| အမှုန့် | ・ဆေးပြား/ဆေးတောင့်များထက် စုပ်ယူမှု ပိုမြန်ပြီး ပိုထိရောက်ပါသည်။ ・အဖိုးအဖွားများနှင့် ကလေးများအတွက် ဆေးပြားများနှင့် ဆေးတောင့်များထက် မျိုချရလွယ်ကူပါသည်။ |
|---|---|
| ဆေးမှုန့်ထုပ် | ・ဆေးမှုန့်ထုပ်ပုံစံ ဖန်တီးထားသောကြောင့် သောက်ရလွယ်ပြီး ပါးစပ်ထဲနှင့် ထုပ်ပိုးထားသည့်အခွံတို့၌ ကပ်နေခြင်းမရှိပါ။ ・အစာအိမ်ကိုထိခိုက်မှု နည်းပါးစေပါသည်။ |
| ဆေးတောင့်/ဆေးပြား | ・တိကျသောဆေးပမာဏဖြင့်သောက်နိုင်ပြီး သယ်ဆောင်ရလွယ်ကူပါသည်။ ・coating (မျက်နှာပြင်ပေါ်တွင် အလွှာအုပ်ထားခြင်း) လုပ်ထားခြင်းကြောင့် အလွယ်တကူ ပျော်ဝင်မှုကို ထိန်းချုပ်နိုင်ပါသည် (အစာအိမ်အတွင်း မပျော်ဝင်ဘဲ အူအတွင်းပျော်ဝင်သော ပိုးသတ်ဆေးပြားများ၊ လုပ်ဆောင်ချက်ကြာရှည်စွာ ထုတ်လွှတ်သော ဆေးပြားများ) ・မဝါးဘဲ သောက်ပါ။ |
| ဆေးရည် | ・ပုလင်းကို ပါးစပ်ဖြင့် တိုက်ရိုက်ထိ၍ မသောက်ပါနှင့် (ဘက်တီးရီးယားပိုးကြောင့် ညစ်ညမ်းစေခြင်းကို တားဆီးရန်)။ ・အနည်ထိုင်နေတတ်သောကြောင့် မသောက်မီ ညင်သာစွာ လှုပ်ပေးပါ။ |
| လျှာအောက်ငုံဆေး | ・အသိများသောဥပမာတစ်ခုမှာ နှလုံးအလယ်ပိုင်းအောင့်သည့်ရောဂါကိုကုသရန်အသုံးပြုသောဆေးဖြစ်သည့် nitrochrycerin ဆေးဖြစ်ပါသည်။ ・လျှာအောက်ငုံဆေးကို လျှာအောက်တွင် ထားကာ ပါးစပ်အတွင်းမှ အကျိအချွဲများနှင့် လျှာအောက်ရှိ များပြားသော သွေးကြောများမှတဆင့် လျင်မြန်စွာ စုပ်ယူနိုင်ကာ ထိရောက်မှုကို ဖြစ်ပေါ်စေပါသည်။ |
| ငုံဆေး | ・ခံတွင်းအတွင်း တဖြည်းဖြည်းပျော်ဝင်ပြီး ခံတွင်းနှင့်လည်ချောင်းရောင်ရမ်းခြင်းကို နှိမ်နင်းရန်နှင့် ပိုးသတ်ရန်အသုံးပြုသောဆေးများ။ ・မျိုချခြင်း သို့မဟုတ် ဝါးခြင်းမပြုဘဲ ဖြည်းဖြည်းချင်း စုပ်ပါ။ |
| စအိုထည့်ဆေး | ・ အစာခြေလမ်းကြောင်းကို မဖြတ်သန်းသည့်အတွက် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ထိခိုက်မှုမဖြစ်စေပါ။ ・စအိုကို ပျက်စီးစေနိုင်သည့်အတွက် အတင်းအကြပ် မထည့်မိအောင် သတိထားပါ။ စအိုထည့်ဆေး၏ မျက်နှာပြင်ကို ဗက်ဆယ်လိုင်း စသည်တို့ဖြင့် သုတ်ပြီး ချွန်သည့်ဘက်မှထည့်ပါ။ ・ထည့်သွင်းပြီးနောက် ဝမ်းသွားခြင်းကို ခဏကြာအောင် ထိန်းထားပါ။ |
| မျက်စဉ်း | ・မျက်စဉ်းများကို ခတ်သည့်အခါ မျက်လုံး သို့မဟုတ် မျက်ခွံနှင့် မထိမိစေရန် သတိထားပါ။ (ဘက်တီးရီးယားပိုးမွှားများ စသည်တို့ကို ကာကွယ်ရန်)။ ・တစ်စက်ဖြင့် လုံလောက်ပါသည်။ နှာခေါင်းနှင့် လည်ချောင်းထဲသို့ စိမ့်ဝင်နိုင်ပြီး ပါးစပ်အတွင်းသို့ အဆုံးထိဝင်နိုင်သောကြောင့် အလွန်အကျွံမသုံးမိစေရန် သတိထားပါ။ |
| လိမ်းဆေး | • အားစိုက်ပြီး မပွတ်ဘဲ အရေပြားကို တတ်နိုင်သရွေ့ လှုံ့ဆော်မှုမဖြစ်စေရန် အသာအယာ လိမ်းပါ။ |