ဇယား 1-1-2 ခန္ဓာကိုယ်လှုပ်ရှားမှုအဆင့်အလိုက်ရှုမြင်သော လှုပ်ရှားမှုအကြောင်းအရာနှင့် လှုပ်ရှားမှုပြုသည့်ကြာချိန်တို့ကို ကိုယ်စားပြုသောဥပမာများ (အသက် 15 ~ 69 နှစ်)

ကိုယ်လက်လှုပ်ရှားမှုအဆင့် နိမ့်သော (I)  ပုံမှန် (II)  မြင့်သော (II) 
1.50(1.40~1.60) 1.75(1.60~1.90) 2.00(1.90~2.20)
နေ့စဉ်ဘဝ၏အကြောင်းအရာများ  နေထိုင်မှုဘဝ၏အများစုမှာ ထိုင်နေရသည်ကများပြီး အဓိကအားဖြင့် ငြိမ်ငြိမ်သာနေရပါက  အဓိကအားဖြင့် ထိုင်ပြီးလုပ်ရသောအလုပ်ဖြစ်သော်လည်း လုပ်ငန်းခွင်အတွင်း လှုပ်ရှားသွားလာရခြင်း၊ မတ်တပ်ရပ်ပြီး အလုပ်လုပ်ရခြင်း၊ ဧည့်သည်ဝန်ဆောင်မှုပေးရခြင်းစသည်တို့ သို့မဟုတ် အလုပ်သွားအလုပ်ပြန်ခြင်း၊ ‌ဈေးဝယ်ခြင်း၊ အိမ်အလုပ်လုပ်ရခြင်း၊ ပေါ့ပါးသောအားကစားများ လုပ်ဆောင်ခြင်းတို့ထဲမှ တစ်ခုခု ပါဝင်သည့်အခါ  လှုပ်ရှားသွားလာရသော၊ မတ်တပ်ရပ်ရခြင်းများသောအလုပ်များတွင် လုပ်ကိုင်နေသူများ။ သို့မဟုတ် အားကစားလုပ်ခြင်းအစရှိသဖြင့် အားလပ်ချိန်များတွင် တက်ကြွစွာကိုယ်လက်လှုပ်ရှားမှုပြုသည့်အလေ့အထရှိပါက 
တစ်ဦးချင်းစီ၏ လှုပ်ရှားမှုများကို အမျိုးအစားများ (နာရီ/တစ်ရက်)  အိပ်စက်မှု (0.9) 7~8 7~8 7
ထိုင်လျက်ပုံစံ သို့မဟုတ် မတ်တပ်ရပ်လျက်ပုံစံဖြင့် ငြိမ်ငြိမ်လုပ်ရသော လှုပ်ရှားမှု (1.5:1.0~1.9) 12~13 11~12 10
လမ်းလျှောက်ခြင်းနှင့် အိမ်မှုကိစ္စတို့ကဲ့သို့သော ပြင်းပြင်းထန်ထန်မဟုတ်သည့် လှုပ်ရှားမှုများ (2.5:2.0~2.9) 3~4 4 4~5
အချိန်ကြာမြင့်စွာဆက်တိုက်လုပ်ဆောင်နိုင်သော ကိုယ်လက်လှုပ်ရှားမှု၊ လုပ်အားစသည့် ပြင်းထန်မှုအဆင့် အလယ်အလတ်ရှိသော လှုပ်ရှားမှု (ပုံမှန်လမ်းလျှောက်ခြင်းအပါအဝင်) (4.5 3.0 - 5.9) 0~1 1 1~2
မကြာခဏ အနားယူရန် လိုအပ်သော ကိုယ်လက်လှုပ်ရှားမှုနှင့် လုပ်အားတို့ကဲ့သို့သော ပြင်းထန်မှုအဆင့်မြင့်မားသည့် လှုပ်ရှားမှုများ (7.0:6.0 နှင့်အထက်)  0 0 0~1