ်စေသည့်အပြင် သားအိမ်၏ မြူးကပ်စ်အလွှာတိုးပွားမှုကို မြှင့်တင်ပေးပြီး သားအိမ်၏ကျုံ့နိုင်စွမ်းကို မြင့်တက်စေပါသည်။
ပရိုဂျက်စတီရုန်းဟော်မုန်းသည် သားအိမ်၏ မြူးကပ်စ်အလွှာကို ထူထဲစေပြီး ဟော်မုန်းထွက်ရှိမှုကို မြှင့်တင်ပေးသည့်အပြင် ကိုယ်ဝန်ဖြစ်စေရန် ထိန်းသိမ်းပေးပါသည်။
ဝှေးစေ့
အမျိုးသားဟော်မုန်းဖြစ်သည့် တက်စတိုစတီရုန်းကို ထုတ်ပေးပါသည်။
တက်စတိုစတီရုန်းသည် လိင်အင်္ဂါကြီးထွားဖွံ့ဖြိုးစေခြင်း၊ အသံဩလာစေခြင်း၊ လိင်စိတ်ဖြစ်ပေါ်စေခြင်း၊ သုက်ပိုးဖြစ်စေခြင်းစသည့် လုပ်ဆောင်ချက်များရှိပါသည်။ ပုံ9 
အာရုံခံအင်္ဂါဆိုသည်မှာ ခန္ဓာကိုယ်အတွင်းနှင့်အပြင်ဘက်တို့၌ ဖြစ်ပေါ်သော လှုံ့ဆော်မှုများကို လက်ခံနိုင်သည့် အင်္ဂါများဖြစ်ပြီး အာရုံသိမှုနှင့်ဆိုင်သောအာရုံကြောများ၏အဆုံးပိုင်များ အရေအတွက်များစွာ စုဝေးလျက်ရှိပါသည်။
၎င်းနေရာများ၌ လက်ခံရရှိလာသောလှုံ့ဆော်မှုများသည် အာရုံကြောအဖွဲ့၏ပြင်ပပိုင်းမှတစ်ဆင့် ဦးနှောက်ကြီးထံသို့ ပေးပို့ခံလိုက်ရခြင်းအားဖြင့် ပြင်ပကမ္ဘာနှင့် ခန္ဓာကိုယ်အတွင်းမှ အဖြစ်အပျက်များ၊ မူမမှန်မူများကို ကျွန်ုပ်တို့ စတင်သိနိုင်လာရပါသည်။
တစ်နည်းအားဖြင့် “အာရုံငါးပါး”ဟုလည်း ခေါ်ကြပါသည်။
အမြင်အာရုံခံအင်္ဂါ (မျက်လုံး)၊ အကြားအာရုံနှင့် ဟန်ချက်ထိန်းညှိပေးသော အာရုံခံအင်္ဂါ (နား)၊ အနံ့အာရုံခံအင်္ဂါ (နှာခေါင်း)၊ အရသာ အာရုံခံအင်္ဂါ (လျှာ)၊ အရေပြား အာရုံခံအင်္ဂါ စသည်တို့ရှိသော်လည်း ဤအပိုင်းတွင် နား၊ နှာခေါင်း၊ လျှာ (ခံတွင်း)တို့နှင့်ပတ်သက်ပြီး ဖော်ပြသွားပါမည်။
နား
အပြင်နား၊ အလယ်နားနှင့် အတွင်းနားဟူ၍ အပိုင်း သုံးခုဖြင့် ဖွဲ့စည်းထားပါသည်။
နားတွင် “နားထောင်ရန်”အတွက် အကြားအာရုံခံစနစ်လုပ်ဆောင်ချက်နှင့် လှုပ်ရှားမှုပြုချိန်၌ “ခန္ဓာကိုယ်ဟန်ချက်ထိန်းပေးရန်”အတွက် ဟန်ချက်ထိန်းစနစ်ဟူ၍ လုပ်ဆောင်ချက်နှစ်မျိုး ရှိပါသည်။ ပုံ10 
နှာခေါင်း
အပြင်နှာခေါင်းနှင့် နှာခေါင်းအတွင်းလမ်းကြောင်းဖြင့် ဖွဲ့စည်းထားပါသည်။
အပြင်နှာခေါင်းဆိုသည်မှာ ယေဘုယျအားဖြင့် “နှာခေါင်း”ဟုခေါ်ကြသည့် ပြင်ပမှမြင်နေရသောအစိတ်အပိုင်းကို ရည်ညွှန်းပါသည်။
နှာခေါင်းအတွင်းလမ်းကြောင်းဆိုသည်မှာ အပြင်နှာခေါင်း၏အဝ(နှာခေါင်းဝ)မှ နှာခေါင်းနောက်ဖက်အဝရောက်သည်အထိ နေရာလွတ်ကို ရည်ညွှန်းပြီး နှာခေါင်းအကန့်ဟုခေါ်သော နံရံဖြင့် ဘယ်ညာပိုင်းခြားထားပါသည်။
နှာခေါင်းသည် အနံ့များကိုအာရုံခံနိုင်သည် အာရုံခံအင်္ဂါအဖြစ်လုပ်ဆောင်ခြင်းနှင့်အတူ လေထုထဲ၌ပါလာသော ဖုန်မှုန့်များ၊ မသက်ဆိုင်သောအရာများကို ဖယ်ရှားပစ်ပြီး လေထုကိုပူနွေးစေကာ စိုထိုင်းဆရှိစေသည့် အသက်ရှူအင်္ဂါအဖြစ်လည်း လုပ်ဆောင်ပါသည်။ ပုံ11 
လျှာ (ခံတွင်း)
ခံတွင်းကို သွားဖုံး၊ ခံတွင်းအောက်ခြေ၊ လျှာ၊ အာခေါင်မိုးတို့ဖြင့် ဖွဲ့စည်းထားပြီး မျက်နှာပြင်ကို မြူးကပ်စ်အလွှာဖြင့် ဖုံးအုပ်ထားပါသည်။
အရသာအာရုံကို လျှာ၊ ခံတွင်းရှိမြူးကပ်စ်အလွှာ၊ လည်ချောင်း၊ အသံအိုးစသည်တို့အား ဓာတုဗေဒဆိုင်ရာ လှုံ့ဆော်မှုပေးလိုက်ပါက အာရုံခံစားသိနိုင်သော်လည်း အဓိကအားဖြင့် အာရုံခံစားသိနိုင်သည့်အပိုင်းမှာ လျှာ၌ရှိသော အရသာခံဖုဟုခေါ်သည့် အင်္ဂါများဖြစ်ပါသည်။
လျှာသည် ခန္ဓာကိုယ်ထဲတွင် အလှုပ်ရှားဆုံးကြွက်သားဟု ဆိုကြပါသည်။
လျှာသည် သွားဖြင့်အကိုက်မခံရစေရန် ဟိုသည်ရွေ့လျားပြီး အစားအစာများကို ရောနှောပေးပါသည်။ ပုံ12 