ဇယား 6-3 သွေးခုန်နှုန်းကို တိုးစေသောအချက်များ

● တိုင်းတာခံရသူ၏ အနေအထား (လဲလျောင်းနေသော အနေအထားတွင် 65 ရှိသူသည် ထိုင်နေသောအနေအထားတွင် 70 ၊ ခြေချထိုင်သောအနေအထားတွင် 75 နှင့် မတ်တပ်ရပ်သောအနေအထားတွင် 80 ခန့်အထိ တိုးလာပါသည်)
● လေ့ကျင့်ခန်းလုပ်နေစဉ်နှင့် လုပ်ပြီးပြီးချင်း
● အစာစားပြီးနောက်
● ရေချိုးပြီးနောက်
● နာကျင်မှုဖြစ်သည့်အခါ
● အရက်၊ ရေနွေးကြမ်း၊ ကော်ဖီသောက်သည့်အခါ
● စိတ်ခံစားမှု၊ စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်လှုပ်ရှားမှု ခံစားရသည့်အခါ