ဇယား 2-4 ဝမ်းမချုပ်အောင် ကာကွယ်ခြင်း

ဝမ်းသွားသည့်အလေ့အထ ရှိစေခြင်း ① နေ့စဥ် သတ်မှတ်ထားသောအချိန်တစ်ခုတွင် ဝမ်းသွားအောင်ကြိုးစားကြည့်ရပါမည် အထူးသဖြင့် အစာအိမ်နှင့်အူမကြီးလှုပ်ရှားမှုဖြစ်လွယ်သော မနက်စာစားပြီးနောက်တွင် ထိ‌ရောက်ပါသည်
② ဝမ်းသွားချင်စိတ်ကို ချုပ်တည်းမထားရပါ (ဝမ်းသွားမည့်အချိန်တစ်ခုထားခြင်း)
အစားအသောက်ကုထုံး ① ရေဓာတ်လုံလောက်စွာဖြည့်တင်းခြင်း (ရေအေးနှင့် နွားနို့တို့သည် အစာအိမ်နှင့် အူမကြီးတို့ လှုပ်ရှားမှုရှိစေရန်ထိရောက်မှုရှိပါသည်)
② အာဟာရဓာတ်မျှတမှုကောင်းစွာ စားသောက်ခြင်း
③ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ စားသုံးခြင်း (ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပင်လယ်ရေမှော်၊ မြေအောက်၌ပေါက်သောဥ စသည်)
④ အဆီများသောအစားအစာများ စားသုံးခြင်း
လေ့ကျင့်ခန်းကုထုံး ① ဝမ်းဗိုက်ကို နှိပ်နယ်ခြင်း (အပေါ်တက် → အလျားလိုက် → အောက်ဆင်းပြီးလိုင်းဆုံးသည်အထိ “の” ပုံသဏ္ဌာန်ဆွဲခြင်း)
② ဝမ်းဗိုက်ကြွက်သားများကို သန်မာစေသော လေ့ကျင့်ခန်းများ
③ ကိုယ်တိုင်အားဖြင့်၊ ပြင်ပမှ သက်ရောက်မှုအားဖြင့် တစ်ကိုယ်လုံး လှုပ်ရှားမှု လေ့ကျင့်ခန်း ပြုလုပ်ခြင််း
အခြား ① စိတ်ဖိစီးမှု ဖြေလျှော့ခြင်း
② စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများကို လျှော့ချခြင်း