ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် အသက်ကိုထိန်းသိမ်းရန်အတွက် အသက်ရှူပြီး နှလုံးထဲမှသွေးများကို တစ်ကိုယ်လုံးသို့ပို့ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးအား ထိရောက်သော လုပ်ဆောင်ချက်များ ပြုနိုင်စေရန်အတွက် ကိုယ်အပူချိန်ကို တစ်သမတ််တည်း ရှိစေခြင်းတို့ လိုအပ်ပါသည်။
ကျွန်ုပ်တို့သည် ဤကဲ့သို့သော ခန္ဓာကိုယ်၏ လုပ်ဆောင်မှုအခြေအနေကို ခန္ဓာကိုယ်မှ ထုတ်ပေးသော လက္ခဏာအမျိုးမျိုးမှတစ်ဆင့် သိရှိနိုင်ပါသည်။
ဤ “ကိုယ်ခန္ဓာ အသက်ရှင်နေကြောင်း လက္ခဏာများ”ကို Vital signs ဟုခေါ်ပါသည်။
Vital signs ဆိုသည်မှာ ယေဘုယျအားဖြင့် “ခန္ဓာကိုယ်အပူချိန်၊ အသက်ရှူခြင်း၊ သွေးခုန်နှုန်း၊ သွေးပေါင်ချိန်နှင့် အသိစိတ်”တို့ကို ရည်ညွှန်းပါသည်။
ဤလက္ခဏာများသည် ခန္ဓာကိုယ်တွင်း တစ်ခုခု မှားယွင်းသွားပြီး ရောဂါလက္ခဏာများ ပေါ်လာသောအခါတွင် အဆိုပါ လက္ခဏာများ ပြောင်းလဲသွားပါသည်။
Vital signs ကို မှန်ကန်စွာ စောင့်ကြည့်စစ်ဆေးနိုင်သည့်ပညာ တတ်အောင်လုပ်ထားခြင်းအားဖြင့် အဖိုးအဖွားများ၏ ရုပ်ပိုင်းဆိုင်ရာ မူမမှန်မှုများကို အစောပိုင်းအဆင့်တွင် သိရှိနိုင်ရန် ကူညီပေးနိုင်ပါသည်။
ကျွန်ုပ်တို့သည် အအေးမိသည့်အခါစသည်တို့တွင် နှဖူးပေါ်သို့လက်တင်ပြီး အဖျားရှိမရှိစစ်ဆေးသော်လည်း ခန္ဓာကိုယ်အပူချိန် တိုင်းတာခြင်းကို ကျန်းမာရေးစစ်ဆေးသည့်နည်းလမ်းတစ်ခုအဖြစ် နေ့စဉ် အများဆုံးသုံးလေ့ရှိကြသည်မဟုတ်ပါလား။
ဤအပိုင်းတွင် ခန္ဓာကိုယ်အပူချိန်ထိန်းညှိခြင်း ယန္တရား၊ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာနည်း၊ ခန္ဓာကိုယ်အပူချိန်ကို စောင့်ကြည့်ခြင်းနှင့် အဖျားတက်သည့်အခါ တုံ့ပြန်လုပ်ဆောင်ပေးနည်းကို ဖော်ပြထားပါသည်။
ခန္ဓာကိုယ် အခြေအနေကို သိမြင်နိုင်ရန်အတွက် ခန္ဓာကိုယ်အပူချိန်မှန်ကန်စွာ တိုင်းတာနည်း တတ်မြောက်ထားရန် အရေးကြီးပါသည်။
တိကျသောအချက်အလက်ပေါ်မူတည်ပြီး ချက်ခြင်းတုံ့ပြန်ဆောင်ရွက်ပေးရန် စဉ်းစားနိုင်မည်ဖြစ်ကာ အဖိုးအဖွားများ၏ ဘေးကင်းမှုကို ထိန်းသိမ်းပေးရာလည်းရောက်ပါသည်။
ခန္ဓာကိုယ်အပူချိန်သည် ခန္ဓာကိုယ်တွင်း အပူချိန်ကို ရည်ညွှန်းပြီး ခန္ဓာကိုယ်တွင်း အပူချိန်သည် အစိတ်အပိုင်းပေါ်မူတည်၍ အမျိုးမျိုးကွဲပြားပါသည်။
သီအိုရီအရ သွေးလွှတ်ကြောမ၏ထွက်ပေါက်ရှိသွေး၏အပူချိန်သည် ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီး၏ အပူချိန်စုစုပေါင်းနှင့် ကိုက်ညီသည်ဟု ယူဆကြပါသည်။
အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်တွင်းရှိ ဇီဝြဖစ်ပျက်မှုမှ ထုတ်ပေးသော အပူသည် သွေးမှတဆင့် ခန္ဓာကိုယ် နေရာလပ်မကျန် ကူးစက်ပြီး ခန္ဓာကိုယ် အပူချိန် ဖြစ်လာခြင်းကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့သည် များသောအားဖြင့် ချိုင်း(လက်မောင်းအောက်)နှင့် ခံတွင်း၊ ဝမ်းအိမ်တို့၏ အပူချိန်ကို တိုင်းတာခြင်းအားဖြင့် အဆိုပါတန်ဖိုးကို ခန္ဓာကိုယ်အပူချိန်ဟု ခေါ်ပါသည်။
လူသားများသည် သွေးနွေးသတ္တဝါများဖြစ်ပြီး ပတ်ဝန်းကျင်ပြောင်းလဲသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်အပူချိန်ကို တသမတ်တည်း ထိန်းထားပေးသည့် လုပ်ဆောင်ချက်များ ပါဝင်ပါသည်။
ဤတသမတ်တည်း အပူချိန်အောက်တွင် အင်ဇိုင်းများ အလုပ်လုပ်ပြီး ချောမွေ့သော ဇီဝဖြစ်ပျက်မှုများ ဖြစ်ပေါ်လာပါသည်။
ဤအပိုင်းကို ထိန်းချုပ်သည့်စင်တာမှာ ဦးနှောက်၏ ဟိုက်ပိုသားလမတ်စ်၌ရှိသော ခန္ဓာကိုယ်အပူချိန်ထိန်းညှိခြင်းဆိုင်ရာအာရုံကြောကလပ်စည်းများအစုအဖွဲ့ဖြစ်ပြီး ကိုယ်အပူချိန်ဖြစ်ပေါ်စေခြင်းနှင့် ထုတ်လွှတ်ခြင်းတို့ မျှခြေရှိစေရန် ထိန်းပေးပါသည် (ပုံ 1)
။
ခန္ဓာကိုယ်အပူချိန်ထုတ်လုပ်ရာတွင် အခြေခံဇီဝဖြစ်စဉ်များ၊ ကြွက်သားလှုပ်ရှားမှုများ၊ သိုင်းရွိုဒ်ဂလင်းဟော်မုန်းများ ပါဝင်ပါသည်။
အခြားတစ်ဖက်တွင် ခန္ဓာကိုယ်တွင်းရှိ အပူသည် ခန္ဓာကိုယ်အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး ၎င်းကို “ဖြာထွက်ခြင်း၊ ကူးပြောင်းခြင်း၊ စီးကူးခြင်း၊ အငွေ့ပျံခြင်း”ဟူသော ရုပ်ပိုင်းဆိုင်ရာ ယန္တရားများမှတစ်ဆင့် လုပ်ဆောင်ပါသည် (ပုံ 2)
။
ဖြာထွက်ခြင်းဆိုသည်မှာ ဥပမာအားဖြင့် ခန္ဓာကိုယ်အပူချိန်သည် ပတ်ဝန်းကျင်နံရံများ၏ အပူချိန်ထက် မြင့်မားနေသောအခါတွင် ခန္ဓာကိုယ်အပူသည် နံရံဆီသို့ ဦးတည်ပြီး ထွက်သွားသည့် အခြေအနေ (ခန္ဓာကိုယ်အပူချိန် နိမ့်နေသောအခါ ဆန့်ကျင်ဘက်ဖြစ်ပါမည်) ကို ဆိုလိုပါသည်။
ကူးပြောင်းခြင်းဆိုသည်မှာ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် လေထုအပူချိန်သည် ခန္ဓာကိုယ် အပူချိန်ထက် နိမ့်နေပါက ခန္ဓာကိုယ်မှအပူများသည် ခန္ဓာကိုယ်မျက်နှာပြင်မှ လေထဲသို့ တိုက်ရိုက် စီးဆင်းသည့် အခြေအနေ ဖြစ်ပါသည်။
စီးကူးခြင်းဆိုသည်မှာ ခန္ဓာကိုယ်အပူချိန်ကြောင့် ပူလာသောလေထုသည် အပေါ်သို့တက်သွားပြီး ခန္ဓာကိုယ်ပတ်လည်မှ အောက်ဘက်ရှိလေထု အေးလာသည့် အခြေအနေဖြစ်ပါသည်။
ထို့အပြင် ပူပြင်းသောနေ့များတွင် ချွေးထွက်ခြင်းနှင့် အငွေ့ပျံခြင်းကြောင့် အပူများ ထုတ်လွှတ်ပါသည်။
ခန္ဓာကိုယ် အပူချိန်ထုတ်လွှတ်ခြင်းကို အရေပြား၏90% ခန့်မှ လုပ်ဆောင်ပြီး အရေပြားသည် အရေးအကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်ပါသည်။
အခြေခံဇီဝကမ္မဖြစ်စဉ်ဆိုသည်မှာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းခြင်း၊ အသက်ရှူခြင််းနှင့် သွေးလည်ပတ်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများ၊ ကျောက်ကပ်အတွင်း ဆီးထုတ်လုပ်မှု၊ ဗဟိုအာရုံကြောစနစ် လုပ်ဆောင်မှုနှင့် အနည်းငယ်မျှသော တင်းမာမှုတို့ ကဲ့သို့သော အသက်ကို ထိန်းသိမ်းရန် လိုအပ်သော စွမ်းအင်ဇီဝဖြစ်ပျက်မှုကို ရည်ညွှန်းပါသည်။
ဇီဝဖြစ်ပျက်မှုသည် သက်ရှိများအတွင်း ဖြစ်ပေါ်သော ဓာတုတုံ့ပြန်မှုများအတွက် ယေဘုယျဝေါဟာရဖြစ်ပါသည်။
ဇီဝဖြစ်ပျက်မှုပေါ်မူတည်ပြီး မိမိ၏ ဇီဝကိုထိန်းသိမ်းခြင်းနှင့် အသက်ရှင်သန်ရန်လှုပ်ရှားမှုပြုခြင်းတို့ပြုရာ၌ လိုအပ်သောစွမ်းအင်နှင့် ဒြပ်ပစ္စည်းတို့ကို ထုတ်ပေးပါသည်။
အီလက်ထရွန်နစ်သာမိုမီတာများကို ယခုအခါတွင် ပြဒါးသာမိုမီတာများအစား အသုံးများလာပါသည်။
အီလက်ထရွန်နစ်သာမိုမီတာများတွင် ချိုင်းတိုင်းသည့်သာမိုမီတာနှင့် နားတိုင်းသည့်သာမိုမီတာတို့ ရှိပါသည်(ပုံ3)
။
ယေဘုယျအားဖြင့် တုတ်ချောင်းပုံသဏ္ဌာန် အီလက်ထရွန်နစ်သာမိုမီတာအများစုသည် ကြိုတင်ခန့်မှန်းသည့်အမျိုးအစားဖြစ်သည်။
အပူပေါ်မူတည်ပြီး ခုခံမှုတန်ဖိုး ပြောင်းလဲသွားသည့် ပုံစံရှိသည့် thermistor ကိုသုံးထားပြီး အီလက်ထရွန်နစ်ဆားကစ်ကို အသုံးပြု၍ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာကာ တိုင်းတာရရှိသည့်တန်ဖိုးကိုပြသသည့် အမျိုးအစားဖြစ်ပါသည်။
နေ့စဉ် အများစု အသုံးပြုလေ့ရှိပါသည်။
၎င်းတွင် လည်ပတ်ရန်အတွက် ပါဝါရင်းမြစ်တစ်ခု လိုအပ်ပြီး အတွင်း၌ ဓာတ်ခဲအဝိုင်းအသေးတပ်ဆင်ထားပါသည်။
တိုင်းတာမှုပြီးသွားသောအခါတွင် တပ်ဆင်ထားသောစပီကာသည် တိုင်းတာမှုပြီးမြောက်ကြောင်း အသိပေးရန် အီလက်ထရွန်နစ်အသံကို ထုတ်လွှတ်ပေးပါသည်။
thermistor အမျိုးအစားတွင် တိုင်းတာချိန်အတွင်း အတက်အကျပေါ်မူတည်၍ 3 မိနစ်တာကာလအတွင်းမှ အတက်အကျများကို ခန့်မှန်းခြင်းဖြင့် တွက်ချက်မှုများကို လုပ်ဆောင်ပါသည်။
၎င်းသည် လူ့ခန္ဓာကိုယ်၏ မျက်နှာပြင်မှ ထုတ်လွှတ်သော အနီအောက်ရောင်ခြည်ကို ထောက်လှမ်းခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာပါသည်။
နားတွင် သာမိုမီတာကပ်လိုက်ပါက 1 စက္ကန့်အတွင်း တိုင်းတာနိုင်သည်။
ငြိမ်မနေနိုင်သော မွေးကင်းစကလေးများ၏ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာရန် အဆင်ပြေပါသည်။
အီလက်ထရွန်နစ်သာမိုမီတာများသည် ပြဒါးသာမိုမီတာများနှင့်ယှဉ်ပါက အချိန်တိုအတွင်း တိုင်းတာနိုင်ပြီး အလွန်အဆင်ပြေသော်လည်း ၎င်းသည် အမှန်တကယ် ခန္ဓာကိုယ်အပူချိန်မဟုတ်ဘဲ အီလက်ထရွန်နစ်ဆားကစ်ဖြင့် တွက်ချက်ခန့်မှန်းထားသော ခန္ဓာကိုယ်အပူချိန်ဖြစ်ပါသည်။
အသုံးပြုမည့်အခါ အသုံးပြုမှုလမ်းညွှန်စာအုပ်ကို သေချာစွာဖတ်ရှုပြီး မှန်ကန်စွာ အသုံးပြုပါ။
ထို့အပြင် အဖိုးအဖွားများအတွက်ဖြစ်ပါက တိုင်းတာပြီးဆုံးကြောင်း “ပီပီ”ဟူသော အသံမြည်လာမည်ဖြစ်သည့်အတွက် သတိပေးရန်လိုအပ်ပါမည်။
ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာသောအခါတွင် သာမိုမီတာ၏ထိပ်ဖျားသည် လက်မောင်း၏အခြားတစ်ဖက်သို့ ထိုးထွက်သွားခြင်း၊ သာမိုမီတာကို အလျားလိုက်တည့်တည့်ထိုးထားခြင်းဖြစ်တတ်သည်ကို မကြာခဏတွေ့ရှိရပြီး ထိုကဲ့သို့ဖြစ်ပါက ခန္ဓာကိုယ်အပူချိန်ကို မှန်ကန်စွာ တိုင်းတာနိုင်မည်မဟုတ်ပါ။
သာမိုမီတာမှန်ကန်စွာထည့်သွင်းနည်းမှာ လက်မောင်းရှေ့ခြမ်းအောက်မှ နောက်ခြမ်းအပေါ်သို့ ဦးတည်ပြီး ထည့်ကာ သာမိုမီတာ၏ထိပ်ဖျားသည် ချိုင်းမှ အနက်ဆုံးနေရာ၌ရောက်နေအောင်ထားရပါမည် (ပုံ 4)
။
အချိုင့်၏ အနက်ဆုံးနေရာသည် ချိုင်းတွင် အပူချိန်အမြင့်ဆုံးဖြစ်သောကြောင့် ဖြစ်ပါသည် (ပုံ 5)
။
လက်မောင်းကို ရှေ့သို့အနည်းငယ်ဆန့်ထုတ်ကာ သာမိုမီတာ၏ထိပ်ဖျားကို လေနှင့်မထိတွေ့စေရန် လက်မောင်းကို တင်းတင်းကြပ်ကြပ်ကြပ်ကြပ် ကပ်ထားရပါမည်။
အဖိုးအဖွားများနှင့် ပိန်ပါးသူများသည် သာမိုမီတာ အလွယ်တကူ ပြုတ်ကျနိုင်ပြီး ပြုတ်ကျသည်ကို သတိမမူမိဘဲ သာမိုမီတာပေါ် အိပ်မိခြင်း၊ ခုတင်အောက်သို့ ကျသွားခြင်းတို့ ရှိတတ်သည့်အတွက် သတိပြုပါ။
လက်မောင်း၏ ဘယ်ညာ နှစ်ဖက်လုံးတိုင်းတာနိုင်သော်လည်း ဘယ်ညာနှစ်ဖက်တွင် အနည်းငယ်ကွာခြားချက်ရှိနိုင်သည့်အတွက် တစ်ဖက်ဖက်ကို ဆုံးဖြတ်ပြီး သတ်မှတ်ထားသင့်ပါသည်။
သို့သော် လေဖြတ်နေပါက ယေဘုယျအားဖြင့် လေဖြတ်နေသောဘက်သည် ကျန်းမာသောဘက်ထက် အပူချိန်နိမ့်သောကြောင့် ကျန်းမာသောဘက်ကိုသာ တိုင်းပါ။
လေဖြတ်နေသူအား သာမိုမီတာပေးသည့်အခါ ကျန်းမာသောဘက်မှလက်ဖြင့် သာမိုမီတာယူပြီး လေဖြတ်နေသောဘက်သို့ ထည့်လိုက်ခြင်းမျိုး မကြာခဏတွေ့ရပါသည်။
လေဖြတ်နေသည့်အခါ ပြုစုစောင့်ရှောက်သူမှ သာမိုမီတာ ထည့်ပေးသင့်ပါသည်။
ထို့အပြင် ဘေးတိုက်လဲလျောင်းနေသည့်အခါ အောက်ဖက်ခြမ်းမှ ခန္ဓာကိုယ်အပူချိန်ထက် အပေါ်ဘက်ခြမ်းမှ ခန္ဓာကိုယ်အပူချိန်က ပိုမြင့်လာပါသည်။
ကျန်းမာသောဂျပန်လူမျိုး လူကြီးများ၏ ချိုင်းအောက် ပျမ်းမျှအပူချိန်သည် 36.8 ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိသည်ဟု ဆိုကြပါသည်။
ကျွန်ုပ်တို့သည် သာမန်အားဖြင့် ခန္ဓာကိုယ်အပူချိန် 37 ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်သောအခါ အဖျားတက်သည်ဟု ဆိုလေ့ရှိသော်လည်း အားလုံးကို တပြေးညီ မပြောနိုင်ပါ။
လူတစ်ဦးချင်းစီ၏ ပုံမှန်ကိုယ်အပူချိန်ကို သိရှိရန်အတွက် အောက်ပါတို့ကို သိထားရန် လိုအပ်ပါသည်။
ခန္ဓာကိုယ်အပူချိန်တွင် တစ်ဦးချင်း ကွဲပြားမှု၊ နေ့စဥ်ကွာခြားမှု၊ အသက်ကွာခြားမှုတို့ ရှိပါသည်။
ယေဘုယျအားဖြင့် အပူချိန်သည် အရုဏ်တက်ချိန်တွင် အနိမ့်ဆုံးဖြစ်ပြီး ညနေပိုင်းတွင် အမြင့်ဆုံးဖြစ်သော်လည်း ကွာခြားချက်မှာ 1 ဒီဂရီစင်တီဂရိတ်အတွင်းသာဖြစ်သည်။
ကလေးများသည် အရွယ်ရောက်ပြီးသူများထက် အနည်းငယ်ပိုမြင့်ပြီး (0.2~0.5 ဒီဂရီစင်တီဂရိတ်)ဖြစ်ကာ အဖိုးအဖွားများသည် အနည်းငယ်ပိုနိမ့်သည်မှာ ပုံမှန်ဖြစ်ပါသည်။
အရွယ်ရောက်ပြီးသူ အမျိုးသမီးများအတွက် ရာသီစက်ဝန်းပေါ်မူတည်၍ အပြောင်းအလဲရှိပါသည်။
ချိုင်း၊ ခံတွင်းနှင့် ဝမ်းအိမ်တို့မှ တိုင်းတာရသော ခန္ဓာကိုယ်အပူချိန်များ၌ ကွာခြားမှုရှိပါသည်။
ဝမ်းအိမ်၏အပူချိန်သည် အမြင့်ဆုံးဖြစ်ပြီး ချိုင်းအပူချိန်သည် အနိမ့်ဆုံးထွက်လာပါမည်။
ခန္ဓာကိုယ်၌ အဖျားရှိသည်ဟု ခံစားမိသည့်အခါနှင့် မည်သို့မျှနေထိုင်မကောင်းသည့်အခါတို့တွင် ခန္ဓာကိုယ်အပူချိန်ကို မပျက်မကွက် လက်တွေ့တိုင်းတာကြည့်ရပါမည်။
နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် နှစ်ကြိမ်တိုင်းတာပေးပါ။
အမှန်တကယ် အဖျားရှိနေပါက 6 နာရီ၊ 10 နာရီ၊ 14နာရီ၊ 20 နာရီတို့၌ တိုင်းတာပြီး အဖျားတက်သည့်အခြေအနေကို စောင့်ကြည့်ပါ။
ခန္ဓာကိုယ်အပူချိန်ကို တစ်နေ့လျှင် အကြိမ်များစွာ တိုင်းတာပါက မှတ်သားရန်မဖြစ်နိုင်သည့်အတွက် မမေ့ခင်အတွင်း မှတ်စုစာအုပ်၌ ရေးမှတ်ထားပါ။
ထို့နောက် ခန္ဓာကိုယ်အပူချိန်ဇယား (ဂရပ်) တွင် ချရေးပါက အဆိုပါပြောင်းလဲမှုကို ကောင်းစွာ သိနိုင်ပါမည်။
ဆရာဝန်ထံ သတင်းပို့သည့်အခါတွင် အသက်ရှူကျပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အခြေအနေများနှင့် သောက်ခိုင်းထားသောဆေးအမည်များကိုပါ ခန္ဓာကိုယ်အပူချိန်ဇယားတွင် ရေးမှတ်ပါ။
၎င်းတို့သည် ရောဂါရှာဖွေရာ၌ အလွန်အသုံးဝင်ပါသည်။
ထို့အပြင် သတင်းပို့သည့်အခါတွင် ရောဂါဖြစ်နေချိန်၌ ဖြစ်ပျက်ခဲ့သည်များကိုသာမက နေ့စဉ်ပုံမှန်ဘဝတွင် မည်သို့ဖြစ်နေကြောင်းကိုလည်း သတင်းပို့ရန် အရေးကြီးပါသည်။
အဖျားတက်ရာတွင် အကြောင်းရင်းတစ်ခုခု မပျက်မကွက်ရှိသော်လည်း ရောဂါကြောင့်မဟုတ်သော အကြောင်းရင်းကြောင့် ဖြစ်သည့်အခါလည်း ရှိပါသည်။
အစာစားပြီးနောက်၊ လေ့ကျင့်ခန်းလုပ်ပြီးနောက် သို့မဟုတ် ရေချိုးပြီးနောက်တို့တွင် ခန္ဓာကိုယ်အပူချိန်သည် အနည်းငယ်မြင့်တက်လာနိုင်ပြီး အလုပ်အလွန်အကျွံလုပ်ခြင်း သို့မဟုတ် အိပ်ရေးပျက်ခြင်းကြောင့်လည်း အဖျားအနည်းငယ်တက်သည့်အခါလည်း ရှိပါသည်။
ရေဓာတ်ချို့တဲ့ခြင်း (ရေဓာတ်ခန်းခြောက်ခြင်း) သည် အဖျားဖြစ်စေသည့်အခါလည်း ရှိပါသည်။
မွေးကင်းစကလေးများသည် ၎င်းတို့၏ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိသည့်လုပ်ဆောင်မှု မဖွံ့ဖြိုးသေးသောကြောင့် နွေရာသီတွင် အဖျားတက်လေ့ရှိပါသည်။
အဖိုးအဖွားများသည် အစားအသောက်နည်းပါးပြီး ၎င်းတို့၏ ခန္ဓာကိုယ် အပူချိန် ထိန်းညှိသည့်လုပ်ဆောင်ချက် ကျဆင်းလာသောကြောင့် ပူပြင်းသော ပတ်ဝန်းကျင်တွင် ကိုယ်အပူချိန်တက်လာသည့်သူများလည်း ရှိပါသည်။
ထိုသို့ဖြစ်လာပါက အရင်ဆုံး ခန္ဓာကိုယ်ကို အေးအောင်လုပ်ပြီး ရေသောက်စေကာ အနေအထားကို စောင့်ကြည့်ပါ။
အဖျားအတက်အကျအပြင် ရုတ်တရက်တက်လာခြင်း၊ တဖြည်းဖြည်းဆိုးလာခြင်းစသည့် ဖျားသည့်အခြေအနေနှင့် အဖျားမှအပဖြစ်သော ရောဂါလက္ခဏာများကို သေသေချာချာ ကြည့်ရှုစစ်ဆေးခြင်းသည် ရောဂါစမ်းသပ်ရှာဖွေရာ၌ အထောက်အကူဖြစ်စေနိုင်သည့်အတွက် လွန်စွာအရေးကြီးပါသည်။
အဖျားအတက်အကျနှင့်မဆိုင်ဘဲ နီမြန်းခြင်း၊ အသိစိတ်ချို့ယွင်းခြင်း၊ တက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ပြင်းထန်ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းဗိုက်နာခြင်းတို့နှင့်အတူ ဖြစ်ပွားပါက ဆရာဝန်နှင့် ချက်ချင်းပြသရန် လိုအပ်ပါသည်။
အထူးသဖြင့် အဖိုးအဖွားများသည် အဖျားဖြစ်နိုင်ချေနည်းပါးသောကြောင့် အအေးအနည်းငယ်မိရုံမျှဖြင့် အဖျားမရှိသော်လည်း အသက်ရှူရခက်ခဲပါက ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်ပါသည်။
အဖျားမှလွဲ၍ ထူးခြားသော လက္ခဏာများ မရှိဘဲ၊ ခန္ဓာကိုယ်တစ်ခုလုံး၌ အခြေအနေဆိုးခြင်းမရှိပါက နွေးထွေးအောင်ထားပြီး ငြိမ်ငြိမ်နားစေကာ အခြေအနေစောင့်ကြည့်ပါ။
ထိုအချိန်တွင် ပူနွေးသောသောက်စရာစသည်တို့ဖြင့် ရေဓာတ်အလုံအလောက် ဖြည့်တင်းပေးပါ။
ရေခဲခေါင်းအုံး သို့မဟုတ် ရေခဲဝတ်တို့ဖြင့် နှဖူးကို အေးအောင်လုပ်ခြင်းသည် အဆိုပါ အဖျားကို ကျသွားအောင်မလုပ်နိုင်သော်လည်း ထိကပ်ပေးခြင်းအားဖြင့် စိတ်ခံစားချက် ကောင်းမွန်စေပါက သုံးပေးပါ။
အဖျားစတက်သည့်အချိန်တွင် ချမ်းတုန်ခြင်းဖြစ်တတ်သော်လည်း ထိုအချိန်၌ စောင်ထပ်ခြုံပေးခြင်းအားဖြင့် နွေးထွေးအောင် လုပ်ပေးရပါမည်။
ထို့အပြင် ရုတ်တရက် အဖျားကြီးလာပါက ထိုသို့ဖြစ်ရုံမျှဖြင့်ပင် အလွန်နာကျင်နိုင်ပါသည်။
လောလောဆယ်အားဖြင့် အိမ်သုံး အဖျားကျဆေးနှင့် အအေးမိပျောက်ဆေးတို့ကို အသုံးပြုရမည့်နည်းလမ်းအတိုင်းသုံးရန်လိုအပ်သော်လည်း ရောဂါပျောက်ကင်းသွာမည်မဟုတ်သည့်အတွက် ယင်းနောက်တွင် ခန္ဓာကိုယ်ကို စောင့်ကြည့်ပြီး ပြနေကျ ဆရာဝန် သို့မဟုတ် သူနာပြုတို့ဖြင့် ချက်ခြင်း တိုင်ပင်ပါ။
အဖိုးအဖွားများတွင် အခြေခံဇီဝဖြစ်ပျက်မှုနှင့် ကိုယ်လက်လှုပ်ရှားမှုပမာဏ လျော့ကျလာခြင်းကြောင့် ခန္ဓာကိုယ်အပူချိန်သည် 36 ဒီဂရီစင်တီဂရိတ်သို့မရောက်သည့်သူများလည်း မနည်းပါ။
သာမာန်အားဖြင့် 37 ဒီဂရီစင်တီဂရိတ်ကို အဖျားနည်းသည်ဟု သတ်မှတ်ကြသော်လည်း ပုံမှန်အပူချိန် 35.5 ဒီဂရီစင်တီဂရိတ်ရှိသည့်သူများအဖို့ ပုံမှန်ထက် 1.5 ဒီဂရီစင်တီဂရိတ်ပင်ဖြစ်စေ မြင့်တက်လာပါက အဖျားတက်သည့်အနေအထားဖြစ်သည်ဟု ပြောနိုင်သည့်အတွက် သတိထားရန် လိုအပ်ပါသည် (ဇယား 6-1 ဇယား 6-1)
ဤအပိုင်းတွင် အသက်ရှူလမ်းကြောင်းစနစ်၏ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်တာများ၊ အသက်ရှူနှုန်းကို တိုင်းတာနည်း၊ အသက်ရှူခြင်းကို စောင့်ကြည့်ရန် အရေးကြီးသောအချက်များနှင့် အသက်ရှူရန် ပံ့ပိုးပေးသည့် ပတ်ဝန်းကျင်ဖန်တီးနည်းတို့နှင့် ပတ်သက်ပြီး ဖော်ပြပေးသွားပါမည်။
အသက်ရှူခြင်းသည် ခန္ဓာကိုယ်အပူချိန်နှင့် သွေးခုန်နှုန်းတို့နှင့်အတူ အဖိုးအဖွားများ၏ ကျန်းမာရေးအခြေအနေကို နားလည်ရန် အရေးကြီးသော လက္ခဏာတစ်ခုဖြစ်ပါသည်။
အသက်ကောင်းစွာမရှူနိုင်ပါက ခန္ဓာကိုယ်သည် လိုအပ်သော အောက်ဆီဂျင် လုံလုံလောက်လောက် မရတော့သည့်အပြင် ခန္ဓာကိုယ်ထဲမှ ထွက်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလည်း ခန္ဓာကိုယ်ပြင်ပသို့ ကောင်းစွာ စွန့်ထုတ်ခြင်း ပြုနိုင်မည်မဟုတ်ပါ။
အဖိုးအဖွားများ ဘေးကင်းစေရန်အတွက် ပတ်ဝန်းကျင်ကို ကြိုတင်ပြင်ဆင်ခြင်းသည် အလွန်အရေးကြီးသော ပြုစုစောင့်ရှောက်မှုဖြစ်ပါသည်။
အသက်ရှူခြင်းဆိုသည်မှာ အာဟာရဓာတ်တို့ကို လောင်ကျွမ်းစေရာ၌ လိုအပ်သော အောက်စီဂျင် (O2) ကို ပြင်ပကမ္ဘာမှ ယူသွင်းပြီး လောင်ကျွမ်းပြီးသောရလဒ်အဖြစ်ထွက်လာသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ကို စွန့်ထုတ်ခြင်းဖြစ်ပါသည်။
အသက်ရှူခြင်းတွင် အဆုတ်၏လေအိတ်ငယ်များအတွင်းသို့ လေနှင့် ၎င်းတို့ထဲ၌ စီးဆင်းသောသွေးတို့အကြား လုပ်ဆောင်ပေးသည့် ပြင်ပအသက်ရှူခြင်း (အဆုတ်အသက်ရှူခြင်း) နှင့် သွေးနှင့်တစ်သျှူးတို့အကြား၌ လုပ်ဆောင်သော အတွင်းအသက်ရှူခြင်း (တစ်သျှူးများအသက်ရှူခြင်း) တို့ရှိပြီး သာမန်အားဖြင့် ကျွန်ုပ်တို့ အသက်ရှူခြင်းဟု ပြောကြသည်မှာ ရှေ့တစ်မျိုးဖြစ်ပါသည်။
အသက်ရှူလမ်းကြောင်းစနစ်တွင် လေလမ်းကြောင်းနှင့် အဆုတ်တို့ ပါဝင်သည် (ပုံ 6)
။
လေလမ်းကြောင်းသည် ပြင်ပလေ အဝင်အထွက်ပြုလုပ်သည့်လမ်းကြောင်းဖြစ်ပြီး နှာခေါင်းပေါက်၊ လည်ချောင်း၊ အသံအိုး၊ လေပြွန်နှင့် လေပြွန်အခွဲများဖြင့်ဖွဲ့စည်းထားကာ တဖြည်းဖြည်းသေးငယ်သွားပြီး အဆုတ်၏လေအိတ်ငယ်များနှင့် ဆက်သွားပါသည်။
လေလမ်းကြောင်း၏ လုပ်ဆောင်ချက်မှာ ရှူသွင်းထားသောလေကို ခန္ဓာကိုယ်အပူချိန်ဖြင့် နွေးထွေးစေပြီး စိုစွတ်စေကာ လေထဲတွင်ပါရှိသော အမှုန်အမွှားများနှင့် ဖုန်မှုန့်များကို ဖယ်ရှားခြင်းဖြစ်ပါသည်။
လေလမ်းကြောင်းထဲသို့ အမှုန်အမွှားများနှင့် ဖုန်မှုန့်များရောက်သွားပါက ၎င်းတို့ကို စွန့်ထုတ်ရန်အတွက် ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်း ဖြစ်ပွားပါသည်။
အဆုတ်ကို လေဖြတ်သန်းသွားသည့်လမ်းကြောင်းဖြစ်သည့် ပြွန်ပုံစံဖွဲ့စည်းထားသော လေလမ်းကြောင်း (လေပြွန်အခွဲ)နှင့် အောက်စီဂျင် ယူသွင်းခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ထုတ်ခြင်းတို့ လုပ်ဆောင်သည့် ဓာတ်ငွေ့ဖလှယ်ရာနေရာများဖြစ်သည့် အဆုတ်၏လေအိတ်ငယ်များဖြင့် ဖွဲ့စည်းထားပါသည်။
အဆုတ်၏လေအိတ်ငယ်များသည် သေးငယ်သောလေပြွန်အခွဲများ၏ ထိပ်ဖျား၌ စပျစ်သီးအခိုင်ပုံစံ ကပ်နေပါသည်။ ၎င်းတို့၏ အရေအတွက်မှာ သန်း 300 ခန့် ရှိသည်ဟု ဆိုကြပါသည်။
ထို့ကြောင့် မျက်နှာပြင်ဧရိယာ အလွန်ကျယ်ပြန့်ပြီး ၎င်းတို့ထဲ၌လုံလောက်သော ဓာတ်ငွေ့လဲလှယ်မှုကို လုပ်ဆောင်နိုင်ပါသည်။
အသက်ရှူသည့်လှုပ်ရှားမှုဆိုသည်မှာ အဆုတ်အကျုံ့အဆန့်ပြုစေပြီး ၎င်းထဲသို့ လေများအဝင်အထွက်ဖြစ်စေသည့် လှုပ်ရှားမှု ဖြစ်ပါသည်။
အသက်ရှူသည့်လှုပ်ရှားမှုသည် အဆုတ်မှလှုပ်ရှားမှုပြုခြင်းမဟုတ်ဘဲ ၎င်းကိုဝန်းရံထားသော ရင်ဘတ်ပိုင်းအရိုးများ ဆန့်ထွက်ခြင်း၊ ကျုံ့ခြင်းတို့အားဖြင့် လုပ်ဆောင်ပါသည်။
ရင်ဘတ်ပိုင်းအရိုးများ အကျုံ့အဆန့်ပြုခြင်းသည် နံရိုးများအကြားရှိကြွက်သားနှင့် ဝမ်းခေါင်းသား (ဤ 2 ခုကိုပေါင်းစပ်ပြီး “အသက်ရှူကြွက်သား”ဟု ခေါ်ပါသည်) တို့ တက်ညီလက်ညီ လှုပ်ရှားမှုပြုခြင်းအားဖြင့် လုပ်ဆောင်ပါသည် (ပုံ 7)
။
အသက်ရှူခြင်းကို အဆက်မပြတ်လုပ်ဆောင်သည်မှာ ဦးနှောက်၏ပင်မပိုင်းမှစပြီး ဦးနှောက်အောက်ခြေပိုင်းရှိ ဘု-သဏ္ဌာန်နေရာတို့၌ ရှိနေသည့် အသက်ရှူခြင်းဆိုင်ရာအာရုံကြောကလပ်စည်းများအစုအဖွဲ့မှ လှုံ့ဆော်မှုကြောင့်ဖြစ်ကာ အသက်ရှူလမ်းကြောင်းကြွက်သားများထံ အဆက်မပြတ် ရောက်ရှိစေပါသည်။
အသက်ရှူခြင်း အမျိုးအစား 3 မျိုးရှိပါသည်။
ရင်ဘတ်ပိုင်းအရိုးများ၏လှုပ်ရှားမှုဖြင့် အသက်ရှူခြင်းကို “ရင်ဘတ်ဖြင့် အသက်ရှူခြင်း”ဟုခေါ်ပြီး အများအားဖြင့် အမျိုးသမီးများ၌ တွေ့ရပါသည်။
ရင်ဘတ်မောက်တက်လာပြီး ပုခုံးမြင့်တက်လာသည့်ပုံစံရှိသည့် အသက်ရှူခြင်းဖြစ်ပါသည်။
ဝမ်းခေါင်းသား၏လှုပ်ရှားမှုဖြင့် အသက်ရှူခြင်းကို “ဗိုက်ဖြင့်အသက်ရှူခြင်း” ဟု ခေါ်ပါသည်။
အသက်ရှူသည့်အခါ ဝမ်းဗိုက်ပိုင်း ဖောင်းလာသည့်ပုံစံရှိသည့် အသက်ရှူခြင်းဖြစ်ပြီး မွေးကင်းစကလေးများ၌ တွေ့ရပါသည်။
ရင်ဘတ်ပိုင်းအရိုးများ၊ ဝမ်းခေါင်းသားများ တစ်ပြိုင်နက်တည်း လှုပ်ရှားသည့် အသက်ရှူခြင်းကို “ရင်ဘတ်နှင့်ဗိုက်တို့ဖြင့်အသက်ရှူခြင်း”ဟု ခေါ်ပါသည်။
ယေဘုယျအားဖြင့် အမျိုးသားများတွင် များစွာ တွေ့ရတတ်ပါသည်။
ရင်ဘတ်ပိုင်းအရိုးများကို ဆန့်ထုတ်သည့်စွမ်းရည်သည် ဗိုက်ဖြင့်အသက်ရှူခြင်းထက် ရင်ဘတ်ဖြင့်အသက်ရှူခြင်း၌ ပိုကြီးသည့်အတွက် အသက်ရှူခြင်းကို မြှင့်တင်ရန် လိုအပ်လာပါက အသက်ရှူသည့်ပုံစံသည် သေချာပေါက် ရင်ဘတ်ပုံစံ ဖြစ်သွားပါမည်။
အသက်ရှူနှုန်းကို တိုင်းတာရာတွင် လက်ကို တစ်ဖက်လူ၏ ရင်ဘတ် သို့မဟုတ် ဗိုက်ပေါ်၌ ခပ်ဖွဖွတင်ထားပြီး1 မိနစ်အကြာ လှုပ်ရှားမှုကို ရေတွက်ရပါမည်။
သို့မဟုတ် ရင်ဘတ်နှင့် ဝမ်းဗိုက်တို့၏ အတက်အကျ လှုပ်ရှားမှုကို ရေတွက်ရပါမည်။
အတက်အကျလှုပ်ရှားမှုကို ရှေ့တည့်တည့်မှကြည့်ခြင်းထက် အနည်းငယ် တစောင်းကြည့်ပါက ကောင်းစွာ သိနိုင်ပါမည်။
မည်သို့ပင်ဆိုစေကာမူ မည်သည့်အချိန်၌တိုင်းလိုက်ကြောင်း ကာယကံရှင် မသိအောင်လုပ်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
အသက်ရှူခြင်းကို အသိစိတ်ဖြင့် ပြောင်းလဲနိုင်ပြီး အသက်ရှူနှုန်းတိုင်းနေသည်ဟု ပြောလိုက်ပါက သတိပြုမိသွားနိုင်သောကြောင့်လည်း ဖြစ်ပါသည်။
သွေးခုန်နှုန်းကို တိုင်းတာပြီးနောက် အဆိုပါကိုယ်ဟန်အနေအထားဖြင့်ပင် အသက်ရှူနှုန်းတိုင်းမည်ဆိုပါက အဆင်ပြေနိုင်ပါသည် (ပုံ 8)
။
ညဘက်အိပ်မပျော်သူများ သို့မဟုတ် အသက်ရှူအားနည်းနေသူများအတွက် အိပ်ရာဝင်ပစ္စည်းများဖြင့်ဖုံးထားသည့်အခါ ရင်ဘတ်နှင့် ဝမ်းဗိုက်အတက်အဆင်းလှုပ်ရှားမှုများကို သတိပြုမိရန်ခက်ခဲပါသည်။
ဤအခြေအနေတွင် နှာခေါင်း၏ လှုပ်ရှားမှုများကို ကြည့်ခြင်း သို့မဟုတ် တစ်ရှူးစက္ကူကဲ့သို့သော ပါးလွှာသည့်စာရွက်ကို ဆုတ်ဖြဲပြီး နှာခေါင်းအဝ၌ထားခြင်းဖြင့် ၎င်း၏လှုပ်ရမ်းမှုဖြင့် အနေအထားကို သိနိုင်ပါမည်။
အသက်ရှူခြင်းကို တိုင်းတာသောအခါ 1 မိနစ်သည် အံ့သြစရာကောင်းလောက်အောင် ရှည်လျားပါသည်။
သွေးခုန်နှုန်းကို တိုင်းသည့်အခါ 15 စက္ကန့်ကြာ တိုင်းတာပြီး 4 ဖြင့် မြှောက်ခြင်းမျိုးရှိသော်လည်း အသက်ရှူနှုန်းမှာ ကြိမ်ရေနည်းသောကြောင့် ထိုကဲ့သို့တိုင်းပါက အမှားအယွင်း ကြီးလာနိုင်သည့်အတွက် သေချာပေါက် 1 မိနစ်ပြည့်အောင်တိုင်းပါ။
ကျွန်ုပ်တို့ အနားယူနေချိန်တွင် အသက်ရှူခြင်းသည် ငြိမ်ငြိမ်သက်သက်ဖြင့် စည်းချက်ကျကျ ရှိပြီး တသမတ်တည်းဖြစ်သော ပြင်းထန်မှုနှင့် ကြာရှည်မှုတို့ဖြင့် ဖြစ်ပေါ်ပါသည်။
ပုံမှန်အားဖြင့် အသက်ရှူခြင်း (အသက်ရှူသွင်းခြင်းသည် 1 စက္ကန့်ခန့်၊ ဆက်တိုက်အားဖြင့် အသက်ရှူထုတ်ခြင်းသည် 1.5 စက္ကန့်ခန့်ကြာမြင့်ကာ ယင်းနောက်တွင် 1 စက္ကန့်ခန့် ရပ်တန့်သွားသည့်ကာလရှိပါသည်။
အသက်ရှူခြင်း 1 ခုသည် အများအားဖြင့် 3 စက္ကန့်မှ 5 စက္ကန့် ကြာမြင့်ပါသည် (ပုံ 9)
။
အသက်ရှူနှုန်းသည် အသက်အရွယ်ပေါ်မူတည်ပြီး ကွဲပြားပါသည်။
အနားယူချိန်ရှိ အသက်ရှူနှုန်းသည် မွေးကင်းစကလေးများတွင် 40~50၊ နို့စို့အရွယ်ကလေးများတွင် 30၊ အသက် 5 နှစ်အရွယ်ကလေးများတွင် 25၊ အရွယ်ရောက်ပြီးသူများတွင် 15~20 နှင့် အဖိုးအဖွားများတွင် 14~16 ခန့်ရှိပြီး အသက်ကြီးလာသည်နှင့်အမျှ အသက်ရှူနှုန်းနှေးလာပါသည်။
မွေးကင်းစကလေးများတွင် အရွယ်ရောက်ပြီးသူ၏ အဆုတ်၏လေအိတ်ငယ်အရေအတွက် 6 ပုံ 1
ပုံသာရှိသောကြောင့် ၎င်းတို့သည် အသက်ရှူနှုန်းမြင့်မားပါသည်။
အသက်ရှူခြင်းသည် အသက်အရွယ်အပြင် ကိုယ်လက်လှုပ်ရှားမှု၊ ရေချိုးခြင်း၊ စိတ်လှုပ်ရှားခြင်း၊ အိပ်စက်ခြင်း၊ ကိုယ်အပူချိန်နှင့် လေထုအပူချိန်စသည့် အကြောင်းအရင်းများပေါ် မူတည်၍ ပြောင်းလဲပါသည်။
ကိုယ်လက်လှုပ်ရှားပြီးနောက်၊ ရေချိုးပြီးနောက်နှင့် ဒေါသထွက်သည့်အခါတို့တွင် အသက်ရှူနှုန်း မြန်လာသည်ကို သင်တို့အားလုံး ကြုံတွေ့ဖူးသည်မဟုတ်ပါလား။
ထို့အပြင် အိပ်နေစဉ်အတွင်း အသက်ရှူနှုန်းလည်း လျော့ကျသွားပါသည်။
အသက်ရှူခြင်းကို စောင့်ကြည့်ရခြင်း၏ ရည်ရွယ်ချက်မှာ ထိုလူသည် အသက်ကောင်းစွာ ရှူနေခြင်းရှိမရှိ သိရန်ဖြစ်သည်။
ကောင်းမွန်သောအသက်ရှူခြင်းဆိုသည်မှာ ခန္ဓာကိုယ်မှလိုအပ်သော အောက်ဆီဂျင်ကို လုံလောက်စွာ ရှူရှိုက်နိုင်ပြီး ခန္ဓာကိုယ်မှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကဲ့သို့သော မလိုအပ်သောဓာတ်ငွေ့များကို ခန္ခာကိုယ်ပြင်ပသို့ စွန့်ထုတ်နိုင်သည်ဟု ဆိုလိုပါသည်။
သာမန်ရောဂါတစ်ခုတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများစွာမရှိသော်လည်း ဦးနှောက်သွေးကြောဆိုင်ရာရောဂါ (လေဖြတ်ခြင်းစသည်) သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် နှလုံးရောဂါတို့ရှိပါက အသက်ရှူမှုကို အနီးကပ်စောင့်ကြည့်သည့်အလေ့အထကို တတ်မြောက်အောင်လုပ်ထားပါ။
အသက်ရှူခြင်းကို စောင့်ကြည့်ရာတွင် အသက်ရှူသည့် အရေအတွက်ကို ရေတွက်ရုံသာမဟုတ်ဘဲ အသက်ရှူရလွယ်ကူခြင်း ရှိ၊မရှိ သို့မဟုတ် အသက်ရှူရခက်ခြင်း ရှိမရှိ (အားစိုက်ပြီးအသက်ရှူရခြင်း) ကို သေချာစွာ စစ်ဆေးပါ။
အားစိုက်ပြီးသက်ရှူရခြင်းဖြစ်ပါက ပင်ပန်းသည့်မျက်နှာဖြစ်နေပြီး မျက်နှာအရောင်လည်းမကောင်းကာ အထူးသဖြင့် နှုတ်ခမ်းအရောင်မှာ ခရမ်းရောင်ဖြစ်နေခြင်း ရှိပါမည်။
ထို့အပြင် အပေါ်အင်္ကျီကိုချွတ်လိုက်ပါက လည်ပင်းအဆက်နေရာမှ ဘယ်ညာအချိုင့်နှစ်ခုနှင့် နံရိုးတို့အကြားသည် အသက်ရှူလိုက်တိုင်းတွင် ချိုင့်သွားပါမည်။
ရွှီရွှီဖြင့် အသက်ရှူသံကြားရခြင်းမျိုး ရှိတတ်သော်လည်း အသက်ရှူရခက်လာပါက အလိုအလောက် ထထိုင်လာပါမည်။
ဤကဲ့သိုသောအခါတွင် ဆရာဝန် သို့မဟုတ် သူနာပြုထံ ချက်ချင်းသတင်းပို့ပါ။
ထို့နောက် အသက်ရှူခြင်း ပြင်းထန်သလား ပေါ့ပါးသလားဆိုသည်ကို ကြည့်ရင်းဖြင့် အသက်ရှူနှုန်းကို ရေတွက်ရပါမည်။
ရေတွက်နေစဉ်တွင် အသက်ရှူခြင်းပုံမှန်ရှိမရှိ သတိပြုကာ ကြည့်ရှုရပါမည်။
အသက်ရှူမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီးနောက် မမေ့ခင်အတွင်း မှတ်တမ်းတင်ရပါမည်။
ခန္ဓာကိုယ်တွင်း မူမမှန်မှုတစ်မျိုးမျိုး ဖြစ်ပေါ်လာသောအခါ အသက်ရှူခြင်းနှင့် ခန္ဓာကိုယ်အပူချိန်ကဲ့သို့သော Vital signs များသည်လည်း အပြန်အလှန်ဆက်နွယ်နေသည့်အတွက် အနည်းငယ် ပြောင်းလဲမှု ဖြစ်ပွားပါမည်။
ခန္ဓာကိုယ်အပူချိန်ဇယားတွင် အသက်ရှူမှုအခြေအနေကို ချရေးထားပါက ရောဂါရှာဖွေရန်အတွက် အလွန်အထောက်အကူဖြစ်ပါသည်။
အဖျားရှိသည့်အခါ ခန္ဓာကိုယ်မှ အောက်ဆီဂျင်ကို အများအပြား သုံးစွဲလိုက်သည့်အတွက် အသက်ရှူနှုန်းက တိုးလာသော်လည်း အဖျားကျသွားသည့်အခါ အသက်ရှူနှုန်းသည်လည်း ပုံမှန်ပြန်ဖြစ်လာပါသည်။
ဖျားခြင်းနှင့် သတိလက်လွတ်ဖြစ်သည့် အသက်ရှူခြင်းဆိုင်ရာရောဂါအုပ်စု (ပြင်းထန်သည့်အသက်ရှူခြင်းကို ကြိမ်ရေများစွာ ဆက်တိုက်လုပ်ခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ချို့ယွင်းပြီး အသက်ရှူခြင်းဆိုင်ရာအာရုံကြောကလပ်စည်းများအစုအဖွဲ့မှ လှုံ့ဆော်ပေးခြင်း မပြုနိုင်တော့ဘဲ အသိစိတ်လွတ်သွားပါသည်။
လူငယ်များ၌ အဖြစ်များပါသည်) မှအပဖြစ်သော အသက်ရှူခြင်းဆိုင်ရာမူမမှန်မှုများသည် သာမန်အားဖြင့် ရောဂါပြင်းထန်ကြောင်းကို ဖော်ပြပါသည်။
ပုံစံ ပြောင်းလဲမှုများကို အထူးဂရုပြုပါ။
အသက်ရှူသည့်ကြိမ်ရေနှင့် အတိမ်အနက်၊ အသက်ရှူမှုပုံစံ ပြောင်းလဲမှုများတွင် အောက်ပါတို့ ပါဝင်ပါသည်။
①အတိမ်အနက်သည် အတူတူပင်ဖြစ်သော်လည်း အသက်ရှူနှုန်း များလာခြင်း သို့မဟုတ် လျော့သွားခြင်း။
②အသက်ရှူနှုန်း တူညီသော်လည်း ပြင်းထန်ခြင်း သို့မဟုတ် ပေါ့ပါးခြင်း။
③ကြိမ်ရေများပြီး ပြင်းထန်ခြင်း။
④အသက်ရှူနှုန်းနည်းပြီး ပေါ့ပါးခြင်း။
⑤အသက်ရှူရပ်သွားပြီဟု ထင်သောအခါတွင် ပေါ့ပါးစွာအသက်ရှူခြင်းစတင်ပြီး တဖြည်းဖြည်း ပိုကြီးလာပြီး နောက်ဆုံးတွင် သေးငယ်သွားပြီး ရပ်သွားသည့်ပုံစံ ထပ်ခါတလဲလဲ ဖြစ်ခြင်း။
⑥အသက်ရှူသံ ရပ်သွားပြီး ခဏအကြာတွင် ပြန်လည်စတင်သည့်ပုံစံ ထပ်ခါတလဲလဲ ဖြစ်ခြင်း။
⑦ အလွန်ကြီးသည့် အသက်ရှူမှု ဆက်တိုက်ဖြစ်ခြင်း။
ဤအသက်ရှူမှုဆိုင်ရာ မူမမှန်မှုများကို သတိပြုမိပါက ဆရာဝန်ထံ အမြန်သတင်းပို့ပါ။
ထို့အပြင် သေလုမျောပါးဖြစ်ခြင်းကို ညွှန်ပြသော အသက်ရှူခြင်းကို “Gasping Respiration” ဟုခေါ်ပြီး အသက်ရှူနှုန်းသည် 10 အောက်ဖြစ်ကာ စည်းချက်မမှန်တော့ဘဲ မေးရိုးသည် အသက်ရှူလိုက်တိုင်း တက်လိုက်ကျလိုက်ဖြစ်ပါမည်။
ကြိမ်ရေအနည်းငယ် နက်ရှိုင်းစွာ ရှူရှိုက်ပြီး လျှင်မြန်စွာ ရှူထုတ်ပြီးနောက် အသက်ရှူခြင်းမရှိတော့ဘဲ အသက်ရှူရပ်သွားသည့်ကြာချိန် တဖြည်းဖြည်း တိုးလာကာ နောက်ဆုံး၌ အသက်ရှူရပ်သွားပါသည်။
အိပ်ဆေး၊ အကိုက်အခဲပျောက်ဆေး သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲသူများသည် ဆေး၏အာနိသင်ကြောင့် အသက်ရှူနှုန်း လျော့ကျသွားနိုင်ပါသည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူ သို့မဟုတ် အိပ်ရာထဲလဲနေသော အဖိုးအဖွားများကို ပြုစုစောင့်ရှောက်ရာတွင် သန့်ရှင်းသောလေကို ရှူရှိုက်စေရန် အလွန်အရေးကြီးပါသည်။
အခန်းတွင်းလေဝင်လေထွက်နှင့် စိုထိုင်းဆကို အလုံအလောက်သတိပြုပါ။
အခန်းအတွင်းသည် အသက်ရှူခြင်းကြောင့် လေထုညစ်ညမ်းပါသည်။
အတူနေအခန်းဖော်အရေအတွက်နှင့် အခန်းအရွယ်အစားပေါ် မူတည်၍ လေထုညစ်ညမ်းမှု အတိုင်းအတာ ကွဲပြားသော်လည်း အခန်းကို လေဝင်လေထွက်ကောင်းအောင် အမြဲထားပါ။
အထူးသဖြင့် ရေနံဆီ သို့မဟုတ် ဓာတ်ငွေ့သုံး ပန်ကာအပူပေးစက်များကို အသုံးပြုသည့်အခါ 1 နာရီကြာတိုင်း လေဝင်လေထွက်လုပ်ပေးရန် လိုအပ်ပါသည်။
ရောဂါဖြစ်နေသူများရှေ့တွင် ဆေးလိပ်မသောက်ရခြင်းမှာ ပြောစရာပင်မလိုပါ။
စီးကရက်မီးခိုးတွင် နီကိုတင်းနှင့် ကာဗွန်မိုနောက်ဆိုဒ်တို့အပြင် ကင်ဆာဖြစ်စေသောဓာတ်များလည်း ပါရှိပါသည်။
ထို့အပြင် ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာနှင့် လေဝင်လေထွက်ဆိုင်ရာ ပြဿနာများကို ပိုဆိုးစေနိုင်သောကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများအတွက် ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားပါသည်။
ထို့အပြင် ကျွန်ုပ်တို့နေထိုင်ရာနေရာမှ အဝတ်အစားနှင့် အိပ်ရာများတွင် ဖုန်မှုန့်များ စုပုံလာပြီး သေးငယ်သော အမှုန်အမွှားများကို အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းသို့ နက်ရှိုင်းစွာ ရှူသွင်းမိကာ လေပြွန်ကို ယားယံစေပါသည်။
အခန်းသန့်ရှင်းရေးလုပ်သည့်အခါတွင် ဖျားနာနေသူအား သီးခြားအခန်းသို့ ရွှေ့ခြင်း သို့မဟုတ် ဖုန်မှုန့်များကို မရှူရှိုက်မိစေရန် ဖုန်စုပ်စက်ကို အသုံးပြုပြီး ဖုန်မှုန့်များကို ဖယ်ရှားပါ။
စိုထိုင်းဆကို ချိန်ညှိရန်လည်း လိုအပ်ပါသည်။
အပူပေးစက်ဖြင့် အခန်းကို ခြောက်သွေ့စေပြီး လေလမ်းကြောင်းခြောက်သွေ့မှုကို တိုးစေကာ ချောင်းဆိုးခြင်းကို ဖြစ်စေပါသည်။
ထို့အပြင် သလိပ်ထွက်သော လူနာများတွင် ချွဲသလိပ်၏စေးပျစ်မှု တိုးလာကာ ချောင်းဆိုးခြင်းဖြစ်ပြီး ချောမွေ့စွာ အသက်ရှူခြင်းကို အနှောင့်အယှက်ဖြစ်စေပါသည်။
ဤကဲ့သို့သောအခြေအနေမျိုးတွင် ချွဲသလိပ်ကို ထိထိရောက်ရောက် ထုတ်ပစ်ရန် နည်းလမ်းရှာဖို့ လိုပါသည်။
ဘေးတိုက်လှဲစေပြီး ကျောကိုပုတ်ပေးခြင်းသည် ချွဲသလိပ်ထွေးရန် အကူအညီဖြစ်စေပြီး (ပုံ10)
၊ ခုတင်အနိမ့်၏အစွန့်၌ ထိုင်စေကာ လက်နှစ်ဖက်ကို ကြမ်း၌ထောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို နှိမ့်လိုက်ပါက အဆုတ်အောက်၌ စုပုံနေသောသလိပ်များ အလွယ်တကူ ထွက်လာပါမည်။
ထို့အပြင် ချွဲသလိပ်ပျော်စေရန်အတွက် ရေဓာတ်ဖြည့်ပေးရမည်ဖြစ်သော်လည်း အိပ်ရာထဲလဲနေသော အဖိုးအဖွားများအတွက်ဖြစ်ပါက ရေခဲချောင်းစုပ်စေခြင်းသည် မသီးစေဘဲ သလိပ်ထွေးရန် အကူအညီဖြစ်စေပါသည်။
သွေးခုန်နှုန်းသည် ခန္ဓာကိုယ်အပူချိန်နှင့် အသက်ရှူခြင်းနှင့်အတူ အဖိုးအဖွားများ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို နားလည်ရန် အရေးကြီးသော လက္ခဏာတစ်ခုဖြစ်ပါသည်။
သွေးခုန်နှုန်းသည် နှလုံးခုန်ခြင်းကို ကိုယ်စားပြုပြီး သွေးခုန်နှုန်းကို ထိတွေ့ခြင်းဖြင့် သွေးခုန်နှုန်းကိုသာမက နှလုံးခုန်နှုန်း၊ အရွယ်အစားနှင့် တင်းမာမှုကိုလည်း သိနိုင်မည်ဖြစ်ကာ ရောဂါရှာဖွေရာ၌ အထောက်အကူဖြစ်စေပါသည်။
ထို့အပြင် သွေးခုန်နှုန်းတိုင်းတာခြင်းသည် အလွန်လွယ်ကူပြီး မည်သည့်ကိရိယာမှ မလိုအပ်ပါ။
ဤအပိုင်းတွင် ဦးစွာ နှလုံးဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်များကို ရှင်းပြပါမည်။
ယင်းနောက်တွင် သွေးခုန်နှုန်းကို တိုင်းတာနည်းနှင့် သွေးခုန်နှုန်းကို မည်ကဲ့သို့ စောင့်ကြည့်ရမည်ကို ရှင်းပြပါမည်။
သွေးခုန်နှုန်းကို မည်သို့စောင့်ကြည့်ရမည်ကို စေ့စေ့စပ်စပ်နားလည်ခြင်းသည် မူမမှန်မှုများကို စောစီးစွာသိရှိနိုင်ရန် ကူညီပေးပါလိမ့်မည်။
နှလုံးသည် တစ်မိနစ်လျှင် ပျမ်းမျှအားဖြင့် အကြိမ် 60~80 ခန့်သော စည်းချက်ဖြင့် အကျုံ့အဆန့်ကို ထပ်ခါတလဲလဲ ပြုလုပ်ပါသည်။
နှလုံးသည် 1 ကြိမ်ကျုံ့လိုက်သောအခါ ခန့်မှန်းခြေအားဖြင့် 60~80 မီလီလီတာ ရှိသည့်သွေးများကို သွေးလွှတ်ကြောမမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ ပေးပို့ပါသည်။
ဤသွေးများဖြင့် သွေးကြောနံရံများကို ကျယ်အောင် တွန်းထုတ်ကာ ဖောင်းကားသွားသော်လည်း နှလုံး ကျယ်လာခြင်းအားဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပါသည် (ပုံ 11
)။
ဤသွေးကြောနံရံများ၏အချိန်အပိုင်းအခြားအလိုက် ဖောင်းကားခြင်းသည် အစွန်အဖျားမှ သွေးကြောများအထိ လှိုင်းကဲ့သို့ ပျံ့နှံ့စေပါသည်။
နှလုံးနှင့်ဝေးသောနေရာများတွင်ပင် သင့်လက်ချောင်းကို သွေးလွှတ်ကြောတစ်ခုပေါ်၌ တင်လိုက်ပါက နှလုံးခုန်သံ (ကျုံ့ခြင်း) နှင့် တစ်ထပ်တည်း လက်ချောင်းကို မတင်လိုက်သကဲ့သို့သော တုန်ခါမှုခံစားရနိုင်ပါသည်။
၎င်းသည် သွေးခုန်နှုန်းဖြစ်ပါသည်။
သွေးခုန်နှုန်းကိုရေတွက်ခြင်းဖြင့် နှလုံးကျုံ့နှုန်း တစ်နည်းအားဖြင့် နှလုံးခုန်နှုန်းကို သိနိုင်ပါသည်။
သွေးခုန်နှုန်းကို နားလည်ရန်အတွက် နှလုံး၏ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်များကို သိရှိရန် လိုအပ်ပါသည်။
သွေးလည်ပတ်မှုစနစ်သည် နှလုံးမှ သွေးများကို ခန္ဓာကိုယ်တစ်ခုလုံးမှ တစ်သျှူးများအနှံ့သို့ ညှစ်ထုတ်ပေးပြီး တစ်ချိန်တည်းတွင် ပြန်လည်စုဆောင်းကာ နှလုံးအထိပြန်ပို့ပေးသည့် (လှည့်ပတ်မှုဖြစ်စေသည့်) ကိရိယာမှာ သွေးလည်ပတ်မှုစနစ်ဖြစ်ပြီး ၎င်း၏အဓိကအရင်းအမြစ်မှာ နှလုံးဖြစ်ပါသည်။
တစ်သျှူးများ ရှင်သန်ရန်အတွက် အဆုတ်မှ စုပ်ယူသော အောက်ဆီဂျင်နှင့် အစာချေစနစ်မှ စုပ်ယူသော အာဟာရဓာတ်များနှင့် ကိုယ်တွင်းမှထုတ်ပေးသော ဟော်မုန်းများ လိုအပ်ပြီး အခြားတစ်ဖက်တွင် တစ်သျှူးထဲ၌ ဖြစ်ပေါ်သော အိုမင်းယိုယွင်းသွားသည့်အရာများ (မလိုအပ်တော့သည့်အရာများ)ကို ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ရန်လိုအပ်ပါသည်။
ဤအရာများကို ပျော်ဝင်စေပြီး သယ်ဆောင်သွားပေးသည်မှာ သွေးဖြစ်ကာ ထိုသွေးများကို လှုပ်ရှားမှုပြုစေသည်မှာ သွေးလည်ပတ်မှုစနစ် ဖြစ်ပါသည်။
နှလုံးသည် အဓိကအားဖြင့် ရေစုပ်စက်၏လုပ်ဆောင်ချက်ကို ပြုလုပ်ပြီး သွေးများကို လည်ပတ်စေပါသည်။
တစ်သျှူးအသီးသီးထံသို့ နှလုံးမှ သွေးများပေးပို့သည့် သွေးကြောကို သွေးလွှတ်ကြောဟုခေါ်ပြီး ပြန်ပို့ပေးလိုက်သော သွေးကြောကို သွေးပြန်ကြောဟု ခေါ်ပါသည်။
ထို့အပြင် ဤသွေးလွှတ်ကြောနှင့် သွေးပြန်ကြောတို့အကြား၌ ရှိပြီး နှစ်ခုကို ချိတ်ဆက်ပေးကာ တစ်သျှူးများထဲမှ အောက်ဆီဂျင်နှင့် အာဟာရများကို ဆဲလ်များထဲပေးပို့ပြီး မလိုအပ်တော့သည့်အရာများကို သယ်ထုတ်လာခြင်းဖြင့် ချိတ်ဆက်နေသည့် သေးငယ်သော ပြွန်ကို ဆံချည်မျှင်သွေးကြောဟု ခေါ်ပါသည်။
နှလုံးသည် ရင်ဘတ်အလယ်ဗဟို၏ ဘယ်ဘက်သို့ နည်းနည်းရောက်သောနေရာတွင် တည်ရှိပြီး လူ၏လက်သီးအရွယ်အစားခန့်ရှိပါသည်။
အဓိကအားဖြင့် ကြွက်သားများဖြင့် ပြုလုပ်ထားသောကြောင့် နှလုံးကြွက်သားများ ကျုံ့သွားခြင်းသည် သွေးကြောများအတွင်းသို့ သွေးများကို တွန်းပို့ပေးပြီး နှလုံးကြွက်သားများ ချဲ့ထွင်ခြင်းသည် သွေးပြန်ကြောများမှတဆင့် နှလုံးအတွင်းသို့ သွေးများကို စီးဝင်စေပါသည်။
နှလုံးကို အခန်း 4 ခန်းပိုင်းခြားထားပြီး နှလုံးအပေါ်ခန်း 2 ခုနှင့် အောက်ခန်း 2 ခုတို့ဖြစ်ပါသည်။
၎င်းတို့ကို နှလုံးဘယ်ဘက်အပေါ်ခန်း၊ နှလုံးဘယ်ဘက်အောက်ခန်း၊ နှလုံးညာဘက်အပေါ်ခန်း၊ နှလုံးညာဘက်အောက်ခန်းဟု အသီးသီးခေါ်ကြပါသည်။
ဘယ်ညာ နှလုံးအောက်ခန်းများ၏ အဝင်အထွက်ပေါက်များတွင် အဆို့များရှိပါသည်။
နှစ်ခုလုံးကို တစ်ဖက်ထဲသို့သာ ဖွင့်နိုင်ရန် ဖြစ်ပေါ်နေပြီး သွေးများနောက်ပြန်မစီးဆင်းစေရန် တားထားပါသည် (ပုံ 12)
။
နှလုံး ပုံမှန်ခုန်နေပါသည်။
ညာဘက် နှလုံးအပေါ်ခန်းတွင် sinus node ဟုခေါ်သော နေရာရှိပြီး စည်းချက်မှန်စေရန် ဤနေရာက လုပ်ဆောင်ပေးပါသည် (နှလုံးခုန်ခြင်းသည် အလိုအလျောက်ဖြစ်ပွားပါသည်)။
ထို့နောက် ဤအမိန့်ကို atrioventricular node (နှလုံးသွေးလက်ခံခန်း၏အောက်ခြေ၌ရှိသော အထူးကလပ်စည်းများဖြင့် ဖွဲ့စည်းထားသောအဖုငယ်) နှင့် bundle of His (နှလုံး၏ လျှပ်စစ်လမ်းကြောင်းရှိ အာရုံကြောစု) ဟုခေါ်သော လမ်းကြောင်းများကိုဖြတ်ပြီး နှလုံးအတွင်းခန်းသို့ ရောက်ရှိကာ နှလုံးအတွင်းခန်း ကျုံ့လိုက်ပြီး သွေးများထွက်လာပါသည်။
၎င်းသည် အဆက်မပြတ် ထပ်ခါထပ်ခါ ဖြစ်နေပါသည်။
ဤစနစ်ကို နှလုံး၏ လှုံ့ဆော်မှုကူးပြောင်းစနစ်ဟုခေါ်ပါသည်။
နှလုံး၏ နှလုံးခုန်နှုန်းကို နှလုံးအား ထိန်းချုပ်သည့် အာရုံကြောများ၏ လုပ်ဆောင်ချက်နှင့် အမျိုးမျိုးသော အလိုအလျောက်တုံ့ပြန်မှုများဖြင့် ထိန်းညှိထားပါသည်။
သွေးခုန်နှုန်းကို တိုင်းတာသောအခါ စက္ကန့်တံပါသောနာရီ သို့မဟုတ် StopWatch ကို အသင့်ပြင်ထားရပါမည် (ပြုစုစောင့်ရှောက်မှုပေးရာ၌ စက္ကန့်တံပါသော လက်ပတ်နာရီသည် အဆင်ပြေစေပါသည်)။
ထို့နောက် စိတ်နှင့် ခန္ဓာကိုယ်ကို ငြိမ်သက်အောင်လုပ်ပြီး တိုင်းရပါမည်။
ဥပမာအားဖြင့် အဖိုးအဖွားအား အိမ်သာမှအခန်းသို့ပြန်လာပြီးနောက် ခဏ နားခိုင်းခြင်းဖြစ်ပါသည်။
ထို့နောက် သွေးခုန်နှုန်းရှိသည့်နေရာကို ရှာပါ။
မိမိလက်ကို ကြည့်လိုက်ပါ။
အပြာရောင်နှင့်ခရမ်းရောင်သွေးကြောများ မြင်နေရမည်ဖြစ်ပြီး ၎င်းမှာ သွေးပြန်ကြောဖြစ်ပါသည်။
သွေးလွှတ်ကြောသည် သွေးပြန်ကြောနှင့်မတူဘဲ ခန္ဓာကိုယ်၏ နက်ရှိုင်းသောအပိုင်းများထဲအထိရောက်သောကြောင့် ခန္ဓာကိုယ်ပြင်ပမှနေ၍ အထူးသီးသန့်နေရာများမှအပ ထိတွေ့နိုင်မည်မဟုတ်ပါ။
သွေးခုန်နှုန်းကို ထိနိုင်မည့် အစိတ်အပိုင်းများကို ပုံ 13
၌ ဖော်ပြထားပါသည်။
ဤအစိတ်အပိုင်းများထဲတွင် သွေးခုန်နှုန်းတိုင်းရာ၌ အများဆုံးသုံးကြသည့်အပိုင်းမှာ လက်ဖျံမှ သွေးလွှတ်ကြော ဖြစ်ပါသည်။
လက်ဖျံသွေးလွှတ်ကြောသည် လက်ကောက်ဝတ်၏ လက်မဘက်တွင်ရှိကြောင်း မှတ်သားထားပါက အဆင်ပြေပါသည်။
သွေးခုန်နှုန်းကို အများအားဖြင့် လက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့ လက်ချောင်း 3 ခုကို ပေါင်း၍ လက်ချောင်းအလယ်ပိုင်းကို လက်ဖျံသွေးလွှတ်ကြောပေါ်သို့တင်ကာ တိုင်းရပါမည် (ပုံ 14)
။
ဤအချိန်တွင် လက်ချောင်းထိပ်များ၌ အားအထည့်မလွန်စေရန် သတိထားပါ။
လက်ချောင်းထိပ်များကို အားအထည့်လွန်သွားပါက မိမိ၏လက်ချောင်းထိပ်မှ သွေးခုန်နှုန်းကို ပြန်ခံစားမိနိုင်သောကြောင့် ဖြစ်ပါသည်။
ထို့အပြင် သွေးခုန်နှုန်းတိုင်းတာရန် လက်မကို အသုံးမပြုရသည့် အကြောင်းရင်းမှာ လက်မရှိ သွေးလွှတ်ကြောများသည် အတော်အတန်ထူနေပြီး ထိုသွေးခုန်နှုန်းမှာ အခြားသူတစ်ဦး၏ သွေးခုန်နှုန်းနှင့် ရောထွေးနေခြင်းကြောင့် ဖြစ်ပါသည်။
လူအနည်းကို သွေးခုန်နှုန်းတိုင်းကြည့်မည်ဆိုပါက လူပေါ်မူတည်ပြီး သွေးခုန်နှုန်းစမ်းရလွယ်သည့်သူနှင့် စမ်းရခက်သည့်သူတို့ရှိကြောင်း သိနိုင်ပါမည်။
အမျိုးသမီးများထက် အမျိုးသားများသည် အများအားဖြင့် သွေးခုန်နှုန်းစမ်းရလွယ်ပြီး ဝသည့်သူများထက် ပိန်သည့်သူများက သွေးခုန်နှုန်းစမ်းရပိုလွယ်ပါသည်။
ဝနေသောသူ၏သွေးခုန်နှုန်း စမ်းရခက်သည့်အခါ လက်ချောင်းထိပ်ဖျား၌ အားအနည်းငယ်ထပ်ထည့်ပြီး စမ်းကြည့်ပါ။
ထို့အပြင် သွေးခုန်နှုန်း အလွန်အားနည်းပြီး စမ်းရခက်ပါက လက်ဆုပ်လိုက်ဖြန့်လိုက်လုပ်သည့်လေ့ကျင့်ခန်းကို 10~15ကြိမ်ခန့် အဖန်ဖန်လုပ်ဆောင်စေပြီး ယင်းနောက်၌ တိုင်းတာရပါမည်။
လက်ဖျံသွေးလွှတ်ကြော စီးဆင်းနေသည်ဟုထင်ရသောအပိုင်းကို စမ်းသော်လည်း သွေးခုန်နှုန်း နည်းနည်းမှ မစမ်းမိခြင်းမျိုးလည်း ရှိတတ်ပါသည်။
လက်ဖျံသွေးပြန်ကြောသည် လူပေါ်မူတည်ပြီး ပုံမှန်နေရာ၌မရှိဘဲ လက်ဖျံအပြင်ဘက်သို့ရောက်နေကာ လက်၏နောက်ဘက်၌ စီးဆင်းနေခြင်းမျိုးလည်း ရှိတတ်သောကြောင့်ဖြစ်ပါသည်။
ဤအခြေအနေတွင် လက်ဖျံသွေးလွှတ်ကြောကို သတိနက်နက်နဲနဲပြုပြီး သွေးခုန်နှုန်းစမ်းပါ။
သွေးခုန်နှုန်းတိုင်းတာသည့်အခါ တစ်ဖက်လူ၏လက်မောင်းကို မညောင်းစေရန်အတွက် တိုင်းတာသည့်သူမှ လက်ဖြင့် ထိန်းထားပေးခြင်း၊ တစ်ဖက်လူ၏လက်မောင်းကို စားပွဲစသည်တို့ပေါ် တင်စေပြီးမှ တိုင်းခြင်း လုပ်ရပါမည်။
သွေးခုန်နှုန်းသည် 1 မိနစ်ရှိ အကြိမ်အရေအတွက်ဖြစ်ပါသည်။
သွေးခုန်နှုန်းကို တိုင်းတာသည့်အခါ သွေးခုန်သည့်နှုန်းအပြင် ၎င်း၏စည်းချက်နှင့် ပြင်းအားကိုပါ ကြည့်ရပါမည်။
စည်းချက်နှင့် ပြင်းအားကို ဦးစွာစစ်ဆေးပြီးမှ ကြိမ်နှုန်းရေတွက်သည့်အကျင့် လုပ်ထားပါက အဆင်ပြေနိုင်ပါသည်။
သွေးခုန်နှုန်းသည် သာမန်အားဖြင့် 15 စက္ကန့်စာမှ သွေးခုန်နှုန်းကို ရေတွက်ကာ 4 ဆမြှောက်ထားခြင်း သို့မဟုတ် စက္ကန့် 30 စာ ရေတွက်ပြီး ၎င်း၏တန်ဖိုးကို 2 ဆလုပ်ထားခြင်း ဖြစ်ပါသည် ။
သို့သော် သွေးခုန်နှုန်းမမှန်ခြင်း သို့မဟုတ် နှလုံးရောဂါရှိနေပါက သွေးခုန်နှုန်းကို 1 မိနစ်စာ တိတိကျကျ တိုင်းရန်လိုအပ်ပါသည်။
ကျန်းမာသော အရွယ်ရောက်ပြီးသူများ၏ သွေးခုန်သည့်ကြိမ်ရေသည် 1 မိနစ်လျှင် 60~80 ဖြစ်သော်လည်း မွေးစကလေးများနှင့် ကလေးငယ်များတွင် ပို၍များပါသည် (ဇယား 6-2 ဇယား 6-2)။
ယေဘုယျအားဖြင့်ပြောရလျှင် အမျိုးသမီးများသည် အသက်တူအမျိုးသားများထက် အနည်းငယ်ပို၍များပါသည်။
လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေသည် တူညီနေပါက သွေးခုန်နှုန်းသည် သိသိသာသာ ပြောင်းလဲမည်မဟုတ်သော်လည်း ဇယား 6-3 ဇယား 6-3 တွင် ဖော်ပြထားသည့် အခြေအနေမျိုးတွင် ကျန်းမာသောလူများတွင်ပင် သွေးခုန်နှုန်းသည် တိုးလာမည်ဖြစ်ပါသည်။
1 မိနစ်လျှင် သွေးခုန်နှုန်း 100 နှင့်အထက်ရှိပါက နှလုံးခုန်နှုန်းမြန်ခြင်းဟု ခေါ်ပါသည်။
သွေးခုန်နှုန်း တိုးလာသောအခါ အဖြစ်အများဆုံး ရောဂါအခြေအနေမှာ လူတွင် အဖျားတက်နေချိန်ဖြစ်ပါသည်။
40 ဒီဂရီစင်တီဂရိတ် ခန့်အထိသည် 0.5 ဒီဂရီစင်တီဂရိတ် တက်လာတိုင်း 1 မိနစ်လျှင် 10 ကြိမ်အချိုးအစားဖြင့် သွေးခုန်နှုန်း တိုးလာပါသည်။
ဟိုက်ပါသိုင်းရွိုဒ်ရောဂါနှင့် သွေးအားနည်းရောဂါတို့ ပြင်းထန်သည့်အခါ၌လည်း နှလုံးခုန်နှုန်းမြန်ခြင်းကို တွေ့ရပါသည်။
တစ်မိနစ်လျှင် နှလုံးခုန်နှုန်း 60 ထက်နည်းသောအခါ နှလုံးခုန်နှေးခြင်း ဟုခေါ်ပါသည်။
အားကစားသမားများသည် 1 ကြိမ်လျှင် နှလုံးမှသွေးအများအပြား ပေးပို့နိုင်သောကြောင့် သွေးပမာဏများသည့်အတွက် သွေးခုန်နှုန်း 40 ခန့်ရှိသည့်သူများလည်းရှိပြီး သာမန်ကျန်းမာသည့်သူတစ်ဦးတွင် သွေးခုန်နှုန်းကျသွားခြင်းမရှိပါ။
နှလုံးနှင့် ဦးနှောက်အာရုံကြောရောဂါများတွင် နှလုံးခုန်နှေးခြင်းကို တွေ့ရပါသည်။
ကာယကံရှင်မှသတိမမူမိဘဲ တက်ကြွမှုမရှိကာ အားအင်ကုန်ခန်းနေသည့် အဖိုးအဖွားများ၏ သွေးခုန်နှုန်းကို တိုင်းကြည့်မည်ဆိုပါက နှလုံးခုန်နှေးနေသည့်သာဓကများလည်း တွေ့ရပါသည်။
ဤကဲ့သို့သောအခြေအနေတွင် ဆရာဝန်ထံ ချက်ချင်းသတင်းပို့ပါ။
နှလုံးရောဂါရှိသူများအတွက် သောက်နေသောဆေးပေါ်မူတည်၍ သွေးခုန်နှုန်းကို သတိပြုရပါမည်။
ပုံမှန်သွေးခုန်ခြင်းသည် “ဒုတ်၊ ဒုတ်၊ ဒုတ်” ဟူ၍ ပုံမှန်စည်းချက်ရှိပါသည်။
သွေးခုန်ခြင်းကို စမ်းကြည့်ပြီး “ဒုတ်၊ ဒုတ်ဒုတ်” ဟူသော ခံစားချက်နှင့် “ဒုတ်၊ ဒုတ်၊ ━━━၊ ဒုတ်”ဟူ၍ သွေးခုန်မှုပြတ်သွားခြင်း စသည်ဖြင့် စည်းချက်ပျက်သွားသောအခါ သွေးခုန်နှုန်းမမှန်ခြင်းဟု ခေါ်ပါသည်။
သွေးခုန်နှုန်း 1 ကြိမ် ပျောက်သွားသည်ကို စမ်းသပ်မိသည့်အခါ သွေးခုန်နှုန်းကျော်သွားသည်ဟု ပြောသော်လည်း သွေးခုန်နှုန်းကျော်သွားသည့်သူများမှာ ထင်ထားသည်ထက်ပိုပြီး များပါသည်။
အချို့မှာ အန္တရာယ်မရှိသောကြောင့် သတိပြုမိပါက စိုးရိမ်စရာတစ်စုံတစ်ရာရှိမရှိ စစ်ဆေးနိုင်ရန် ဆရာဝန်ထံ အကြောင်းကြားပါ။
ဆရာဝန်ထံ သတင်းပို့သည့်အခါ သွေးခုန်သည့်ထူးခြားချက်များကို မိမိစကားဖြင့် “ဒုတ်၊ ဒုတ်၊ ဒုတ်ဒုတ်” ကဲ့သို့ ဘာသာစကားပြောင်းပြီး မှတ်သားကာ ပြောပြပေးပါ။
ထို့အပြင် သွေးခုန်နှုန်းမမှန်ခြင်းဖြစ်ပွားချိန်ရှိ အခြေအနေ (ဥပမာအားဖြင့် ရုတ်တရက် ဖြစ်ပွားခြင်း၊ အဆက်မပြတ်ဖြစ်ပွားခြင်း၊ ငြိမ်ငြိမ်နေချိန်၌ဖြစ်ပွားခြင်း စသည်) နှင့် အခြား ရောဂါလက္ခဏာများ (ရင်တုန်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူကြပ်ခြင်း စသည်) ရှိပါက ၎င်းတို့ကိုလည်းပြောပြပေးခြင်းအားဖြင့် စမ်းသပ်စစ်ဆေးမှုကို အထောက်အကူဖြစ်စေပါသည်။
နှလုံးကြွက်သားပျက်စီးသေဆုံးခြင်းစသည့် နှလုံးရောဂါရှိပြီး သွေးခုန်နှုန်းမမှန်ခြင်းကို တွေ့ရသည့်အခါ ဆရာဝန်ထံ ချက်ချင်းသတင်းပို့ပါ။
သွေးခုန်သည့်ပြင်းအားအတိုင်းအတာသည် လွန်စွာကြီးမားသောပြဿနာဖြစ်ပြီး ပုံမှန်အမြင်ဖြင့် ဖော်ပြရန်မလွယ်ကူပါ။
သွေးခုန်နှုန်းတိုင်းတာခြင်းဆိုင်ရာ အတွေ့အကြုံများစွာရယူပြီး ၎င်းအတွေ့အကြုံများထဲမှ သင်ယူသွားရပါမည်။
ကျန်းမာသောလူများတွင် ပြင်းထန်သောလေ့ကျင့်ခန်းလုပ်ပြီးနောက် သွေးခုန်နှုန်းစမ်းကြည့်သည့်အခါ ပြင်းထန်သော သွေးခုန်ခြင်းကို ခံစားမိနိုင်ပါသည်။
ရောဂါကြောင့်ဖြစ်ရာတွင် ဖျားသည့်အခါ၊ သွေးတိုးရောဂါရှိသူများ၊ နှလုံးသွေးလွှတ်ကြောမကြီး၏အဆို့ရှင်တွင် မူမမှန်မှုရှိသူများ၌ တွေ့ရပါသည်။
နှလုံးအားနည်းလာသည့်အခါ သွေးခုန်နှုန်းက အားနည်းလာပါသည်။
လတ်တလောတွင် စူပါမားကတ်များနှင့် ဆေးဆိုင်များ၌ သွေးပေါင်ချိန်တိုင်းကိရိယာများ ရောင်းချနေသည်ကို မကြာခဏ မြင်တွေ့နိုင်ပါသည်။
ယနေ့ခေတ်တွင် သွေးပေါင်ချိန်တိုင်းခြင်းကို ခန္ဓာကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာခြင်းကဲ့သို့ပင် သာမန်အိမ်ထောင်စုများ၌လည်းကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြပါသည်။
ဤအပိုင်းတွင် သွေးပေါင်ချိန်ဆိုသည်မှာ အဘယ်နည်း၊ သွေးပေါင်ချိန်တိုင်းစက်အမျိုးအစားများ၊ သွေးပေါင်ချိန်တိုင်းနည်း၊ သွေးပေါင်ချိန်ပုံမှန်တန်ဖိုး၊ သွေးပေါင်ချိန်မူမမှန်ခြင်း တို့နှင့်ပတ်သက်ပြီး ဖော်ပြပေးသွားပါမည်။
မှန်ကန်သော တိုင်းတာနည်းများကို လေ့လာပြီး သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာခြင်းသည် နေ့စဉ်ကျန်းမာရေးစီမံခန့်ခွဲမှုအတွက် အလွန်အသုံးဝင်ပါသည်။
ထို့အပြင် သွေးပေါင်ချိန်များကို မှတ်တမ်းတင်ထားမည်ဆိုပါက အရေးပေါ်အခြေအနေတွင် အထောက်အကူဖြစ်စေပါသည်။
သွေးပေါင်ချိန်သည် သွေးကြောနံရံများပေါ်သို့ သွေးမှသက်ရောက်စေသော အတွင်းဖိအားဖြစ်ပြီး ပုံမှန်အားဖြင့် သွေးလွှတ်ကြော၏အတွင်းဖိအားကို ရည်ညွှန်းပါသည်။
၎င်းသည် သွေးလိုအပ်သော ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးသို့ သွေးစီးဆင်းမှုကို ထိန်းသိမ်းပေးရန်အတွက် ရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တစ်ခုဟုလည်း ဆိုနိုင်ပါသည်။
သွေးလွှတ်ကြောတစ်ခု၏ အတွင်းဖိအားကို လက်တွေ့အားဖြင့် တိုက်ရိုက်စမ်းသပ်တိုင်းတာနိုင်သော်လည်း ၎င်းကို နေ့စဉ်တိုင်းတာရန် မဖြစ်နိုင်သောကြောင့် သာမန်အားဖြင့် သွေးကြောအတွင်းမှ သွေးကြောနံရံတစ်သျှူးပေါ်သို့ ထောင့်မှန်သက်ရောက်သော ဖိအား (lateral pressure) ကို သွေးပေါင်ချိန်ဟုခေါ်ပါသည်။
ဤနည်းအားဖြင့် သွေးပေါင်ချိန်ဆိုသည်မှာ သွေးကြောနံရံများဆီသို့ သွေးများတွန်းပို့သော စွမ်းအားဖြစ်သောကြောင့် သွေးလွှတ်ကြောနှင့် သွေးပြန်ကြောနှစ်ခုစလုံးတွင် သွေးပေါင်ချိန်ရှိသော်လည်း သွေးပြန်ကြောဖြစ်ပါက သွေးပြန်ကြော၏သွေးပေါင်ချိန်ဟု ခေါ်ကာ ခွဲခြားထားပါသည်။
ကျွန်ုပ်တို့ နေ့စဉ်ပုံမှန်အားဖြင့် “သွေးပေါင်ချိန်” ဟု ခေါ်သောအရာမှာ လက်မောင်းအပေါ်မှ သွေးလွှတ်ကြော၏သွေးပေါင်ချိန်ဖြစ်ပါသည်။
နှလုံးကျုံ့လိုက်သည့်အချိန်တွင် သွေးပေါင်ချိန်သည် အမြင့်ဆုံးဖြစ်ပါသည်။
ဤအခါတွင် သွေးပေါင်ချိန်ကို အမြင့်ဆုံးသွေးပေါင်ချိန် တစ်နည်းအားဖြင့် နှလုံးကျုံ့သည့်အချိန်ရှိသွေးပေါင်ချိန်ဟု ခေါ်ပါသည်။
အခြားတစ်ဖက်တွင် နှလုံးကျယ်ပြန့်လာသည့်အချိန်၌ သွေးပေါင်ချိန်အနိမ့်ဆုံးဖြစ်သွားသည့်အတွက် ဤအချိန်မှ သွေးပေါင်ချိန်ကို အနိမ့်ဆုံးသွေးပေါင်ချိန် တစ်နည်းအားဖြင့် နှလုံးကျယ်ပြန့်လာသည့်အချိန်ရှိသွေးပေါင်ချိန်ဟု ခေါ်ပါသည်။
သွေးပေါင်ချိန်ထိန်းရာ၌ သက်ရောက်မှုရှိစေသည့်အရာအဖြစ် ①နှလုံးညှစ်အား(ညှစ်ထုတ်ပေးသည့်အား)၊ ②အစွန်အဖျားမှ သွေးကြောများ၏ခုခံမှု၊ ③သွေးလွှတ်ကြောစနစ်မှ သွေးပမာဏ၊ ④သွေးပျစ်မှုနှုန်း(စေးပျစ်မှု)၊ ⑤သွေးကြောနံရံများ၏ ပျော့ပျောင်းမှု စသည်တို့ရှိပါသည်။
သွေးပေါင်ချိန်တိုင်းစက်များတွင် ပြဒါးပုံစံ သွေးပေါင်ချိန်စက်၊ aneroid ပုံစံသွေးပေါင်ချိန်စက်၊ အီလက်ထရွန်နစ်သွေးပေါင်ချိန်စက်များရှိပါသည် (ပုံ 15)
။
ပြဒါးပုံစံသွေးပေါင်ချိန်စက်သည် ဆေးရုံများတွင် အသုံးအများဆုံးဖြစ်ပါသည်။
နားကြပ်ဖြင့် သွေးကြောမှအသံများကို နားထောင်ရင်းဖြင့် ပြဒါးတိုင်မှ အမှတ်ကို ဖတ်ရပါမည်။
စက်အမျိုးအစားများအားလုံးထဲတွင် တိုင်းတာမှုတန်ဖိုး အမှန်ကန်ဆုံးဖြစ်သည်ဟု သတ်မှတ်ထားကြပါသည်။
သို့သော်လည်း လတ်တလောတွင် ဆေးရုံစသည်တို့၌ပင် အီလက်ထရွန်နစ်သွေးပေါင်ချိန်စက်များ အသုံးများလာကြပါသည်။
aneroid ပုံစံသွေးပေါင်ချိန်စက်သည် ပြဒါးတိုင်မှ ဖိအားကို ဖိအားတိုင်းတာသည့် စပရိန်လက်တံဖြင့် ဖော်ပြသည့်အရာဖြစ်သောကြောင့် ပြဒါးပုံစံ သွေးပေါင်ချိန်စက်ကဲ့သို့ အလားတူပင် မှန်ကန်မှုရှိသည့်အပြင် အရွယ်အစားသေးငယ်ကာ ပေါ့ပါးသည့်အတွက် အလွယ်တကူ သယ်ယူသွားနိုင်ပါသည်။
သွေးကြောမှအသံများကို နားကြပ်ဖြင့်နားထောင်နေစဉ်အတွင်း ဒိုင်ခွက်ပေါ်မှ လက်တံကို ဖတ်ပါ။
အီလက်ထရွန်နစ်သွေးပေါင်ချိန်စက်သည် ပြဒါးပုံစံ သွေးပေါင်ချိန်စက်ကဲ့သို့ နားကြပ်သုံးပြီး မိမိနားဖြင့် သွေးကြောမှအသံကို နားထောင်ရသည့် အလုပ်ရှုပ်မှု မရှိသော်လည်း ပြဿနာ အနည်းငယ်ရှိပါသည်။
အီလက်ထရွန်နစ်သွေးပေါင်ချိန်စက်များတွင် သွေးကြော၏အသံကို မိုက်ခရိုဖုန်းဖြင့် အလိုအလျောက်နားထောင်သည့်နည်းလမ်း ရှိသော်လည်း ဤအခြေအနေတွင် ဆူညံသံများလည်း ဝင်လာပါသည်။
ထို့ကြောင့် တိုင်းတာနေစဉ်အတွင်း လက်မောင်းကို လှုပ်လိုက်ခြင်း၊ စားပွဲကို တုန်ခါသွားစေခြင်းတို့ရှိသည့်အခါ ဆူညံသံများထွက်လာမည်ဖြစ်သောကြောင့် မှန်ကန်သော သွေးပေါင်ချိန်တန်ဖိုးများ ထွက်မလာခြင်း ရှိနိုင်ပါသည်။
ထို့အပြင် သွေးလွှတ်ကြောသွေးခုန်ခြင်းနှင့်အတူထွက်လာသည့် တုန်ခါမှုများဖြင့် သွေးပေါင်ချိန်တန်ဖိုး သတ်မှတ်သည့်နည်းလမ်းဖြစ်သည့် အီလက်ထရွန်နစ်သွေးပေါင်ချိန်စက်များတွင် သွေးခုန်နှုန်းစမ်းသည့်အခါ အာရုံခံစက် သေသေချာချာ မထိမိပါက တန်ဖိုးများ ကွဲပြားနိုင်ပါသည်။
အီလက်ထရွန်နစ်သွေးပေါင်ချိန်စက်များကို သတိဖြင့် အသုံးပြုရပါမည်။
ပြဒါးပုံစံ သွေးပေါင်ချိန်စက်၊ aneroid သွေးပေါင်ချိန်စက်တို့သည် အကြားအာရုံချို့ယွင်းမှုမရှိသူများဖြစ်ပါက လေ့ကျင့်လျှင် မည်သူမဆို သုံးနိုင်ပါမည်။
ပုံမှန်အားဖြင့် မိမိနေအိမ်၌ ပြဒါးပုံစံ သွေးပေါင်ချိန်စက်နှင့် အီလက်ထရွန်နစ်သွေးပေါင်ချိန်စက်များသုံးပြီး မိမိနှင့် မိသားစုဝင်တို့၏သွေးပေါင်ချိန်များကို တိုင်းတာရန် ကျန်းမာရေးစီမံခန့်ခွဲမှုကဏ္ဍ စသည်တို့၌ အကြံပြုထားပါသည်။
သို့သော် စင်တာများတွင် ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအဖြစ် သွေးပေါင်ချိန်တိုင်းသည့်အခါ “ဆေးဘက်ဆိုင်ရာဥပဒေ” ပုဒ်မ 17၊ သွားဆရာဝန်ဥပဒေပုဒ်မ 17 နှင့် ပြည်သူ့ကျန်းမာရေး သူနာပြုနှင့်သားဖွား ဥပဒေ ပုဒ်မ 31 အရ “ဆရာဝန်မှလုပ်ဆောင်ရမည့်အရာ” ဖြစ်သည့်အတွက် ပြုစုစောင့်ရှောက်သူမှလုပ်ဆောင်ပါက အဆိုပါဥပဒေများကို ချိုးဖောက်ရာရောက်ပြီး ပြဿနာရှိနိုင်ပါသည်။
ဤတွင် ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ထည့်သွင်းစဉ်းစားခြင်းကြောင့် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ “အော်တိုသွေးပေါင်ချိန်စက်ဖြင့် သွေးပေါင်ချိန်တိုင်းခြင်း”နှင့်ပတ်သက်ပြီး ပြုစုစောင့်ရှောက်ရေးဝန်ထမ်းများအတွက် ခွင့်ပြုပေးမည်ဟု ဆုံးဖြတ်ခဲ့ပါသည် (2005 ခုနှစ်)။
အော်တိုသွေးပေါင်ချိန်စက်များကို မှန်ကန်စွာအသုံးပြုနိုင်ရန်အတွက် သွေးပေါင်ချိန်တိုင်းသည့် အခြေခံ အသိပညာနှင့် နည်းစနစ်များကို သိရှိထားရန် လိုအပ်ပါသည်။
၎င်းတို့နှင့်ပတ်သက်ပြီး ပြဒါးပုံစံ သွေးပေါင်ချိန်စက်သုံးနည်းသည် အခြေခံဖြစ်သည့်အတွက် အီလက်ထရွန်နစ်သွေးပေါင်ချိန်စက်ကို မှန်ကန်စွာအသုံးပြုနည်းတတ်မြောက်နိုင်မည့်နည်းလမ်းအဖြစ် ပြဒါးသွေးပေါင်ချိန်သုံးနှင့် ၎င်းကိုသုံးရသည့်ရည်ရွယ်ချက်တို့ကို ဖော်ပြပေးသွားပါမည်။
အဆိုပါ အသိပညာများအသုံးပြုခြင်းအားဖြင့် အော်တိုသွေးပေါင်ချိန်စက်ဖြင့် သွေးပေါင်ချိန်တိုင်းတာနည်းကို လေ့လာပါ။
သွေးပေါင်ချိန်ကို သာမန်အားဖြင့် လက်မောင်းအပေါ်ရှိ သွေးလွှတ်ကြောဖြင့် တိုင်းတာလေ့ရှိပါသည်။
အကြောင်းမှာ တိုင်းတာရလွယ်ကူပြီး နှလုံးနှင့်တူညီသောအမြင့်ရှိသည့်အတွက်ကြောင့် ဖြစ်ပါသည်။
လက်မောင်းအပေါ်မှ သွေးလွှတ်ကြောသည် ချိုင်းအလယ်ဗဟိုမှနေ၍ တံတောင်ဆစ်အကွေး (တံတောင်ဆစ်အတွင်းဘက်) ၏ အလယ်ဗဟိုနှင့် အတွင်းဘက်ဆီသို့ ဦးတည်ပြီး တစောင်းဖြတ်သွားပါသည်။
သွေးပေါင်ချိန်စက်မှ လက်မောင်း၌ပတ်သည့်လက်ပတ်ကို manchette (လက်ပတ်)ဟုခေါ်ပြီး ၎င်းအထဲတွင် 22 စင်တီမီတာခန့်ရှည်သည့် လေထည့်သည့်ရာဘာအိတ်ထည့်ထားပါသည် (ပုံ 16)
။
ထိုအထဲရှိ ရာဘာအိတ်သည် လက်မောင်းအပေါ်မှသွေးလွှတ်ကြောကို ဝန်းရံထားသည့်ပုံစံဖြင့် လက်ပတ် ပတ်လိုက်ပြီး လေသွင်းလိုက်ပါက လက်မောင်းအပေါ်ပိုင်းကြပ်သွားပြီး နောက်ဆုံး၌ လက်မောင်းအပေါ်ပိုင်းမှ သွေးလွှတ်ကြောသည်လည်း ပိပြားသွားပါသည်။
ထို့နောက် လက်ပတ်ထဲမှလေထုကို နည်းနည်းချင်းစီ ပြန်ထုတ်ပြီး လက်မောင်းအပေါ်ပိုင်းမှ သွေးလွှတ်ကြော၏ ဖိအားကို ဖြေလျှော့လိုက်ပါက အချိန်တစ်ခုမှစပြီး သွေးများ ပြန်လည်စတင်စီးဆင်းပါသည်။
ဤအချိန်တွင် သွေးကြောများသည် အနည်းငယ်မျှသာ ပွင့်နေသဖြင့် သွေးများသည် ကျဉ်းမြောင်းသောသွေးကြောများကို အတင်းအကြပ်ဖြတ်သွားသောအခါ အသံဖြစ်ပေါ်ပါသည်။
ဤအသံသည် သွေးကြောပေါ်သို့ ဖိအားသက်ရောက်ပြီး မူလ သွေးကြောအရွယ်အစားသို့ ပြန်မရောက်မီအထိ ဆက်တိုက်ထွက်နေပါသည်။
ဤသွေးကြောမှအသံကို ရှာဖွေတွေ့ရှိသူအမည်အစွဲပြုပြီး “Korotkoff အသံ” ဟုခေါ်ပါသည်။
Korotkoff အသံသည် အစပိုင်းတွင် ဒုတ်ဒုတ်ဟူသည့် သေးငယ်သောအသံဖြစ်ပြီး နောက်ပိုင်း ဂျစ်ဂျစ်ဟူသော ဆူညံသံဖြစ်သွားကာ တစ်ဖန် ဒုတ်ဒုတ်ဟူသည့် အသံကျယ်ကျယ်ပြန်ဖြစ်ပြီး ရုတ်တရက် ဒုတ်ဒုတ်ဟူသည့် အသံသေးသွားပြန်ကာ အသံပျောက်သွားပါမည်။
ဤအသံကို နားကြပ်ဖြင့်နားထောင်သောအခါ၊ အသံစတင်ကြားသောအခါရှိ လက်တံသည် အမြင့်ဆုံးသွေးပေါင်ချိန်၊ အသံပျောက်သွားသောအခါရှိ လက်တံသည် အနိမ့်ဆုံးသွေးပေါင်ချိန် ဖြစ်ပါသည်။
ပုံ 17
မှ 25 တွင် ပြထားပါသည် ပုံ 18
ပုံ 19
ပုံ 20
ပုံ 21
ပုံ 22
ပုံ 23
ပုံ 24
ပုံ 25 
ဥပမာအားဖြင့် အမြင့်ဆုံးသွေးပေါင်ချိန်သည် 128 ဖြစ်ပြီး အနိမ့်ဆုံးသွေးပေါင်ချိန်သည် 84 ဖြစ်ပါက “128/84”ဟု ရေးပါသည်။
သွေးပေါင်ချိန်ယူနစ်သည် mmHg(မီလီမီတာပြဒါး) ဖြစ်သည်။ ခန္ဓာကိုယ်အပူချိန်ဇယားကဲ့သို့ ဂရပ်ပေါ်တွင် ခန္ဓာကိုယ်အပူချိန်၊ သွေးခုန်နှုန်းတို့နှင့်အတူရေးထားမည်ဆိုပါက ရောဂါစမ်းသပ်ရာ၌ အထောက်အကူဖြစ်စေပါသည်။
သွေးပေါင်ချိန်စံတန်ဖိုးသည် ယခင်က WHO ၌ အမြင့်ဆုံးသွေးပေါင်ချိန် 160mmHg နှင့်အထက်၊ အနိမ့်ဆုံးသွေးပေါင်ချိန် 95mmHg နှင့်အထက် သွေးတိုးခြင်း၊ အမြင့်ဆုံးသွေးပေါင်ချိန် 140~160mmHg အတွင်း၊ အနိမ့်ဆုံးသွေးပေါင်ချိန် 90~95mmHg အတွင်းကို သွေးတိုးရောဂါ၏နယ်နိမိတ်တန်ဖိုးအဖြစ် သတ်မှတ်ထားပါသည်။
သို့သော်လည်း နောက်ပိုင်းတွင် နိုင်ငံအသီးသီး၌ အဆိုပါတန်ဖိုးများ လျှော့ချသင့်သည်ဆိုသော သုတေသနရလဒ်များကို အခြေခံပြီး ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများအတွင်း အခြေခံစံတန်ဖိုးကို ပြန်လည်သုံးသပ်လာကြပါသည်။
လက်ရှိတွင် သင့်လျော်သော သွေးပေါင်ချိန် (အကောင်းဆုံးသွေးပေါင်ချိန်) အနေနှင့် 120/80mmHgဟု အကြံပြုထားပါသည် (ဇယား 6-4 ဇယား 6-4)။
ဆေးရုံများ၌ တိုင်းတာသည့်အခါ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကြောင့် လူအများစုသည် ပုံမှန်ထက်ပိုပြီး မြင့်လာကြပါသည်။
ကျန်းမာရေးစစ်ဆေးနေစဉ်အတွင်း သွေးပေါင်ချိန်မြင့်နေပါက တိုင်းတာမှုကို စိတ်အေးလက်အေးဖြင့် အိမ်တွင်ပြုလုပ်ပါ သို့မဟုတ် မတူညီသောနေ့ရက်နှင့် အချိန်များ၌ တိုင်းတာမှုအကြိမ်ကြိမ်ပြုလုပ်ပြီးနောက် ပြနေကျဆရာဝန်ထံမှ ညွှန်ကြားချက်များတောင်းပါ။
နေ့စဉ်လူနေမှုဘဝတွင် သွေးပေါင်ချိန်တက်စေသော အကြောင်းရင်းများစွာရှိပါသည်။
အနည်းငယ်သော သွေးပေါင်ချိန်တိုးခြင်းမှာ အခြေအနေစောင့်ကြည့်လျှင်လည်း ရပါသည်။
ထိုသို့လုပ်ရန်အတွက် မိမိ၏ ပုံမှန်သွေးပေါင်ချိန်ကို သိထားရန်လိုပါသည်။
ထို့အပြင် သတ်မှတ်ကာလအတိုင်း မိမိ၏သွေးပေါင်ချိန်ကိုတိုင်းခြင်း၊ မှတ်တမ်းရေးခြင်း၊ ဆရာဝန်နှင့်ပြသသည့်အချိန်၌ ယူသွားခြင်းတို့လုပ်ပါ။
သွေးလွှတ်ကြောမာလာသည့် အတိုင်းအတာ ပိုဆိုးလာသူများနှင့် သွေးကျဆေး (သွေးတိုးကျဆေး) ဖြင့် ကုသမှုခံယူနေဆဲဖြစ်သူများသည် သွေးပေါင်ချိန် မည်မျှအတိုင်းအတာအတွင်း အပြောင်းအလဲရှိပါက ဆက်သွယ်သင့်သည်ကို ပြသနေသည့်ဆရာဝန်ထံ ကြိုတင်မေးထားပါ။
သွေးပေါင်ချိန်မကြာခဏကျပါက စိုးရိမ်သည့်သူများရှိသော်လည်း သွေးပေါင်ချိန်တန်ဖိုးနိမ့်လျှင်ပင် ပုံမှန်နေထိုင်နိုင်ပါက စိုးရိမ်ရန်မလိုပါ။
လောလောဆယ်တွင်အမြင့်ဆုံးသွေးပေါင်ချိန် 100 နှင့်အောက် ရှိပါက သွေးပေါင်ကျသည်ဟုခေါ်သော်လည်း 90~100 ဝန်းကျင်ရှိသူများ အတော်အတန်များပါသည်။
အထူးသဖြင့် သွေးတိုးကျဆေးတွေ သောက်နေသည့်သူများတွင် ထိရောက်မှုပြင်းထန်ပါက သွေးပေါင်ကျနိုင်ပါသည်။
တိုင်းတာသည့်တန်ဖိုးသည် 130 သို့မဟုတ် 140 ဖြစ်လျှင်ပင် ပုံမှန်ထက် မည်မျှနိမ့်သည်ကို စဉ်းစားပြီး ဆရာဝန်ထံ သတင်းပို့ပါ။
လတ်တလော အဖြစ်များလာသည့် နှလုံးကြွက်သားပျက်စီးသေဆုံးခြင်း (နှလုံးကို ရှင်သန်စေသည့် သွေးကြောဖြစ်သည့် နှလုံးသွေးလွှတ်ကြောများပိတ်သွားပြီး နှလုံးတစ်သျှူးများ ပျက်စီးသေဆုံးသည့်ရောဂါ) ဖြစ်သည့်အခါ၌လည်း သွေးပေါင်ချိန် ရုတ်တရက် ကျဆင်းပါသည်။
ရုတ်တရက် နေမကောင်းဖြစ်ခြင်း သို့မဟုတ် ချွေးထွက်ပြီးချမ်းတုန်ခြင်းတို့ဖြစ်ပါက သွေးပေါင်ချက်ချင်းတိုင်းပြီး ပုံမှန်ထက်နည်းလွန်းပါက ဆရာဝန်ထံ အရေးပေါ်ဆက်သွယ်ပါ။
ထို့ကြောင့် ပုံမှန်အချိန်မှ သွေးပေါင်ချိန်ကို သိရန် အလွန်အရေးကြီးပါသည်။
သွေးပေါင်ချိန်ကို ဘယ်ဘက် သို့မဟုတ် ညာဘက် မည်သည့်လက်မောင်းဖြင့် တိုင်းသင့်ကြောင်း မေးကြသော်လည်း မည်သည့်ဘက်မဆို ရပါသည်။
ကျန်းမာသောလူများတွင် ဘယ်ဘက်နှင့် ညာဘက်အကြား ကွာခြားချက်မရှိသလောက်ဖြစ်ပြီး ရှိပါကလည်း 2~10mmHgမျှသာဖြစ်ပါသည်။
ပုံမှန်တိုင်းတာမည့်အခါ ဘယ်ညာ အဆင်ပြေသည့်ဘက်ကိုသတ်မှတ်ပြီး လုပ်ဆောင်နိုင်ပါသည်။
ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဘယ်ညာ ခြားနားမှုရှိသူများလည်း ရှိတတ်သည့်အတွက် ထိုကဲ့သို့သောလူများသည် ဆရာဝန်ညွှန်ကြားသည့်ဘက်ကို တိုင်းတာပါ။
ထို့အပြင် သွေးပေါင်ချိန်တိုင်းရန် သတ်မှတ်ထားသောအချိန်မရှိသော်လည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေရန်အတွက် သင့်သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာလိုပါက အချိန်တစ်ခုသတ်မှတ်ထားရန် အကြံပြုလိုပါသည်။
တတ်နိုင်သရွေ့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်နေချိန်တွင်သာ သွေးပေါင်ချိန်ကို တိုင်းတာပါ။ ပုံ 26
ကဲ့သို့သော အခြေအနေများတွင် သွေးပေါင်ချိန် အတက်အကျရှိပါသည် ။
ကိုယ်တိုင်သွေးပေါင်ချိန်တိုင်းခြင်းသည် ကျန်းမာရေးစီမံခန့်ခွဲမှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
အီလက်ထရွန်နစ်သွေးပေါင်ချိန်စက်ကို မကျွမ်းကျင်သူများပင် အလွယ်တကူတိုင်းနိုင်အောင် ထုတ်လုပ်ထားပြီး အိမ်သုံးအနေနှင့် လူကြိုက်များလာခဲ့ပါသည်။
ထို့အပြင် လတ်တလောတွင် မည်သူမဆို ပေါ့ပေါ့ပါးပါးတိုင်းနိုင်ရန် ဆေးခန်းမှ စောင့်ဆိုင်းခန်းများ၊ အများပြည်သူဆိုင်ရာ အဆောက်အဦများ၌လည်း တပ်ဆင်လာကြပါသည်။
သွေးပေါင်ချိန်တန်ဖိုးများသည် ကျန်းမာရေးအချက်အလက်အဖြစ် အလွန်အသုံးဝင်သောကြောင့် မှန်ကန်သော တိုင်းတာမှုနည်းလမ်းကို ကျွမ်းကျင်ရန် အရေးကြီးပါသည်။
အီလက်ထရွန်နစ်သွေးပေါင်ချိန်စက်ကို အသုံးပြုသည့်အခါ သတိပြုရမည့်အချက်များကို ဖော်ပြပေးသွားပါမည်။
ရှင်းလင်းချက်များကို သေချာဖတ်ပြီး ညွှန်ကြားချက်အတိုင်း တိုင်းတာပါ။
ထို့နောက် ညွှန်ကြားရသည့်ရည်ရွယ်ချက်ကို “သွေးပေါင်ချိန်တိုင်းတာနည်း” ဟူသော ပင်မစာပိုဒ်နှင့် တိုက်ဆိုင်ဖတ်ရှုပါ။
လက်ပတ်ပတ်နည်းရှင်းလင်းချက်သည် လက်မောင်းအပေါ်ပိုင်းသွေးလွှတ်ကြောမှအသံနှင့် သွေးခုန်သည့်တုန်ခါမှုတို့ကို သေသေချာချာ ဖမ်းယူနိုင်ရန် နားလည်ရလွယ်ကူသောစကားလုံးများဖြင့် ရှင်းပြထားကြောင်း သိနိုင်မည်ထင်ပါသည်။
အီလက်ထရွန်နစ်သွေးပေါင်ချိန်စက်သည် ဆူညံသံနှင့် တုန်ခါမှုတို့ရှိသည့်နေရာများ၌ တိုင်းတာရန် ခက်ခဲပါသည်။
အထူးသဖြင့် အခြားသူတစ်ဦး၏ သွေးပေါင်ချိန်ကို တိုင်းတာသည့်အခါတွင် တိုင်းတာမှုပြုလုပ်သူများသည် ဆူညံသံ သို့မဟုတ် တုန်ခါမှုမဖြစ်အောင် သတိထားရန် အရေးကြီးပါသည်။
ဆေးခန်းများ၌ တပ်ဆင်ထားသည့်သည့် အီလက်ထရွန်နစ်သွေးပေါင်ချိန်စက်များဖြင့် သွေးပေါင်ချိန်ခြင်းသည် ထိုင်ခုံ၌ထိုင်ပြီး လက်မောင်းထည့်ရမည့်ကွင်းထဲသို့ လက်ကိုထည့်လိုက်ကာ ခလုတ်နှိပ်လိုက်ပါက ချက်ချင်း တိုင်းတာနိုင်ပါမည်။
သို့သော်လည်း တိုင်းတာမှုမပြုလုပ်မီ အသက်ပြင်းပြင်းရှူခြင်း 10 ကြိမ်ခန့် မပျက်မကွက်ပြုလုပ်ပြီး အသက်ရှူထုတ်ရှူသွင်းမှု တည်ငြိမ်နေသည့် အခြေအနေတွင် တိုင်းတာမှုခံယူပါ။
သို့မဟုတ်ပါက လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း သွေးပေါင်ချိန်တိုင်းသကဲ့သို့ ဖြစ်သွားပါမည်။
ပုံမှန်သွေးပေါင်ချိန်(အနားယူချိန်တွင်)ကို သိရန်အရေးကြီးသည် ။
အသိစိတ်ချို့ယွင်းခြင်းကို အဓိကအားဖြင့် လေဖြတ်ခြင်းနှင့် ဆီးချိုရောဂါ၊ နှလုံးကြွက်သားပျက်စီးသေဆုံးခြင်းတို့ဖြစ်ချိန်၌ တွေ့ရလေ့ရှိသော်လည်း ကျန်းမာသောသူများ၌ပင် ယာယီအသိစိတ်ချို့ယွင်းမှုဖြစ်ပွားခြင်းရှိပါသည်။
ဥပမာ ဦးနှောက်ထံသို့သွေးရောက်ရှိမှုနည်းခြင်းဖြစ်သည့်အခါ စသည်တို့ဖြစ်ပါသည်။
ဤအပိုင်းမှာတွင် အသိစိတ်ချို့ယွင်းခြင်းဆိုသည်မှာ မည်ကဲ့သို့သောအခြေအနေဖြစ်ကြောင်း၊ အသိစိတ်ချို့ယွင်းမှုဖြစ်စေသည့်ရောဂါ၊ အသိစိတ်ချို့ယွင်းမှုကို ကြည့်ရှုစစ်ဆေးနည်း၊ အရေးပေါ်အခြေအနေ၌ ရှေးဦးသူနာပြုစုနည်းတို့နှင့်ပတ်သက်ပြီး ဖော်ပြသွားပါမည်။
အဖိုးအဖွားများ၏ ဘေးကင်းမှုကို ထိန်းသိမ်းရန်အတွက် အခွင့်ကောင်းကို အသုံးချပြီး ရှေးဦးသူနာပြုစုနည်းသင်တန်းများ တက်ထားရန် လိုအပ်ပါသည်။
အသိစိတ်ဆိုသည်မှာ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်အပေါ် သတိရှိနေခြင်းဟု ဆိုပါသည်။
ဆိုလိုသည်မှာ မိမိရောက်ရှိနေသော အခြေအနေ (အချိန်၊ နေရာ၊ ပတ်ဝန်းကျင်ရှိ လူများ) နှင့် ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်လာသော လှုံ့ဆော်မှုများ (နာကျင်မှု၊ ဆီးအိမ်တင်းခြင်း စသည်) နှင့် ပြင်ပလှုံ့ဆော်မှုများ (မေးခွန်းများ၊ အသံများ စသည်) ကို မှန်ကန်သင့်လျော်စွာ တုံ့ပြန်နိုင်သည့် အခြေအနေဖြစ်ပါသည်။
ဤအခြေအနေများထဲမှ တစ်ခုခု ချို့ယွင်းပါက အသိစိတ်ချို့ယွင်းခြင်း ဖြစ်ပါသည်။
အသိစိတ်ကို ဦးနှောက်ပင်စည်မှ အာရုံသိမှု (သိစိတ်)နှင့် ဆက်နွယ်ပတ်သက်သော အာရုံကြောအဖွဲ့မှ ထိန်းထားပေးသည်ဟုတွေးကြပြီး ဦးနှောက်ပင်စည်နှင့် ဟိုက်ပိုသားလမတ်စ်၊ ဧရိယာကျယ်သည့် ဦးနှောက်ကြီး၏ဖောင်းကြွနေသော ပြင်ပအပိုင်းတို့၌ ထိခိုက်မှုရှိပါက အသိစိတ်ချို့ယွင်းမှု ဖြစ်ပွားပါသည် (ပုံ 27)
။
မူးလဲခြင်းသည်လည်း အသိစိတ်ချို့ယွင်းမှုတစ်ခုဖြစ်ပါသည်။ ဦးနှောက်သို့ သွေးလည်ပတ်မှု ချို့ယွင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ယာယီ အသိစိတ်ချို့ယွင်းမှုဖြစ်ပွားသည့်အခြေအနေကို ရည်ညွှန်းပါသည်။
မူးလဲခြင်း အပါအဝင် အသိစိတ်ချို့ယွင်းမှုကို တွေ့သောအခါတွင် ကွယ်ဝှက်နေသောရောဂါနှင့် အသိစိတ်ချို့ယွင်းမှုအတိုင်းအတာကို သိရန် အရေးကြီးပါသည်။
အသိစိတ်ချို့ယွင်းမှုကို ဖြစ်စေနိုင်သော ရောဂါများစွာရှိသော်လည်း အောက်ပါရောဂါများသည် ရုတ်တရက် ဖြစ်ပွားနိုင်ပါသည်။
လေဖြတ်ခြင်း
ဆီးချိုရောဂါ
ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း
နှလုံးကြွက်သားပျက်စီးသေဆုံးခြင်း
အတက်ရောဂါ
သတိလက်လွတ်ဖြစ်ခြင်း
ထိုရောဂါများအပြင် ကျန်းမာသောလူများပင် ယာယီအသိစိတ်ချို့ယွင်းမှု ကြုံတွေ့ရနိုင်ပါသည်။
လူအပြည့်ရှိနေသည့်ရထားထဲတွင် အချိန်ကြာရှည်စွာ မတ်တပ်ရပ်နေသည့်အခါနှင့် သွားနုတ်ခြင်းကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားရသည့်အခါတို့တွင် စိတ်ခံစားချက်မကောင်းတော့ဘဲ အသိစိတ် ပျောက်ဆုံးသွားခြင်း ရှိတတ်ပါသည်။
၎င်းကို “vasovagal syncope” ဟုခေါ်ပြီး ငြိမ်သက်စွာ အိပ်ခိုင်းလိုက်ပါက အလိုအလျောက် ပြန်ကောင်းသွားပါသည်။
အသိစိတ်ချို့ယွင်းမှုသည် အနည်းငယ် ရီဝေဝေဖြစ်နေသော ပေါ့ပါးသည့်အတိုင်းအတာမှ နာကျင်မှုကိုပင် တုံ့ပြန်ခြင်းမပြုတော့သည့် ပြင်းထန်သောအတိုင်းအထာအထိ ရှိပါသည်။
၎င်းတို့ကို ယေဘုယျအားဖြင့် ဇယား 6-5 ဇယား 6-5 တွင် ပြထားသည့်အတိုင်း ၎င်းတို့၏ ကြံ့ခိုင်မှုအတိုင်းအတာအရ ခွဲခြားထားပါသည်။
အသိစိတ်ချို့ယွင်းမှုကိုတွေ့ပါက လှုံ့ဆော်မှုပေး၍ ၎င်းတို့တုံ့ပြန်ပုံကို ကြည့်ရှုစစ်ဆေးပါ။
ပုံမှန်အားဖြင့် အသုံးများသော လှုံ့ဆော်မှုများမှာ အားနည်းသော လှုံ့ဆော်မှုမှအစပြုပြီး ခေါ်ဆိုသော လှုံ့ဆော်မှု နှင့် နာကျင်စေသည့် လှုံ့ဆော်မှု တို့ဖြစ်ပါသည်။
အရင်ဆုံး နာမည်ကို ခေါ်ကြည့်ပါမည်။
ပုံမှန်အသံဖြင့် “○○စံ”ဟုခေါ်ဆိုပြီး တုံ့ပြန်မှုမရှိပါက ပိုမိုကျယ်လောင်စွာခေါ်ဆိုပါ။
“ဟုတ်ကဲ့” သို့မဟုတ် “ဘာလဲ” ဟု စကားလုံးများဖြင့် ပြန်ဖြေပါက တုံ့ပြန်မှုကောင်းသည်ဟု ယူဆကာ အခြားခေါ်ဆိုမှုတစ်ခုကို လုပ်ပါ။
ဝေါဟာရဖြင့် မတုံ့ပြန်ပါက အခြားနည်းလမ်း ဥပမာအားဖြင့် ပါးစပ်လှုပ်ခြင်း၊ သင့်ဘက်သို့ မျက်လုံးလှည့်ခြင်း သို့မဟုတ် လက်ကို ရွှေ့ခြင်းကဲ့သို့သော အခြားနည်းလမ်းသုံးပြီး တုံ့ပြန်ရန် ကြိုးစားခြင်းရှိမရှိ ကြည့်ပါ။
၎င်းသည် လက်လွတ်၍မရသော တုံ့ပြန်မှုဖြစ်ပါသည်။
သူတို့ နှုတ်ဖြင့် တုံ့ပြန်နိုင်သောအခါ ခေါ်လိုက်သည့်အချိန်မှ တုံ့ပြန်သည့်အချိန်အထိ ကြာချိန်နှင့် ဖြေဆိုသည့်စကားလုံးတို့၏ တိကျမှန်ကန်မှုကို စောင့်ကြည့်ရပါမည်။
မွေးသက္ကရာဇ်၊ ယနေ့ရက်စွဲ၊ နေရပ်လိပ်စာစသည်ဖြင့် ဓမ္မဓိဌာန်ကျကျ ဆုံးဖြတ်နိုင်သည့် မေးခွန်းများမေးသင့်ပါသည်။
စကားလုံးသုံးပြီးဖြေသော်လည်း နှေးကွေးခြင်း၊ မလုံလောက်ခြင်းဖြစ်ပါက ဆိတ်ခြင်းစသည်ဖြင့် အသေးစားနာကျင်စေသည့် လှုံ့ဆော်မှုကိုပေါင်းထည့်ကာ ခေါ်ဆိုကြည့်ပါ။
ခေါ်ဆိုသော်လည်း ပြန်မဖြေပါက နာကျင်စေသည့်လှုံ့ဆော်မှုပေးပြီး ၎င်းကိုတုံ့ပြန်သည့်လုပ်ဆောင်ချက် (မျက်မှောင်ကြုတ်ခြင်း၊ ခြေလက်လှုပ်ခြင်း၊ ပွတ်သပ်ဖယ်ရှားရန်လုပ်ခြင်းစသည်) တို့ကို ကြည့်ရှုရပါမည်။
နာကျင်စေသောလှုံ့ဆော်မှုတွင် ခန္ဓာကိုယ်အပေါ်ပိုင်းကို အသာအယာရိုက်ပုတ်ခြင်း သို့မဟုတ် ပြင်းထန်ပါက လက်မောင်းအပေါ်ပိုင်း သို့မဟုတ် ပေါင်အတွင်းပိုင်းကို ပြင်းပြင်းထန်ထန် ဆိတ်သည့်နည်းလမ်း စသည်တို့ ရှိပါသည်။
ဤကဲ့သို့သော လုပ်ငန်းစဉ်များသုံးပြီး အသိစိတ်ချို့ယွင်းမှု အတိုင်းအတာကို ရှာဖွေရပါမည်။
အရင်ဆုံး “ဘာဖြစ်တာလဲ” သို့မဟုတ် “○○စံ၊ ဘာဖြစ်တာလဲ” ဟုဆိုပြီး အနားကပ်၍အသံပြုကာ အသိစိတ်ရှိမရှိ စစ်ဆေးရပါမည်။
ဒီအချိန်၌ စကားပြောနိုင်ပါက စိတ်အေးရပါသည်။
စကားပြောဆိုနိုင်ခြင်းဆိုသည်မှာ အသက်ရှူနိုင်ပြီး အတိုင်းအတာတစ်ခုအထိ အသိစိတ်ရှိနေကြောင်းကို ပြပါသည်။
အကယ်၍ စကားမပြောနိုင်ဘဲ ပုခုံးကို ပုတ်သော်လည်း တုံ့ပြန်မှုမရှိပါက အသံကျယ်ကျယ်ဖြင့် ချက်ချင်း အကူအညီတောင်းရပါမည်။
အကူအညီခေါ်ပြီးပါက အရင်ဆုံး လေလမ်းကြောင်းဖွင့်ပေးပြီး အသက်ရှူကြောင်း အတည်ပြုရပါမည်။
အောက်မေးရိုးကို မြှင့်ပြီး လည်ချောင်းကို ဆန့်ထုတ်သည့်အနေအထားသို့ ပြုလုပ်ပေးရပါမည် (ပုံ 28)
။
အကြောင်းမှာ လည်ချောင်းအတွင်း၌ လျှာကျသွားပြီး လေလမ်းကြောင်း ပိတ်မိခြင်းကို ကာကွယ်ရန် ဖြစ်ပါသည်။
ပါးစပ်ထဲတွင် အန်ဖတ်များဆို့နေပါက မျက်နှာကိုဘေးစောင်းထားပြီး လက်ချောင်းဖြင့် ကော်ထုတ်ရပါမည် (ပုံ 29)
။
အသက်ရှူခြင်းရှိမရှိ စစ်ဆေးရန်မှာ ရင်ဘတ်လှုပ်ရှားမှုကို ကြည့်ခြင်း၊ ကာယကံရှင်၏မျက်နှာနားသို့ လက်ကပ်ပြီး ပါးစပ်နှင့်နှာခေါင်းတို့မှ ရှူုထုတ်လိုက်သောလေ ရှိမရှိစစ်ဆေးခြင်းတို့လုပ်ပြီး အတည်ပြုရပါမည်။
အတည်ပြုရန်အတွက် 10 စက္ကန့်ထက် ပိုမယူရန် အရေးကြီးပါသည်။
ရင်ဘတ်လှုပ်ရှားမှုမရှိဘဲ အသက်ရှူထုတ်သည့်ခံစားချက်မရှိပါက “အသက်ရှူခြင်းမရှိ” ဟု ဆုံးဖြတ်ပြီး ပါးစပ်မှလေမှုတ်သွင်းပေးခြင်းကို အလျင်အမြန် စတင်ရပါမည် (ပုံ 30)
။
ပါးစပ်မှလေမှုတ်သွင်းပေးခြင်းကို ပထမ၌ နှစ်ကြော့လုပ်ရပါမည်။
ပါးစပ်မှလေမှုတ်သွင်းပေးခြင်းကို 2 ကြော့လုပ်ပေးခြင်းအားဖြင့် အသက်ပြန်ရှူခြင်းရှိမရှိ အတည်ပြုရပါမည်။
အကယ်၍ အသက်မရှူပါက ချက်ချင်းပင် နှလုံးနှိပ်ခြင်း (15 ကြိမ်) (ပုံ 31)
၊ ပါးစပ်မှလေမှုတ်သွင်းပေးခြင်း (2 ကြိမ်) နှင့် နှလုံးနှိပ်ခြင်း (15 ကြိမ်) ကို အပြန်ပြန်လုပ်ပေးရပါမည်။
ဦးနှောက်သွေးယိုစီးခြင်းကဲ့သို့သော ကိစ္စများတွင် ခန္ဓာကိုယ်ကို မရွှေ့ဘဲနေခြင်းက ပိုကောင်းသည်ဟု တစ်ခါတစ်ရံတွင် ပြောလေ့ရှိသော်လည်း ၎င်းသည် လုံးဝမလိုအပ်ပါ။
အိမ်သာကဲ့သို့ ကျဉ်းသောနေရာ၌ ယင်းအတိုင်းထား၍မရသလို လူအင်အားရှိပြီး ရွှေ့နိုင်သည့်အနေအထားဖြစ်ပါက အေးဆေးငြိမ်သက်ပြီး နွေးနွေးထွေးထွေးရှိသည့်နေရာသို့ ပြောင်းပေးသင့်ပါသည်။
ရွှေ့သည့်အခါ အထူးသဖြင့် ခေါင်းကို ရမ်းမနေစေရန် သေသေချာချာ ထိန်းပြီးမှ ညင်သာစွာနှင့် ငြိမ်သက်စွာ သယ်ဆောင်ပါ။
အသိစိတ်အခြေအနေနှင့် အသက်ရှူသည့်အခြေအနေတို့ကိုလည်း ဆက်လက်စောင့်ကြည့်ရပါမည်။
ဥပမာ အသက်ရှူနေသော်လည်း တဖြည်းဖြည်း အသက်ရှူနှုန်းမမှန်ခြင်း၊ ကြမ်းတမ်းလာခြင်းတို့ ရှိတတ်ပြီး အစပိုင်း၌ သေသေချာချာ စကားပြောနိုင်သော်လည်း ထိုအတောအတွင်း၌ပင် အသိစိတ်မရှိတော့ခြင်းလည်း ရှိတတ်ပါသည်။
ထို့အပြင် ခန္ဓာကိုယ်တစ်ခုလုံး၏ အခြေအနေကို စောင့်ကြည့်ရန် အရေးကြီးပါသည်။
မျက်နှာအရောင်၊ မျက်လုံး၊ ချွေးထွက်ခြင်းရှိမရှိ၊ သွေးခုန်နှုန်းပြင်းအားနှင့် ကြိမ်နှုန်း၊ လက်နှင့်ခြေများ အေးမအေး၊ လက်နှင့်ခြေများ လှုပ်ရှားမှုရှိမရှိ၊ ဆီးနှင့်ဝမ်းမထိန်းနိုင်ခြင်း ရှိမရှိတို့ကို စောင့်ကြည့်ပါ။
ဤအချက်အလက်များသည် ရောဂါရှာဖွေရာတွင် အလွန်အသုံးဝင်ပါသည်။
လူနာ၏အမည်နှင့် အသက်၊ မည်သည့်အချိန်၊ မည်သည့်နေရာ၌ မည်သည်ကိုလုပ်နေစဉ်အတွင်း လဲကျသွားကြောင်း၊ လဲကျချိန်ရှိ ရောဂါလက္ခဏာများ (အသိစိတ်၊ အသက်ရှူခြင်း၊ သွေးခုန်ခြင်း၊ အခြားလက္ခဏာများ) ကို အစီရင်ခံရပါမည်။
အသိစိတ်ချို့ယွင်းမှုအတိုင်းအတာကို အရှိအတိုင်း ဖော်ပြရပါမည်။
ဥပမာအားဖြင့် “ယခုအချိန်အထိ ကျန်းကျန်းမာမာရှိခဲ့သော်လည်း ရုတ်တရက်လဲကျသွားပြီး အသံကျယ်ကျယ်ဖြင့် ခေါ်သော်လည်း မျက်လုံးမပွင့်ပါ” ဟူ၍ ပြောပြရပါမည်။
လူနာတင်ကားခေါ်သည့်အခါ
လူနာတင်ယာဉ်များသည် လူနာများကို ဆေးရုံများသို့ တတ်နိုင်သမျှ အမြန်ပို့ဆောင်ပေးကြပြီး ဆေးမှူးများသည် ရှေးဦးသူနာပြုစုခြင်း၏ အခြေခံအချက်အားလုံးကို သိရှိသောကြောင့် အရေးပေါ်အခြေအနေတွင် အလွန်ယုံကြည်စိတ်ချရပါသည်။
သို့သော် လူနာတင်ယာဉ်များတွင်လည်း လုပ်ဆောင်ချက်အကန့်အသတ်များ ရှိပါသည်။
ဦးစွာ လူနာတင်ယာဉ်ထံမှ ဆေးကုသမှုခံယူရန် မမျှော်လင့်နိုင်ပါ။
ထို့အပြင် လူနာတင်ယာဉ်များသည် လူနာများကို ခေါ်သည့်အခါတိုင်း ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းသို့ ခေါ်သွားပေးရန်လည်း တာဝန်ရှိပါသည်။ ထို့ကြောင့် အသုံးပြုသူသည် ဆေးရုံတစ်ခုသတ်မှတ်မထားပါက ၎င်းတို့၏သက်ဆိုင်ရာနယ်မြေမှ သတ်မှတ်ထားသော အရေးပေါ်ဆေးရုံသို့ လူနာကို ခေါ်ဆောင်သွားမည်ဖြစ်ပါသည်။
ဤအခြေအနေတွင် မိမိသဘောကျသော ဆေးရုံဆေးခန်းများ၌ ကုသမှုမခံနိုင်တော့ကြောင်း နားလည်ထားရပါမည်။
အရေးပေါ်အခြေအနေပေါ် မူတည်၍ လူနာတင်ယာဉ်သည် မည်မျှပင်လျင်မြန်ပါစေ လူနာတင်ယာဉ်ခေါ်ခြင်းသည် အမြဲတမ်းကောင်းမွန်ခြင်းရှိ၊ မရှိ မေးခွန်းထုတ်စရာရှိပါသည်။
အမျိုးမျိုးစဉ်းစားကြည့်ပါက အရေးပေါ်ဖြစ်သည့်အခါ ပြနေကျဆရာဝန်ထံ ဖုန်းဆက်ခြင်းသည်သာ အကောင်းဆုံးဟု ယူဆပါသည်။
အခြေအနေပေါ်မူတည်၍ လာရောက်ကြည့်ရှုပေးခြင်း၊ အရေးပေါ်ကား ခေါ်သင့်မခေါ်သင့်နှင့် မည်သည့်ဆေးရုံခေါ်သွားသင့်သည်တို့ကိုလည်း တိုင်ပင်နိုင်ပါမည်။
အရေးပေါ် ဆေးရုံတက်ရသည့် ကိစ္စမျိုးတွင် လူနာ၏မိသားစုသည် ပုဂ္ဂိုလ်ရေးအားဖြင့် ဆေးရုံနှင့်ဆွေးနွေးခြင်းထက် ပြနေကျဆရာဝန်မှတစ်ဆင့်လုပ်ဆောင်ပါက ချောချောမွေ့မွေ့ ဖြစ်နိုင်ပါမည်။
ဖုန်းနံပါတ် 119 ဖြင့်ခေါ်ပြီးနောက် ရောက်လာသည်အထိ အကြမ်းဖျင်း မိနစ်အနည်းငယ်ကြာသော်လည်း အိမ်နှင့် သွားရမည့်နေရာတို့ရှာရန်အတါက် အချိန်ကြာနေပါက နောက်ကျမှရောက်လာပါမည်။
ဖုန်းခေါ်သည့်အခါ အမှတ်အသားများကို တတ်နိုင်သရွေ့ အသေးစိတ်ပြောပြပါ။
119 သို့ ဖုန်းဆက်လိုက်ပါက အောက်ပါအစီအစဉ်အတိုင်း မေးမြန်းခံရပါမည်။
မီးလောင်မှုလား?
အရေးပေါ်အခြေအနေလား?
“အရေးပေါ်အခြေအနေပါ။”
ဘာဖြစ်တာလဲ?
“အဖေ ရုတ်တရက်လဲကျပြီး သတိလစ်သွားလို့ပါ။”
လိပ်စာနဲ့နာမည်ကိုပြောပေးပါ?
“OOရပ်ကွက် OOမြို့OOနယ်မြေက OO ဖြစ်ပါတယ်။”
အခုသုံးနေတဲ့ဖုန်းနံပတ်ကိုပြောပေးပါ?
“0000-0000 ပါ။”
အနီးနားမှာ ထင်ရှားတဲ့အမှတ်အသားရှိလား?
“OO မူလတန်းကျောင်း နံဘေးပါ”
ထို့အပြင် လူနာတင်ကားစောင့်နေသည့်အချိန်တွင် ရောဂါရှာဖွေရာ၌ လိုအပ်မည့်အရာများ (ကျန်းမာရေးအာမခံကတ်၊ တံဆိပ်တုံး၊ ဆေးရုံတက်ရမည်ဆိုပါက သေချာပေါက်လိုအပ်မည့် ညအိပ်ဝတ်စုံနှင့် မျက်နှာရန်ပစ္စည်းများ)ကို ပြင်ဆင်ထားရပါမည်။
အတူလိုက်ပါမည့်သူကိုလည်း ဆုံးဖြတ်ပါ။
ရုတ်တရက်ပြောင်းလဲသွားသည့်အခြေအနေမျိုးကို အကြောင်းအသိဆုံးဖြစ်သည့်သူမှ အတူလိုက်ပေးပါ။
သတိလစ်ပြီး လဲနေသည့်သူကိုတွေ့သည့်အခါ အရင်ဆုံး ပျာယာမခတ်ဘဲ လူနာ၏အခြေအနေကို ကောင်းစွာကြည့်ရှုစစ်ဆေးပြီးမှ ဆရာဝန် သို့မဟုတ် 119 ထံ အမြန် ဆက်သွယ်ပါ။
ထို့အပြင် ယင်းနေရာ၌ လူနာဘေးမှ မခွာခြင်း၊ တစ်ဦးတစ်ယောက်မှ ခေါင်းဆောင်တာဝန်ယူပြီး ဖြစ်စဉ်တစ်ရပ်လုံး၏အခြအနေကိုကြည့်ရင်းဖြင့် ဆောင်ရွက်ပေးရန်အရေးကြီးပါသည်။
2004 ခုနှစ်မှစတင်၍ သာမန်အများပြည်သူကို နှလုံးခုန်စက် (AEDs) ကို အသုံးပြုခွင့်ပေးခဲ့ပါသည်။
ရုတ်တရက် သတိလစ်ပြီး လဲသွားသူများထဲတွင် အကြောင်းအရင်းအနေနှင့် အများဆုံးဖြစ်သည်မှာ နှလုံး၌ တစ်ခုခု မူမမှန်ခြင်းဖြစ်ပါသည်။
ထိုအထဲတွင် “ventricular fibrillation” ဟုခေါ်သောအရာသည် နှလုံးရပ်တန့်မှုကို လျှပ်စစ်ဖြင့်ကုသပေးခြင်းကို စောလျင်စွာလုပ်ဆောင်ခြင်းအားဖြင့် နှလုံး၏ မူလလုပ်ဆောင်ချက်များ ပြန်လည်ရရှိစေနိုင်ပါသည်။
အကယ်၍ အနီးအနား၌ AED ရှိလျှင် ၎င်းကိုချက်ချင်းသုံးပါ။
အသုံးပြုရလွယ်ကူသော်လည်း သင်တန်းတစ်ခေါက် တက်ထားသင့်ပါသည်။