ဇယား 9-3 ပြင်ပဆေးဝါးအမျိုးအစားများနှင့် သက်ဆိုင်ရာရောဂါများ

အမျိုးအစားများ သင့်လျော်သောရောဂါများ
စတီးရွိုဒ်လိမ်းဆေးများ ① အယားဖုပေါက်ခြင်း၊ ထိတွေ့မှုကြောင့် အရေပြားရောင်ရမ်းခြင်း (အသားလောင်ခြင်း)၊ နှင်းခူဖြစ်ခြင်း ② အင်းဆက်အကိုက်ခံရခြင်း ③ ဝဲဖြစ်ခြင်း ④ အရေပြားခြောက်ပြီးအနာဖြစ်ခြင်း ⑤ ဆံပင်အကွက်လိုက်ကျွတ်ခြင်း ⑥ အပူလောင်ခြင်း စသည်
စတီးရွိုဒ်မဟုတ်သော အရောင်ကျလိမ်းဆေးများ ① အယားဖုပေါက်ခြင်း၊ ထိတွေ့မှုကြောင့် အရေပြားရောင်ရမ်းခြင်း (အသားလောင်ခြင်း)၊ နှင်းခူဖြစ်ခြင်း ② အရည်ကြည်ဖုပေါက်ခြင်း၊ ရေယုန်ပေါက်ခြင်းစသည်ဖြင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့်အနာရောဂါ ③ အပူလောင်ခြင်း ④ အိပ်ရာနာ စသည်
လိမ်းဆေး ပဋိဇီဝဆေးများ ① ဘက်တီးရီးယားပိုးဝင်ခြင်းများဖြစ်သော အနာပေါက်ခြင်း (ပြည်ဖု)၊ မွေးညင်းပေါက်အနာဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်း ② ဝက်ခြံကြောင့်ယားယံခြင်း ③ အပူလောင်ခြင်း ④ ပွန်းပဲ့ခြင်း စသည်
မှိုသတ်ဆေးလိမ်းဆေး ① Ringworm (ရေဝဲစားခြင်း၊ ယားနာဖြစ်ခြင်း) ② Candidiasis စသည်တို့
အခြားလိမ်းဆေးများ
a ယူရီးယားလိမ်းဆေး
b ဆာလဖာပါသောလိမ်းဆေး

① အသက်ကြီးသူများ၌ဖြစ်တတ်သော အသားခြောက်သည့်ရောဂါ
② နှင်းခူဖြစ်ခြင်း စသည်① Acne vulgaris (ဝက်ခြံ) ② Scabies (ပိုးမွှား)