ကျွန်ုပ်တို့ အလုပ်လုပ်ရန် သို့မဟုတ် ခန္ဓာကိုယ်အတွင်းမှ အမျိုးမျိုးသော ကိုယ်တွင်အင်္ဂါများ ၎င်းတို့၏လုပ်ဆောင်ချက်များပြုလုပ်ရန်အတွက် စွမ်းအင်လိုအပ်ပါသည်။
အဆိုပါစွမ်းအင်သည် အစာစားခြင်းအားဖြင့် ဖြည့်တင်းနိုင်သည့်အတွက် ကျွန်ုပ်တို့ခန္ဓာကိုယ်အဖို့ အစာစားခြင်းသည် အိပ်စက်ခြင်းနှင့် အညစ်အကြေးစွန့်ခြင်းတို့ကဲ့သို့အလားတူစွာပင် အသက်ကိုထိန်းသိမ်းရန်နှင့် ကျန်းမာရေးထိန်းသိမ်းရန်၊ မြှင့်တင်ရန်တို့အတွက် ချန်လှပ်ထား၍မရသော အရေးပါသည့်အရာဖြစ်ပါသည်။
ထို့အပြင် အစားအသောက်သည် နေထိုင်မှုဘဝတွင် ပျော်ရွှင်မှုဖြစ်ခြင်းနှင့်လည်း ဆက်နွယ်ပါသည်။
အသက်အရွယ်ကြီးမြင့်သူများအား စားသောက်ရန်ပြုစုစောင့်ရှောက်ရာ၌ အာဟာရ၊ အစာချေခြင်း၊ စုပ်ယူခြင်းတို့နှင့်ပတ်သက်သည့် အခြေခံဗဟုသုတများရှိထားရမည့်အပြင် ခန္ဓာကိုယ်၏ထူးခြားသည့်ဝိသေသများကိုပါ နားလည်သဘောပေါက်ထားပြီး အဆိုပါအချက်များကိုအသုံးချထားသည့် နည်းပညာများဖြင့် ပြုစုစောင့်ရှောက်မှုပေးရန်မှာ အရေးကြီးပါသည်။
ထို့အပြင် မိမိကိုယ်တိုင် ပိုမိုကောင်းမွန်သော နေထိုင်စားသောက်မှုဘဝကျင့်သုံးခြင်းသည် ပြုစုစောင့်ရှောက်မှုပေးရာ၌ အရာအားလုံးထက် အသုံးဝင်ပါသည်။
ဤအပိုင်းတွင် အာဟာရဓာတ်များနှင့် လိုအပ်သည့်အာဟာရပမာဏ၊ အာဟာရမျှတမှု၊ အစာချေခြင်းနှင့် စုပ်ယူခြင််းယန္တရားတို့နှင့်ပတ်သက်ပြီး ဖော်ပြသွားပါမည်။
အာဟာရဓာတ်အမျိုးအစားအသီးသီးသည် ခန္ဓာကိုယ်အတွက် မည်ကဲ့သို့သော သက်ရောက်မှုမျိုးရှိကြောင်း နားလည်ထားပါက ၎င်းတို့လိုအပ်ပုံကို နားလည်နိုင်မည်ဖြစ်ပါသည်။
ထို့အပြင် မည်သည့်အာဟာရဓာတ်မဆို တစ်ခုမျှချန်လှပ်ထား၍မရကြောင်း နားလည်သွားပြီး အာဟာရမျှတမှု၏ အရေးကြီးပုံကို သတိချပ်နိုင်မည်ဟု ယူဆပါသည်။
အာဟာရမျှတသော အစားအသောက်ကို တကူးတကစားနေသော်လည်း အစာချေခြင်း၊ စုပ်ယူခြင်း ကောင်းစွာမလုပ်ဆောင်နိုင်ပါက ခန္ဓာကိုယ်အတွက် အသုံးမဝင်ပါ။
အစာချေခြင်း၊ စုပ်ယူခြင်းတို့ကို ကူညီပေးနိုင်မည့် နည်းလမ်းများအတွက် အဆိုပါယန္တရားများကို သိထားခြင်းအားဖြင့် စဉ်းစားသွားနိုင်မည်ဖြစ်ပါသည်။
ကျွန်ုပ်တို့ အသက်ရှင်သန်ပြီး ခန္ဓာကိုယ်ကိုထိန်းသိမ်းကာ နေ့စဉ်နေထိုင်လှုပ်ရှားရာ၌ လှုပ်ရှားမှုပြုရန်လိုအပ်သော စွမ်းအင်ဖြည့်တင်းရန်နှင့် ခန္ဓာကိုယ်ကြီးထွားခြင်း၊ တစ်သျှူးအသီးသီး၏ သုံးစွဲခြင်းတို့ကို ဖြည့်တင်းပေးရန်အတွက် အစိတ်အပိုင်းများလိုအပ်ပါသည်။
အာဟာရဓာတ်ဆိုသည်မှာ ဤကဲ့သို့သောအားဖြင့် ကျွန်ုပ်တို့ ရှင်သန်နေထိုင်သွားရန်အတွက် လိုအပ်သောပစ္စည်းဖြစ်ပြီး အစားအစာများထဲ၌ ပါဝင်ပါသည်။
အာဟာရဓာတ်တွင် ကာဗိုဟိုက်ဒရိတ်(သကြားဓာတ်ဟုလည်းခေါ်ပါသည်)၊ အဆီဓာတ်၊ ပရိုတင်းဓာတ်၊ သတ္တုဓာတ် (မင်နရယ်/ အီလက်ထရိုလိုက်)၊ ဗီတာမင်တို့ ပါဝင်ပါသည်(ပုံ 1)
။
အာဟာရဓာတ်၏အဓိကလုပ်ဆောင်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ခန္ဓာကိုယ်အတွင်းရှိ ဓာတုတုံ့ပြန်မှုများကြောင့် အပူကို ထုတ်ပေးသည့်အရာဖြစ်ပြီး ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်နှင့် ပရိုတင်းဓာတ်များကဲ့သို့သော အာဟာရဓာတ်များသည် စွမ်းအင်အရင်းအမြစ်များ ဖြစ်ပါသည်။
ဤအာဟာရဓာတ်များကို “ကယ်လိုရီ” ဟုခေါ်ပါသည်။
ကာဗိုဟိုက်ဒရိတ်နှင့် ပရိုတင်းဓာတ်တို့ကို ခန္ဓာကိုယ်အတွင်း ဓာတ်တိုးမှု (လောင်ကျွမ်းမှု) ဖြစ်စေပါက 1 ဂရမ်လျှင် 4.1 ကယ်လိုရီ၊ အဆီဓာတ်သည် 9.3 ကယ်လိုရီရှိသော စွမ်းအင်ထုတ်ပေးပါသည်။
ကာဗိုဟိုက်ဒရိတ်သည် လောင်ကျွမ်းရန် အလွယ်ကူဆုံးဖြစ်ပါသည်။
ကြွက်သား၊ အာရုံကြော၊ အရိုး၊ သွား၊ သွေးနှင့် အခြားခန္ဓာကိုယ်တစ်သျှူးများကို ဖွဲ့စည်းထားသည့် အစိတ်အပိုင်းဖြစ်ပြီး သုံးစွဲလိုက်သော ရုပ်ပိုင်းဆိုင်ရာပါဝင်မှုအစိတ်အပိုင်းများကို ပြန်လည်ဖြည့်တင်းရာ၌ အသုံးဝင်သော ဒြပ်ပစ္စည်းဖြစ်ပါသည်။
အဓိကအားဖြင့် ပရိုတင်းဓာတ်၊ အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ သတ္တုဓာတ်များ (ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ် စသည်) နှင့် ရေသည် ဤလုပ်ဆောင်ချက်ကို လုပ်ဆောင်ပါသည်။
ပရိုတင်းဓာတ်သည် တစ်သျှူးများ၏ ဖွဲ့စည်းမှုတွင် အခြေခံကျသော ဒြပ်ပစ္စည်းဖြစ်ပါသည်။
သတ္တုဓာတ်များသည် အရိုးနှင့်သွားများကဲ့သို့သော မာကျောသောတစ်သျှူးများဖွဲ့စည်းရန် လုပ်ဆောင်ပေးပါသည်။
ရေသည် ခန္ဓာကိုယ်အလေးချိန်၏ 60 ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီး ရှိသမျှသော တစ်သျှူးများ၊ ဆဲလ်များ၊ ခန္ဓာကိုယ်အရည်များထဲ၌ ပါဝင်ပါသည်။
အဆီဓာတ်သည် အာရုံကြောတစ်သျှူးများဖွဲ့စည်းရာ၌ ပါဝင်ပြီး အရေပြားအောက်ရှိ အဆီအဖြစ် သိုလှောင်ထားပါသည်။
ကာဗိုဟိုက်ဒရိတ်ကို အဓိကအားဖြင့် ဂလိုက်ကိုဂျင်အဖြစ်သို့ ပြောင်းလဲပြီး အသည်းတွင် သိုလှောင်ထားပါသည်။
ဗီတာမင်၊ သတ္တုဓာတ်နှင့် ရေတို့သည် ခန္ဓာကိုယ်၏ ဇီဝကမ္မ လုပ်ငန်းဆောင်တာများကို ချောမွေ့စေသည့် လုပ်ဆောင်မှုဖြစ်ပြီး “သက်စောင့်ဓာတ်”ဟုလည်း ခေါ်ကြပါသည်။
“ဂျပန်လူမျိုးများ၏ အစားအစာစားသုံးမှုစံနှုန်း (2010 ထုတ်ဝေမှု)” သည် ကျန်းမာသော တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အစုအဖွဲ့တို့ကို ဦးတည်ပြီး နိုင်ငံသားများ၏ ကျန်းမာရေးထိန်းသိမ်းမှု၊ မြှင့်တင်မှု၊ လူနေမှုပုံစံနှင့်ပတ်သက်သောရောဂါများကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်ချက်ဖြင့် စွမ်းအင်နှင့် အာဟာရဓာတ်အသီးသီး ရယူစားသုံးမှုပမာဏဆိုင်ရာ စံနှုန်းများကို ဖော်ပြထားသောအရာဖြစ်ပါသည်။
စွမ်းအင်နှင့် အာဟာရ ရယူစားသုံးမှုပမာဏ အနည်းအများပေါ်မူတည်ပြီးဖြစ်ပွားသည့် ကျန်းမာရေးထိခိုက်မှုများသည် အာဟာရဓာတ်ချို့တဲ့ခြင်းနှင့် ရယူစားသုံးမှုမလုံလောက်ခြင်းတို့ကြောင့်သာမဟုတ်ဘဲ လွန်ကဲခြင်းကြောင့်လည်း ဖြစ်ပွားပါသည်။
ထို့အပြင် အာဟာရ ရယူစားသုံးမှုပမာဏအနည်းအများသည် လူနေမှုပုံစံနှင့်ပတ်သက်သောရောဂါများကို ကြိုတင်ကာကွယ်နိုင်သည့်အခြေအနေများလည်းရှိပါသည်။
ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မြှင့်တင်ရန်၊ အာဟာရဓာတ်ချို့တဲ့မှုများကို ကာကွယ်ရန်အတွက် “ခန့်မှန်းခြေ ပျမ်းမျှလိုအပ်သည့်ပမာဏ”နှင့် “အကြုံပြုထားသည့်ပမာဏ”တန်ဖိုး 2 ခုကို သတ်မှတ်ထားပါသည်။
ဤအညွှန်းကိန်း 2 ခုဖြင့် သတ်မှတ်ခြင်းမပြုနိုင်သည့် အာဟာရဓာတ်များနှင့်ပတ်သက်ပြီး “ရှိသင့်သောပမာဏ”ကို သတ်မှတ်ထားပါသည်။
ထို့အပြင် အလွန်အကျွံရယူစားသုံးခြင်းကြောင့်ဖြစ်ရသည့် ကျန်းမာရေးထိခိုက်မှုများကို မဖြစ်ပွားမီကြိုတင်ကာကွယ်ရန် ရည်ရွယ်ချက်အနေဖြင့် “လက်ခံနိုင်သောအမြင့်ဆုံးပမာဏ” ကိုသတ်မှတ်ထားပါသည်။
ထို့အပြင် လူနေမှုပုံစံနှင့်ပတ်သက်သောရောဂါများကို ပထမအဆင့်အနေနှင့်ကာကွယ်ရန်အတွက် အစားအသောက်မှရယူသည့်ပမာဏသတ်မှတ်ရန်လိုအပ်သော အာဟာရဓာတ်များနှင့်စပ်လျဉ်း၍ “ပန်းတိုင်ထားရမည့်တန်ဖိုး”ကို သတ်မှတ်ထားပါသည်။ ဇယား1-1-1 ဇယား 1-1-1、ဇယား1-1-2 ဇယား 1-1-2、ဇယား1-1-3 ဇယား 1-1-3、ဇယား1-1-4 ဇယား 1-1-4、ဇယား1-1-5 ဇယား 1-1-5、ဇယား1-1-6 ဇယား 1-1-6、ဇယား1-1-7 ဇယား 1-1-7、ဇယား1-1-8 ဇယား 1-1-8
နှစ်သက်စွဲလမ်းမှုနှင့် အကျင့်စွဲနေသည့် စားသောက်မှု၊ အာဟာရမျှတမှုမရှိသော စားသောက်မှုတို့သည် လူနေမှုပုံစံနှင့်ပတ်သက်သောရောဂါများနှင့် အဝလွန်ခြင်းတို့ဖြစ်စေသည့် အဓိကအကြောင်းအရင်းများဖြစ်ပါသည်။
1 ရက်တာအတွက်လိုအပ်သော အာဟာရဓာတ်အမျိုးမျိုးကို မျှတစွာရယူနိုင်ရန်အတွက် “မည်သည်ကို” “မည်မျှ” စားသုံးသင့်သည်ကို သိထားရပါမည်။
ဤအကြောင်းကို အလွယ်တကူနားလည်နိုင်စေရန် ရှင်းပြထားသောအရာအဖြစ် “အုပ်စုလေးခုခွဲ၍အမှတ်တွက်နည်း”(Kagawa method) ရှိပါသည်(ဇယား 1-2 ဇယား 1-2)။
နေ့စဉ်စားသုံးလျက်ရှိသည့် အစားအစာများအားလုံးကို အာဟာရဓာတ်ပါဝင်မှုတူညီသည့် အရာများအချင်းချင်းစုစည်းပြီး အုပ်စု 4 ခု ခွဲထားပါသည်။
အုပ်စုအသီးသီးမှ အစားအစာများကို ရွေးချယ်ခြင်းအားဖြင့် အာဟာရဓာတ်မျှတစွာ ရယူနိုင်ပါသည်။
အုပ်စု 1 တွင် ဂျပန်လူမျိုးများ ချို့တဲ့လေ့ရှိသော အာဟာရဓာတ်များ ပါဝင်ပြီး အာဟာရပြည့်ဝစေရန်အတွက် အရေးကြီးသော အစားအစာအုပ်စုဖြစ်ပါသည်။
အရည်အသွေးမြင့် ပရိုတင်းဓာတ်မှစ၍ အဆီ၊ ကယ်လ်စီယမ်နှင့် ဗီတာမင် B2 တို့ ကောင်းမွန်မျှတစွာ ပါဝင်ပါသည်။
ချန်လှပ်ထားခြင်းမရှိဘဲ နေ့စဉ်စားသုံးပေးသင့်သည့် အစားအစာများ ဖြစ်ပါသည်။
ဤအုပ်စုတွင် နို့၊ နို့ထွက်ပစ္စည်းများနှင့် ဥများ ပါဝင်ပါသည်။
အုပ်စု 2 သည် ခန္ဓာကိုယ်ကြွက်သားများနှင့် သွေးများကို တည်ဆောက်ပေးသော အစားအစာအုပ်စုဖြစ်ပါသည်။
အဓိကအားဖြင့် အရည်အသွေးကောင်းမွန်သော ပရိုတင်းဓာတ်အရင်းအမြစ်များပါဝင်ပြီး အခြားအနေနှင့် အဆီ၊ ဗီတာမင် A၊ B1၊ B2 နှင့် ကယ်လ်စီယမ်တို့လည်း ပါဝင်ပါသည်။
ဤအုပ်စုတွင် ပင်လယ်စာ၊ အသား၊ ပဲနှင့် ပဲဖြင့်ပြုလုပ်ထားသောထုတ်ကုန်များ ပါဝင်ပါသည်။
အုပ်စု 3 သည် ခန္ဓာကိုယ်အခြေအနေကို စီစဉ်တကျဖြည့်ဆည်းပေးသည့် အာဟာရဓာတ်များပါဝင်သည့် အစားအစာအုပ်စု ဖြစ်ပါသည်။
ဗီတာမင် A၊ B1၊ B2၊ C၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်များ ပါဝင်ပါသည်။
ဟင်းသီးဟင်းရွက်များကို အစိမ်းရောင်နှင့် အဝါရောင် ဟင်းသီးဟင်းရွက်များနှင့် အရောင်ဖျော့သော ဟင်းသီးဟင်းရွက်များအဖြစ် ခွဲခြားထားပါသည်။
အုပ်စု 4 သည် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိခြင်းနှင့် စွမ်းအင်အရင်းအမြစ်တို့ဖြစ်စေသည့် အစားအစာအုပ်စုဖြစ်ပါသည်။
ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းဓာတ်နှင့် အဆီများ ပါဝင်ပါသည်။
၎င်းတို့တွင် ကောက်ပဲသီးနှံများ၊ သကြား၊ အဆီ၊ မုန့်၊ အစေ့အဆန် (မြေပဲ၊ သစ်အယ်သီးစသည်)၊ နှစ်သက်စွဲလန်းသည့်စားစရာများ (ယို၊ marmalade ဟုခေါ်သော လိမ္မော်ခွံ၊ သံပရာခွံစသည်တို့ဖြင့် ထိုးထားသည့်ယို စသည်)၊ နှစ်သက်စွဲလန်းသည့်သောက်စရာများ (အရက်၊ ကာဗွန်နိတ်အချိုရည်စသည်) ပါဝင်ပါသည်။
အလွန်အကျွံစားသုံးခြင်းသည် စွမ်းအင်ပိုလျှံမှုကို ဖြစ်စေနိုင်သောကြောင့် တစ်ဦးချင်းစီ၏ စွမ်းအင်လိုအပ်ချက်အရ ရမှတ်များကို ချိန်ညှိရပါမည်။
ယခင်က 1 နေ့လျှင်စားသုံးသင့်သော အစားအစာပမာဏကို အသား 0 ဂရမ်၊ ကောက်ပဲသီးနှံ 0 ဂရမ်ကဲ့သို့ အလေးချိန်ပမာဏဖြင့် ဖော်ပြခဲ့သော်လည်း ယင်းအတိုင်းဆိုပါက တွက်ချက်ရမည့်ကိန်းဂဏန်း ကြီးသွားမည်ဖြစ်သောကြောင့် စွမ်းအင်အမှတ်ဖြင့် ဖော်ပြရန် ဆုံးဖြတ်ခဲ့ကြပါသည်။
80 ကယ်လိုရီသည် 1 မှတ်ဖြစ်ပါသည်။
80 ကယ်လိုရီသည် ကြက်ဥ 1 လုံး၊ ငါး 1 တုံး၊ ပဲပြား 1/2 တုံးတို့နှင့်ညီမျှသည့် စွမ်းအင်ဖြစ်ပြီး ပုံမှန်သုံးသည့် 1 ကြိမ်စာပမာဏနှင့် အနီးစပ်ဆုံးဖြစ်သည့်အတွက် အလွန်အဆင်ပြေသော ယူနစ်ဖြစ်ပါသည်။
ဇယား 1-2 ဇယား 1-2 ရှိ ကိန်းဂဏန်းတန်ဖိုးသည် 1 ရက်လျှင် အမှတ် 20 ရအောင် ပေါင်းစပ်ပြီးဖော်ပြထားသည့်အမှတ်ဖြစ်ပြီး လူတိုင်းအတွက် အခြေခံဖြစ်ပါသည်။
ပါဝင်သည့်အမှတ်များမှာ အုပ်စု 1 မှ 3 မှတ် (နို့၊ နို့ထွက်ပစ္စည်း 2 မှတ်၊ ဥ 1 မှတ်)၊ အုပ်စု 2 မှ 3 မှတ် (ပင်လယ်စာ 1 မှတ်၊ အသား 1 မှတ်၊ ပဲနှင့် ပဲဖြင့်ပြုလုပ်ထားသောအစားအစာများ 1 မှတ်)၊ အုပ်စု 3 မှ 3 မှတ် (ဟင်းသီးဟင်းရွက် 1 မှတ်၊ မြေအောက်၌ပေါက်သောဥများ 1 မှတ်၊ အသီးအနှံများ 1 မှတ်)၊ အုပ်စု 4 မှ 11 မှတ် (ကောက်ပဲသီးနှံများ 8 မှတ်၊ သကြား 1 မှတ်၊ အဆီ 2 မှတ်) ဖြစ်ပါသည်။
အုပ်စု 4 သည် ကောက်ပဲသီးနှံအုပ်စု 8 မှတ်စာကို ဦးစားပေးစားသုံးရမည်ဖြစ်ပြီး ကျန်ရှိသည့်အမှတ်ကို အဆီနှင့်သကြားတို့ဖြင့် ချိန်ညှိရပါမည်။
ဤသည်မှာ “ကိုယ်လက်လှုပ်ရှားမှုအဆင့် I ရှိသည့် အသက် 18~29 အတွင်းရှိ အမျိုးသမီးများ”အတွက် အမှတ်ဖြစ်ပါသည်။
ဤနေရာ၌ များလွန်းနေသည့်သူ၊ ဥပမာအားဖြင့် အဝလွန်နေသည့်သူများသည် အုပ်စု 4 မှ သကြား၊ အဆီ၊ ကောက်ပဲသီးနှံအုပ်စုတို့ကို အစဉ်လိုက် လျှော့ချရပါမည်။
ဆန့်ကျင်ဘက်အားဖြင့် အမှတ်များတိုးလိုပါက အခြေခံဖြစ်သည့် ယူနစ် 20 ကို စားသုံးရမည့်အပြင် အခြေအနေပေါ်မူတည်ပြီး အုပ်စု 4 ကိုသာ တိုးမြှင့်ခြင်း တစ်နည်းအားဖြင့် အခြား အစားအစာအုပ်စုများနှင့်ပတ်သက်၍လည်း အညီအမျှ တိုးမြှင့်ခြင်းတို့လုပ်ကာ ချိန်ညှိရပါမည်။
အစာချေအင်္ဂါသည် ပုံ 2
တွင်ပြထားသည့်အတိုင်း ခံတွင်းမှစတင်ပြီး စအိုရောက်သည်အထိ အပိုင်းဖြစ်ပါသည်။
အစာချေအင်္ဂါကို ခံတွင်း၊ အစာရေမြို၊ အစာအိမ်၊ အူသိမ်၊ အူမကြီးစသည့် အစာချေလမ်းကြောင်းနှင့် တံတွေးဂလင်း၊ အသည်း၊ သည်းခြေအိတ်၊ ပန်ကရိယစသည့် အစာချေရည်ထုတ်ပေးသည့် ကိုယ်တွင်းအင်္ဂါများဖြင့် ဖွဲ့စည်းထားပါသည်။
အာဟာရဓာတ်များကို ခန္ဓာကိုယ်မှ အသုံးချနိုင်စေရန်အတွက် ၎င်းတို့ကို အစာချေလမ်းကြောင်းမှ ဆဲလ်အမြှေးပါးများမှတဆင့်ဖြတ်သန်းပြီး ခန္ဓာကိုယ်အတွင်းရောက်အောင်ထည့်ရန် လိုအပ်ပါသည်။
အစာချေခြင်းဆိုသည်မှာ မျိုချလိုက်သော အစာများ (ကာဗိုဟိုက်ဒရိတ်၊ အဆီနှင့် ပရိုတင်းဓာတ်) ကို စုပ်ယူနိုင်သော ပုံစံတစ်ခုအဖြစ် ခွဲထုတ်သည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။
အစာချေခြင်းကို အဓိကအားဖြင့် အစာချေလမ်းကြောင်း၏လှုပ်ရှားမှု (ယန္တရားပိုင်းဆိုင်ရာအချက်)နှင့် အစာချေရည်ထုတ်ပေးခြင်း၊ ဓာတ်ပြုခြင်း (ဓာတုဗေဒဆိုင်ရာအချက်)တို့ဖြင့် လုပ်ဆောင်ပါသည်။
ရလဒ်အနေဖြင့် ကာဗိုဟိုက်ဒရိတ်ကို ဂလူးကို့စ်၊ ဖရူးတို့စ်နှင့် ဂလတ်တို့စ်များအဖြစ်၊ အဆီများကို ဖက်တီးအက်ဆစ်အဖြစ်၊ ပရိုတင်းဓာတ်ကို အမိုင်နိုအက်ဆစ်အဖြစ် ဖြိုခွဲလိုက်ပါသည်။
အစာချေအင်ဇိုင်းများသည် အစာချေရည်ထဲ၌ပါဝင်ပြီး အစားအစာများချေဖျက်ရာ၌ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။
အထူးသဖြင့် ပန်ကရိယမှထွက်သောအစာချေရည်တွင် အားကောင်းသည့် အမျိုးမျိုးသော အစာချေအင်ဇိုင်းများပါဝင်ပြီး အစာချေရည်အဖြစ် လွန်စွာအရေးပါပါသည်။
ပါးစပ်မှဝင်လာသောအစားအစာများကို မျိုချလိုက်သည်မှစပြီး မစင်အဖြစ် စွန့်ထုတ်လိုက်သည်အထိ ကြာချိန်မှာ အဆိုပါ အစားအစာ၏ အရည်အသွေးနှင့် ပမာဏတို့အပေါ်မူတည်ပြီး ကွဲပြားသော်လည်း ယေဘုယျအားဖြင့် ပုံ 3
တွင် ဖော်ပြထားသည့်အတိုင်းဖြစ်ပါသည်။
အစာချေခြင်းလုပ်ငန်းစဉ်၏ ပထမဆုံးအဆင့်မှာ အစာများကို သေးနုပ်အောင် သွားဖြင့် ကြိတ်ချေခြင်းဖြစ်ပါသည်။
ဝါးခြင်းအားဖြင့် သေးနုပ်အောင်ကြိတ်ချေလိုက်သောအစာများသည် တံတွေးဖြင့်ရောသွားပြီး မျိုချခံလိုက်ရကာ အစာရေမြိုမှဆင်းသွားပြီး အစာအိမ်၏အပေါ်အဝ(အစာအိမ်ဝင်ပေါက်) မှတစ်ဆင့် အစာအိမ်ထဲသို့ ဝင်ရောက်ပါသည်။
အစာအိမ်ထဲသို့ ဝင်လာသောအစာများသည် အစဉ်လိုက် အလွှာများအဖြစ် စုပုံသွားသော်လည်း အချိန်မဆိုင်းမီအတွင်း အစာအိမ်၏ လှိုင်းကဲ့သို့သောလှုပ်ရှားမှုကြောင့် ရောနှောသွားပါသည်။
အစာအိမ်သည် ပရိုတင်းဓာတ်ဖြိုခွဲသည့်အင်ဇိုင်း (pepsin)၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ်နှင့် မြူးကပ်စ်ကဲ့သို့သောအရာများကို ထုတ်ပေးပါသည်။
အစာအိမ်အတွင်းသို့ရောက်နေသော အရာများသည် အစာအိမ်မှထွက်သော အစာချေရည် (pH 2 အဆင့်၊ ပြင်းထန်သောအက်ဆစ်ဓာတ်)နှင့် တဖြည်းဖြည်းရောသွားပြီး ပျစ်ချွဲပျော့ပျောင်းသောပုံစံ ဖြစ်လာပါသည်။
အစာအိမ်အတွင်းမှအရာများ၊ အစာအိမ်၏လှိုင်းကဲ့သို့သောလှုပ်ရှားမှုများ ပြင်းထန်လာပြီး အစာအိမ်အတွင်းပိုင်းဖိအားမြင့်တက်လာကာ အစာအိမ်၏အောက်ခြေမှကွင်းသဏ္ဌာန်ကြွက်သားနှင့် အူသိမ်ဦးပိုင်းတို့၏အတွင်းပိုင်းဖိအားများကို ကျော်လွှားနိုင်သွားသည့်အခါ အူသိမ်ဦးပိုင်းသို့ စတင်ပေးပို့ပါသည်။
အူသိမ်ဦးပိုင်းတွင် ပန်ကရိယမှထွက်သောအစာချေရည်၊ အသည်းမှထွက်သော သည်းခြေရည်တို့ စီးဆင်းဝင်ရောက်လာပြီး အူသိမ်ဦးပိုင်းကိုယ်တိုင်၏နံရံမှထွက်သော အစာချေရည်များနှင့်အတူ ကယ်လိုရီ (ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းဓာတ်၊ အဆီ) ချေဖျက်ခြင်းကို လုပ်ဆောင်ပါသည်(ပုံ 4)
။
ထို့အပြင် အူသိမ်တွင် အူမှထွက်သောအစာချေရည်များပမာဏအများအပြားထုတ်ပေးပြီး ချေဖျက်ခြင်းလုပ်ငန်းစဉ်ကို ပြီးမြောက်စေပါသည်။
ထို့နောက် အူအတွင်းမှအရာများကို အဓိကအားဖြင့် လှိုင်းကဲ့သို့သောလှုပ်ရှားမှုဖြင့် အူမကြီးထံသို့ သယ်ဆောင်ပါသည်။
အူမကြီးတွင် အူသိမ်၌အပြည့်အဝချေဖျက်ခြင်းမပြုနိုင်ခဲ့သောကယ်လိုရီများ၊ အစာချေအင်ဇိုင်းများဖြင့် မရှင်းလင်းနိုင်ခဲ့သော ဆယ်လူလို့စ်များကို အူလမ်းကြောင်းဘက်တီးရီးယားများ၏လုပ်ဆောင်ချက်ဖြင့် ဖြိုခွဲပါသည်။
အဆိုပါ ဖြိုခွဲလိုက်သောပစ္စည်းများကြောင့် ဓာတ်ငွေ့ဖြစ်ပွားပါသည်။
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အစာချေခြင်းတွင် ခန္ဓာကိုယ်၏လုပ်ဆောင်ချက်အမျိုးမျိုး ပါဝင်ပတ်သက်နေသည့်အတွက် ၎င်းတို့အထဲမှ တစ်ခုခုချို့ယွင်းသွားပါက အဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်မည်မဟုတ်ပါ။
စုပ်ယူခြင်းဆိုသည်မှာ အစာချေခြင်းကြောင့် ထွက်လာသော ဒြပ်ပစ္စည်းအမျိုးမျိုးကို ဆဲလ်များအတွင်းသို့ သယ်ဆောင်ကာ သွေး သို့မဟုတ် လင့်ရည်ထဲသို့ ပြောင်းရွှေ့ဝင်ရောက်စေခြင်း ဖြစ်ပါသည်။
အာဟာရဓာတ်စုပ်ယူမှုကို အဓိကအားဖြင့် အူသိမ်၌ လုပ်ဆောင်ပါသည်။
သို့သော် အရက်၊ ကာဗွန်နိတ်ရေနှင့် အချို့သောဆေးများသည် အစာအိမ်မှတဆင့်လည်း စုပ်ယူနိုင်ပါသည်။
အရက်သောက်လိုက်ပါက မျက်နှာချက်ချင်းနီလာပြီး မူးလာရခြင်းမှာ အယ်လ်ကိုဟောများသည် အစာအိမ်နံရံမှတစ်ဆင့် သွေးကြောအတွင်းသို့ဝင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသောကြောင့် ဖြစ်ပါသည်။
အထက်တွင်ဖော်ပြမထားသည့်အရာများဖြစ်ပါက ရေအပါအဝင်မည်သည်ကိုမျှ အစာအိမ်မှ စုပ်ယူခြင်းမပြုပါ။
ရေကို အဓိကအားဖြင့် အူမကြီးတွင် စုပ်ယူပါသည်။
အူသိမ်သည် စုပ်ယူရန်အတွက် သင့်လျော်သောဖွဲ့စည်းပုံရှိပါသည်။
အူသိမ်၏မျက်နှာပြင်၌ အချွန်အတက်များနှင့် လက်ချောင်းသဏ္ဌာန်အတွန့်ငယ်များ ခုရေများစွာရှိပြီး စုပ်ယူသည့်မျက်နှာပြင်ကို ကျယ်ပြန့်စေပါသည်။
၎င်းမျက်နှာပြင်အကျယ်အဝန်းသည် 10 စတုရန်းမီတာရှိသည်ဟု ပြောကြပါသည်။
ထိုမျှသာမက လက်ချောင်းသဏ္ဌာန်အတွန့်ငယ်များသည်လည်း ၎င်းတို့ကိုယ်တိုင် စုပ်ယူမှုစွမ်းရည်အားကောင်းပါသည်။
အူသိမ်မှစုပ်ယူလိုက်သောအာဟာရဓာတ်များကို portal သွေးပြန်ကြောဟုခေါ်သော သွေးကြောမှတစ်ဆင့်ဖြတ်ပြီး အသည်း၌ စုဆောင်းပါသည်။
အစားအစာ စားသုံးခြင်းနှင့် ၎င်းတို့ကို ထိန်းညှိခြင်းသည် ဆာလောင်သည့်ခံစားချက်၊ ဗိုက်ပြည့်သည့်ခံစားချက်နှင့် စားချင်စိတ်စသည်တို့အပေါ် အခြေခံသော်လည်း အခြားအားဖြင့် နှစ်သက်စွဲလန်းမှုနှင့် စားသောက်မှုအကျင့်၊ တစ်နည်းအားဖြင့် တစ်ခါတရံအားဖြင့်ဖြစ်ပေါ်သော စိတ်ခံစားချက်စသည်တို့နှင့်လည်း သက်ဆိုင်ပါသည်။
ထို့အပြင် အစားအသောက် စားသုံးရာ၌ အစားအစာများ၏အရသာများနှင့်လည်း ထဲထဲဝင်ဝင် ဆက်စပ်နေပါသည်။
ဤနေရာ၌ အရသာအာရုံ၊ ခံတွင်းအထဲမှ အထိအတွေ့အာရုံနှင့် အပူအအေးအာရုံတို့နှင့်လည်း ဆက်နွယ်ပါသည်။
ထို့အပြင် အမြင်အာရုံ၊ အကြားအာရုံ၊ အနံ့ခံအာရုံတို့နှင့်လည်း ဆက်နွယ်နေပါသည်(ပုံ 5)
။
အသက်အရွယ်ကြီးမြင့်သူများကို ပြုစုစောင့်ရှောက်ရာတွင် အဖိုးအဖွားများသည် အဆိုပါအာရုံခံစားမှုများ မည်ကဲ့သို့ရှိသည်ကို သတိပြုခြင်းအားဖြင့် ၎င်းအဖိုးအဖွားနှင့် အသင့်တော်ဆုံးဖြစ်မည့် ပြုစုစောင့်ရှောက်မှုနည်းလမ်းကို စဉ်းစားနိုင်ပါမည်။
ဆာလောင်သည့်အခြေအနေဖြစ်ပါက အစားအစာများကို တောင့်တသည့်စိတ် (ဆာလောင်သည့်ခံစားချက်) ဖြစ်ပေါ်ပါသည်။
၎င်းသည် အသက်ကိုထိန်းသိမ်းရန်အတွက် ခန္ဓာကိုယ်ကိုကာကွယ်သည့် တုံ့ပြန်မှုတစ်ခုဖြစ်ပါသည်။
ဆာလောင်သည့်ခံစားချက်ဆိုသည်မှာ ဆာလောင်မှုကြောင့် အစာအိမ်နံရံကျုံ့ခြင်းအားဖြင့်ဖြစ်ပေါ်သည့် အာရုံခံစားမှုဖြစ်ပါသည်။
တစ်ဖက်တွင် အစားအစာများကို စားသုံးလိုက်ပြီး အစာအိမ်အတွင်း ပြည့်သွားပါက ဗိုက်ပြည့်သည့်ခံစားချက်ကို ခံစားရပြီး အစာစားသုံးသည့်လုပ်ဆောင်ချက်ကို ရပ်တန့်လိုက်ပါသည်။
ဗိုက်ပြည့်သည့်ခံစားချက်သည် အစားအစာများ၏အရည်အသွေးနှင့် အစာအိမ်အတွင်း ကျန်နေသည့်ကြာမြင့်ချိန်တို့နှင့်လည်း သက်ဆိုင်ပါသည်။
ယေဘုယျအားဖြင့် ပရိုတင်းနှင့်အဆီတို့ကြွယ်ဝစွာပါဝင်သော အသား၊ ငါး၊ ဥ စသည်တို့သည် ဗိုက်ပြည့်သည့်ခံစားချက်ကို ဖြစ်ပေါ်စေလွယ်ပြီး ဟင်းသီးဟင်းရွက်မှာမူ ပမာဏများပြားစွာစားသုံးလိုက်သော်လည်း ဗိုက်ပြည့်သည့်ခံစားချက်ဖြစ်ပေါ်ရန် ခက်ခဲပါသည်။
ထို့အပြင် အစာအိမ်မှထွက်သောအစာချေရည်များ မလုံလောက်သည့်အခါ၌လည်း ဗိုက်ပြည့်သည့်ခံစားချက်ဖြစ်ပေါ်စေပါသည်။
အစာစားချင်စိတ်ဆိုသည်မှာ အစားအစာကိုတောင့်တသည့် အလိုဆန္ဒဆိုင်ရာ စိတ်ခံစားမှုဖြစ်ပြီး အစားအစာများကိုစားသုံးလိုက်ခြင်းအားဖြင့် စိတ်ကျေနပ်သည့်ခံစားချက် ဖြစ်ပေါ်ခြင်းပင် ဖြစ်ပါသည်။
အစာစားချင်စိတ်ဆိုသည်မှာ ဆာလောင်သည့်ခံစားချက်နှင့် မတူပါ။
ဆာလောင်သည့်ခံစားချက်သည်လည်း အစားအစာများကို တောင့်တမှုဖြစ်ပွားသော်လည်း ဗိုက်ပြည့်သည့်ခံစားချက်ရပြီးစေကာမူ အစာစားချင်စိတ် ရှိနေပါသည်။
ဗိုက်ပြည့်နေသော်လည်း ကြိုက်နှစ်သက်သည့် အချိုအရသာများကို အမှတ်မထင် ယူလိုက်မိခြင်းမှာ အဆိုပါ သာဓကတစ်ခုဖြစ်ပါသည်။
အစာစားချင်စိတ်အပေါ်တွင် ရာသီဥတုမှအစပြုပြီး အစားအစာနှင့်ပတ်သက်သည့် အတိတ်ကာလမှအတွေ့အကြုံနှင့် သတိရစရာများ၊ ခံစားချက်များ စသည်တို့ထံမှ လွှမ်းမိုးမှုများ ရှိနေတတ်ပါသည်။
သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင် စိတ်ကျေနပ်စရာကောင်းသော ဝန်ဆောင်မှုရရှိပါက၊ ပျော်စရာကိစ္စရှိနေပါက အစာစားချင်စိတ် မြင့်တက်လာပြီး ဆန့်ကျင်ဘက်အားဖြင့် မနှစ်မြို့ဖွယ်ကောင်းသော ပတ်ဝန်းကျင်ဖြစ်နေပါက၊ စိတ်သောကနှင့် စိတ်ပူပန်မှုများရှိနေပါက အစာစားချင်စိတ် မဖြစ်ပွားပါ။
တစ်ဖက်တွင် အစာစားချင်စိတ်သည် အစာအိမ်၏မြူးကပ်စ်အလွှာကို ဓာတုဗေဒဆိုင်ရာ လှုံ့ဆော်မှုပေးသည့် ဒြပ်ပစ္စည်းများကိုလည်း အလုပ်လုပ်စေပါသည်။
အဆိုပါ ဥပမာအဖြစ် ယမကာများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဆားငံသီးစားစိမ်(အချဉ်အရသာနှင့် အငန်အရသာ)စသည်တို့သည် အစာစားချင်စိတ်တိုးပွားစေသည့်ပစ္စည်းများဖြစ်ပါသည်။
ရက်ရှည်လများ အကျင့်ဖြစ်လာသည့် အစားအသောက်များအပေါ် ကြိုက်နှစ်သက်ခြင်းကို“နှစ်သက်စွဲလန်းမှု” ဟု ခေါ်ပါသည်။
နှစ်သက်စွဲလန်းမှုသည် စားချင်စိတ်ထက်ပိုပြီး စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှု ပြင်းထန်သည့်အရာဖြစ်ပါသည်။
အစာစားချင်စိတ်မရှိသော်လည်း ထိုသူကြိုက်နှစ်သက်သောအရာများကို စားသောက်ခြင်းအားဖြင့် အစာစားချင်စိတ်ကို တိုးစေခြင်းက များပါသည်။
နေ့စဉ်စားနေသော အစားအစာများနှင့် စားသောက်ချိန်စသည့် နေထိုင်မှုဘဝဆိုင်ရာစည်းချက်များသည်လည်း အစာစားချင်စိတ်အပေါ် ကြီးမားသောသက်ရောက်မှု ဖြစ်စေပါသည်။
ဥပမာအားဖြင့် ယခုအချိန်အထိ မိမိနေအိမ်၌ နေထိုင်ဖြတ်သန်းလာခဲ့သော အဖိုးအဖွားများ စင်တာသို့ဝင်ရောက်လာချိန်၌ အစာစားချင်စိတ် ကျဆင်းသွားတတ်ပါသည်။
အရသာအာရုံသည် လျှာမျက်နှာပြင်ပေါ်၌ရှိသော အရသာအာရုံခံဆဲလ်များကို အစားအစာထဲ၌ပါဝင်သော ရေ၌ပျော်ဝင်နိုင်သည့်ပစ္စည်းများမှ လှုံ့ဆော်မှုပြုခြင်းအားဖြင့် ဖြစ်ပွားပါသည်။
အခြေခံအားဖြင့် အငန်အရသာ(ဆားငန်သည့်အရသာ)၊ အချဉ်အရသာ၊ အချိုအရသာ၊ အခါးအရသာဟူ၍ အရသာ 4 မျိုး ခွဲထားပါသည်။
၎င်းတို့အပြင် အစပ်အရသာ၊ အဖန်အရသာ၊ သက်သည့်အရသာ၊ umami အရသာ(ကောင်းမွန်ပြည့်စုံသောအရသာ) စသည်တို့ရှိသော်လည်း ၎င်းတို့မှာ ရောထွေးနေသောခံစားမှုဖြစ်ပြီး မရိုးရှင်းပါ။
ဥပမာအားဖြင့် အစပ်အရသာဆိုသည်မှာ အရသာခံစားမှုနှင့် နာကျင်သည့်ခံစားမှုတို့ ရောထွေးနေသည့် ခံစားမှုဖြစ်ပါသည်။
အရသာ 4 မျိုးထဲတွင် အချိုအရသာကို လျှာ၏ ထိပ်ဖျား၊ အချဉ်အရသာကို လျှာ၏အစွန်းနားအပိုင်း၊ အခါးအရသာကို လျှာ၏အရင်းပိုင်း၊ အငန်အရသာကို လျှာတစ်ခုလုံးတို့ဖြင့် အလွယ်တကူ ခံစားသိရပါသည်။
အရသာအာရုံသည် အစာစားချင်စိတ်နှင့် အစာအိမ်မှထွက်သောအစာချေရည်တို့နှင့် ဆက်နွယ်ပါသည်။
အချဉ်အရသာနှင့် အငန်အရသာတို့သည် အစာစားချင်စိတ်ကိုတိုးစေပြီး အခါးအရသာသည် အစာအိမ်မှ အစာချေရည်ထုတ်ပေးခြင်းကို တိုးပွားစေပါသည်။
ထို့အပြင် အရသာအာရုံသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားမှုရှိပြီး တူညီသောအရသာကို ဆက်တိုက်အရသာခံမည်ဆိုပါက အရသာအာရုံထုံသွားပြီး အရသာခပ်ပြင်းပြင်းများမဟုတ်ပါက မစားနိုင်တော့ခြင်း ရှိတတ်ပါသည်။
အစားအစာများသည် အပူချိန်နှင့် အရသာတို့အကြား နက်ရှိုင်းသောဆက်နွယ်မှု ရှိပါသည်။
အစားအစာအသီးသီးတွင် ၎င်းနှင့်သင့်လျော်သောအပူချိန်ရှိပြီး အဆိုပါအပူချိန်အတိုင်းအတာအတွင်းဖြစ်ပါက အရသာအရှိဆုံးအနေနှင့် စားနိုင်ပါမည်။
ကျက်ကာစထမင်းသည် အရသာရှိသော်လည်း အေးသွားပါက အရသာမကောင်းတော့သည်မှာ ကျက်ကာစထမင်းသည် အပူအာရုံကို သင့်လျော်စွာ လှုံ့ဆော်ပေးပြီး ၎င်းနှင့်အတူ သာယာသောခံစားချက်ရှိစေသောကြောင့် ဖြစ်ပါသည်။
ယေဘုယျအားဖြင့် အစားအစာများ၏အပူချိန်သည် အများအားဖြင့် ခန္ဓာကိုယ်အပူချိန်နှင့်နီးစပ်လာလေလေ အရသာလျော့ကျလာပြီး အရသာမရှိတော့လေလေဖြစ်ကာ ခန္ဓာကိုယ်အပူချိန်နှင့် ကွာခြားချက် ရှိလျှင်ရှိသလောက် အရသာရှိမှုကို ခံစားရပါသည်။
အစားအစာများ၏ မာကျောမှု၊ ပျော့ပျောင်းမှု၊ ဆန့်နိုင်အား၊ လျှာနှင့်အထိအတွေ့၊ ခံတွင်းတစ်ဝိုက်နှင့်သွားတို့ဖြင့် ဝါးရသည့်ခံစားချက် စသည်တို့သည် အစားအစာ၏အရသာအပေါ် ကြီးမားသော သက်ရောက်မှု ရှိပါသည်။
ဤကဲ့သို့သော အထိအတွေ့အာရုံမှတစ်ဆင့် စားစရာများ၏ ချက်ပြုတ်မှုနည်းလမ်းနှင့် လတ်ဆတ်မှုတို့ကို သိနိုင်ပါသည်။
ထို့အပြင် ငါးအရိုးနှင့် ထမင်းထဲ၌ရောနေသော ကျောက်ခဲစသည့် အစားအစာများထဲမှ မဆိုင်သောပစ္စည်းများကို သိနိုင်ပါသည်။
အစားအစာ၏ ပုံသဏ္ဌာန်နှင့် အရောင်သည် အစာစားချင်စိတ်အပေါ် လွှမ်းမိုးမှုရှိပါသည်။ အရောင်အသွေးစုံစုံလင်လင်ဖြင့် လှပစွာတည်ခင်းထားသော ဟင်းလျာများသည် ကြည့်ရုံမျှဖြင့် အစာစားချင်စိတ်ဖြစ်ပေါ်စေပြီး ဆန့်ကျင်ဘက်အနေအထားဖြစ်ပါက မနှစ်မြို့သည့်ခံစားချက်ကို ဖြစ်ပေါ်စေကာ အစာစားချင်စိတ်မရှိခြင်းနှင့် ဟန်ချက်မညီသောစားသောက်မှုအထိ ဖြစ်စေပါသည်။
ဂေါ်ဖီထုပ်ကို ဓားဖြင့်စဉ်းသည့်အသံနှင့် အကြော်ဒယ်အိုးထဲမှ ဆီလွင့်စင်သည့်အသံတို့သည် အစားအစာနှင့် မီနူးများကို စဉ်းစားကြည့်စေပြီး အစာစားချင်စိတ်ကို တိုးပွားစေပါသည်။
ထို့အပြင် ဝါး၍ကောင်းသော မုန်လာချဉ်ကို သွားဖြင့်ကိုက်သည့်အသံစသည်တို့သည် ၎င်းတို့ကိုကြားလိုက်သောသူအား အစာစားချင်စိတ် တိုးပွားစေပါသည်။
အစားအစာများ၏ရနံ့ကို ဗဟိုအာရုံကြောစနစ်သို့ နှာခေါင်းမှ ပေးပို့ပါသည်။
အဆိုပါပေးပို့မှုမှတစ်ဆင့် အစာချေရည်ထုတ်ပေးမှုကို တိုးပွားစေပြီး အစာစားချင်စိတ်ကို မြှင့်တင်ပေးပါသည်။
အခြားတစ်ဖက်တွင် အစားအစာများသည် ပုံမှန်မဟုတ်သောအနံ့နှင့် မကောင်းသောအနံ့များထွက်နေပါက ဆန့်ကျင်ဘက်အားဖြင့် အစာစားချင်စိတ်ကို လျော့ကျစေပါသည်။
အနံ့အာရုံခံစားမှုမကောင်းသောသူများသည် စားသောက်မှုဘဝတွင် ပျော်ရွှင်မှုလျော့နည်းပါသည်။
အနံ့အာရုံသည် အရသာအာရုံအပေါ်တွင်လည်း သက်ရောက်မှု ရှိပါသည်။
အသက်အရွယ်ကြီးမြင့်သူများ၏ စားသောက်မှုတွင် ရည်ရွယ်သည့်အရာမှာ “အိုမင်းမှုကို ကာကွယ်ရန်” နှင့် “အသက်ရှည်မှုကို မြှင့်တင်ရန်”တို့ ဖြစ်ပါသည်။
စားသောက်မှုပုံစံကို အကူအညီပေးရန်အတွက် ပထမဦးစွာ စားသောက်မှုပုံစံနှင့်သက်ဆိုင်သည့် အဖိုးအဖွားများ၏ ရုပ်ပိုင်းဆိုင်ရာထူးခြားချက်များ(အိုမင်းခြင်းဆိုင်ရာ သက်ရောက်မှု)ကို နားလည်သဘောပေါက်ထားခြင်းမှ စတင်ပါသည်။
အသက်အရွယ်ကြီးမြင့်သူများအတွက် အစာတစ်နပ်တိုင်းသည် အရေးကြီးသော အသက်အတွက် အရင်းအမြစ်ဖြစ်ပါသည်။
စားသောက်မှုပုံစံပေါ်မူတည်ပြီး အရိုးကျိုးခြင်းမှ ကာကွယ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါဖြစ်စေသည့် အကြောင်းအရင်းဖြစ်သော သွေးလွှတ်ကြောများမာကျောမှုကို နှေးကွေးစေခြင်းတို့ လုပ်နိုင်ပါသည်။
ပြုစုစောင့်ရှောက်သူများသည် အသိပညာအပေါ်အခြေခံကာ ဆောင်ရွက်ပေးခြင်းသည် အဖိုးအဖွားများ၏ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်းဖြစ်ပါသည်။
အသက်အရွယ်ရလာပါက ကျွန်ုပ်တို့၏ခန္ဓာကိုယ်ထဲတွင် တက်ကြွစွာသက်ဝင်လှုပ်ရှားသောဆဲလ်အရေအတွက်များလျော့ကျလာပြီး ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်ချက်များ စတင်ယိုယွင်းလာပါသည်။
စားသောက်မှုပုံစံများထဲတွင် ပထမဦးစွာ အရသာအာရုံနှင့် အမြင်အာရုံတို့၏ ယိုယွင်းလာမှုကြောင့် အစာစားချင်စိတ်လျော့လာပါသည်။
လက်ချောင်းနှင့် လက်မောင်းတို့ လေဖြတ်ခြင်း၊ အရိုးကျိုးခြင်းတို့ဖြစ်ပြီး လက်များလွတ်လပ်စွာမလှုပ်ရှားနိုင်တော့ပါက အစားအသောက်မှ ရယူသောပမာဏ ပြောင်းလဲသွားနိုင်ချေ ရှိပါသည်။
ထို့အပြင် သွားထိခိုက်ဆုံးရှုံးမှုရှိခြင်း၊ သွားစိုက်ထားသောကြောင့် ဝါးရမကောင်းခြင်းတို့ဖြစ်ပါက လုံလောက်စွာ မဝါးနိုင်သည့်အပြင်၊ ဝါးရသည့်ကြွက်သားများသည်လည်း အားနည်းလာပါမည်
မျိုချနိုင်စွမ်းလည်း အားနည်းလာပါသည်။
ထို့အပြင် အစာချေရည်ထုတ်နိုင်စွမ်း လျော့နည်းလာပါက အပြည့်အဝအစာမချေနိုင်တော့ဘဲ အာဟာရဓာတ် စုပ်ယူမှုလည်း လျော့ကျလာပါမည်။
ထို့အပြင် အိပ်ရာထဲ၌သာလဲနေခြင်း၊ နေ့စဉ်လှုပ်ရှားမှုများ နှေးကွေးလာခြင်းတို့ဖြစ်ပါက အူလှုပ်ရှားမှုသည်လည်း နှေးကွေးသွားသည့်အတွက် ဝမ်းချုပ်လွယ်ပါသည်။
ဝမ်းချုပ်ခြင်းသည် ဝမ်းဗိုက်ကိုမအီမသာဖြစ်စေပြီး အစာစားချင်စိတ်ကို လျော့နည်းစေပါသည်။
ဤကဲ့သို့သောအားဖြင့် အသက်ကြီးလာသည်နှင့်အမျှ အာဟာရဓာတ်အခြေအနေကို ပိုမိုဆိုးလာစေသည့် အကြောင်းအရင်း အမျိုးမျိုး ပေါ်လာပါသည် (ဇယား 1-3 ဇယား 1-3)။
အာဟာရဓာတ်အခြေအနေ ဆိုးရွားလာသော အဖိုးအဖွားများသည် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတို့ လျော့ကျလာပြီး ခုခံအားလည်း ကျဆင်းလာကာ ရောဂါစွဲကပ်လွယ်လာပါသည်။
သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းတို့၏ အာဟာရစားသုံးရမည့်ပမာဏကွဲပြားမှုမှာ စွမ်းအင်ပမာဏနှင့် ပရိုတင်းဓာတ်ပမာဏတို့တွင် ကွာခြားချက်အနည်းငယ်ရှိရုံမျှသာဖြစ်ပြီး ဗီတာမင်၊ သတ္တုဓာတ်စသည်တို့၏ ပမာဏတွင်မူ အများအားဖြင့် ခြားနားချက် မရှိပါ။
အသက်ကြီးလာပါက ယေဘုယျအားဖြင့် ကြိုက်နှစ်သက်သည့် စားစရာများနှင့် စားရလွယ်သောအရာများကိုသာ ဇောင်းပေးပြီးစားတတ်ကြပါသည်။
နေထိုင်မှုဘဝကို စည်းချက်ညီညီ ထိန်းထားရန်အတွက် အနည်းငယ်မျှသောပမာဏပင်ဖြစ်စေကာမူ အမယ်များများ၊ နည်းစနစ်ကျကျ စားခြင်းသည် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။
အသက်ကြီးလာသည်နှင့်အမျှ သွားများထိခိုက်ဆုံးရှုံးခြင်း၊ စားသည့်ပမာဏနည်းလာခြင်းတို့ကြောင့် ကောင်းစွာမျှတမှုရှိသော စားသောက်မှုမျိုး ပြုလုပ်နေသော်လည်း ပရိုတင်းဓတ် မလုံလောက်ခြင်း အလွယ်တကူဖြစ်နိုင်သည့်အနေအထား ဖြစ်လာပါသည်။
ပရိုတင်းဓာတ်သည် ခန္ဓာကိုယ်ကိုဖွဲ့စည်းထားသည့် အရေးအကြီးဆုံး အာဟာရဓာတ်ဖြစ်ပါသည်။
ဖိအားကြောင့် အနာဖြစ်ခြင်း (အိပ်ရာနာဖြစ်ခြင်း) စသည်တို့သည်လည်း ပရိုတင်းဓာတ် အပြည့်အဝစားသုံးခြင်းအားဖြင့် သက်သာလျော့ပါးလာနိုင်ပါသည်။
ထို့အပြင် ခန္ဓာကိုယ်ထဲ၌ ပရိုတင်းဓာတ်ချို့တဲ့ပါက အဖိုးအဖွားများအတွက် အသက်ဆုံးရှုံးနိုင်သော အဆုတ်ရောင်ခြင်းနှင့် လေပြွန်ရောင်ခြင်းစသည့် ဘက်တီးရီးယား ပိုးကူးစက်ခြင်းကြောင့် ဖြစ်သည့်ရောဂါများ ဖြစ်ပွားလွယ်ပါသည်။
ငါး၊ ပဲပြားနှင့် နတ်တိုးတို့ကဲ့သို့သော ပဲပုပ်စေ့မှထုတ်သည့် ထုတ်ကုန်များသည် အသက်အရွယ်ကြီးမြင့်သူများ ကြိုက်နှစ်သက်ကြသည့် ပရိုတင်းဓာတ်အရင်းအမြစ်များ ဖြစ်ပါသည်။
သို့သော်လည်း အသားများတွင် ငါး၌မပါဝင်သော အမီနိုအက်ဆစ်ပါရှိသည့်အတွက် အနီရောင်အသားရှိသော အစိတ်အပိုင်းနှင့် ကြက်အသားလွှာများကို စားသုံးပါ။
ခန္ဓာကိုယ်အလေးချိန် 1 ကီလိုဂရမ်လျှင် ပရိုတင်း 1 မှ 1.5 ဂရမ် လိုအပ်ပါသည်။
ကိုယ်အလေးချိန် 50 ကီလိုဂရမ်ရှိသူတစ်ဦးအတွက် 1 နေ့တာလိုအပ်သည့်ပမာဏမှာ 50 မှ 75 ဂရမ်ဖြစ်ပါသည်။
ကယ်လ်စီယမ်မလုံလောက်ပါက အရိုးပွသည့်ရောဂါဖြစ်ပွားပြီး အရိုးများ ကြွပ်ဆတ်ကာ အရိုးကျိုးလွယ်ပါသည်။
1 ရက်လျှင် 600 မီလီဂရမ် စားသုံးဖြစ်အောင် သတိပြုပါ။
ဇယား 1-4 ဇယား 1-4 တွင် ကယ်လ်စီယမ်ကြွယ်ဝစွာပါဝင်သော အစားအစာများကို ပြထားပါသည်။
နွားနို့နှင့် နို့ထွက်ပစ္စည်းများတွင်ပါရှိသော ကယ်လ်စီယမ်ကို ခန္ဓာကိုယ်ထဲ၌ ချေဖျက်သည့်၊ စုပ်ယူသည့်နှုန်းများ မြင့်မားသည့်အတွက် စားသုံးရန်အကြံပြုလိုသော အစားအသောက်များ ဖြစ်ပါသည်။
နွားနို့သောက်လျှင် ဝမ်းလျှောတတ်သည့်သူများမှအပ 1 ရက်လျှင် 200 မီလီလီတာ သောက်ပေးပါ။
အဆီထုတ်ထားသောနို့မှုန့်သည် စတူးဟင်းလျာများ၌ ထည့်ခြင်းအားဖြင့် နေ့စဉ်လည်းစားသုံးနိုင်သည့်အတွက် လွန်စွာအဖိုးတန်ပါသည်။
ကယ်လ်စီယမ်ကို အူလမ်းကြောင်းမှ စုပ်ယူနိုင်ရန် ဗီတာမင်ဒီ လိုအပ်ပါသည်။
ဤဗီတာမင်ဒီကို ထိထိရောက်ရောက် အလုပ်လုပ်စေရန်အတွက် နေရောင်ခြည် လုံလောက်စွာ ထိတွေ့မှု ခံယူရန် လိုအပ်ပါသည်။
ပုံမှန်နေထိုင်မှုဘဝလုပ်ဆောင်နေပါက နေရောင်ခြည်နှင့်ထိတွေ့မှုပမာဏ မလုံလောက်စရာအကြောင်းသိပ်မရှိသော်လည်း ကာလကြာမြင့်စွာ အိပ်ရာထဲ၌လဲနေပြီး အခန်းထဲ၌သာအောင်းနေရသော အဖိုးအဖွားများသည် နေရောင်ခြည် တက်ကြွစွာခံယူရန် အရေးကြီးပါသည်။
ထို့အပြင် အရိုးများတွင် ကယ်လ်စီယမ်များ သိုလှောင်သိမ်းဆည်းနိုင်ရန်အတွက် ကြွက်သားလှုပ်ရှားမှုဖြင့် သင့်တော်သော လှုံ့ဆော်မှုပေးရန် လိုအပ်ပါသည်။
အိပ်ရာထဲ၌လဲနေပြီး ခန္ဓာကိုယ်မလှုပ်ရှားနိုင်ပါက အရိုးထဲမှ ကယ်လ်စီယမ်များ စွန့်ထုတ်လိုက်သည့်အတွက် အရိုးကြွပ်ဆတ်လာပါမည်။
အဆောက်အဦပြင်ပတွင် သင့်လျော်သော နေရောင်ခြည်ခံယူပြီး သင့်လျော်သောလေ့ကျင့်ခန်းလုပ်ခြင်းသည် အရိုးကျိုးခြင်းကြောင့် အိပ်ရာထဲလဲခြင်းမှ ကြိုတင်ကာကွယ်နိုင်မည့်အပြင် ကယ်လ်စီယမ်စားသုံးခြင်းကဲ့သို့အလားတူ အရေးကြီးသည်ဟု ပြောနိုင်ပါသည်။
အဖိုးအဖွားများသည် အရသာအာရုံကျဆင်းလာသည်နှင့်အမျှ ပြင်းထန်သောအရသာများကိုသာ ကြိုက်လာကြပါသည်။
အငန်အလွန်အကျွံစားသုံးခြင်းသည် သွေးတိုးရောဂါဖြစ်စေနိုင်ပြီး သွေးလွှတ်ကြောများကို မာကြောလာစေကာ နှလုံးရောဂါဖြစ်စေနိုင်သည့် အကြောင်းအရင်းဖြစ်လာနိုင်သောကြောင့် သတိပြုရန် လိုအပ်ပါသည်။
ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသည် လူများအား အငန်ဓာတ်စားသုံးရမည့်ပမာဏကို 1 ရက်လျှင် 10 ဂရမ်နှင့်အောက်ဟု သတ်မှတ်ပြီး ညွှန်ကြားထားပါသည်။
ဇယား 1-5 ဇယား 1-5 တွင် အစားအစာများ၌ပါရှိသော ဆားပမာဏကို ပြထားပါသည်။
ကျွန်ုပ်တို့နေ့စဉ်စားသုံးလျက်ရှိသောစားစရာများတွင် ဥပမာအားဖြင့် အငန်အရသာမရသော်လည်း အငန်ဓာတ်ပါနေသည့် ဖြစ်စဉ်များ များစွာရှိပါသည်။
ထို့ကြောင့် ပဲငံပြာရည်၊ မီဆို၊ ဆော့စ် စသည်တို့ကို အထူးအားဖြင့် မထည့်ထားသော်လည်း တစ်နေ့လျှင် အငန်ဓာတ်စားသုံးမှုသည် 0.5 မှ 2 ဂရမ်ခန့် ရှိမည်ဖြစ်ပါသည်။
အငန်ဓာတ်စားသုံးမှုကိုထိန်းနိုင်မည့်နည်းလမ်းကောင်းတစ်ခုမှာ (1) ဒါ့ရှိ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် အချဉ်ဓာတ်တို့ကို ကျွမ်းကျင်စွာအသုံးချပြီး အရသာပေါ့နေစေရန် သတိပြုခြင်း (2) ချဉ်ဖတ်နှင့် ပြုပြင်ထားသောစားစရာများ၊ သရေစာမုန့်များကို အလွန်အကျွံ မစားခြင်း (3) ခေါက်ဆွဲစသည်တို့မှ ဟင်းခတ်အရည်များကို အကုန်မသောက်ခြင်း စသည်တို့ဖြစ်ပါသည်။
အသက်ကြီးလာပါက ငယ်ရွယ်စဉ်ကနှင့်ယှဉ်လျှင် စားသောက်မှုအားလုံးတွင် ပမာဏလျော့နည်းသွားပါသည်။
စားသောက်မှုပမာဏလျော့သွားပါက ဆားစားသုံးသည့်ပမာဏလည်း လျော့သွားသည့်အတွက် အသက်အရွယ်ကြီးမြင့်သူများအဖို့ အငန်ဓာတ်စားသုံးမှုနှင့်ပတ်သက်ပြီး ဂရုစိုက်စရာ သိပ်မလိုတော့ဟု ယူဆရပါသည်။
အစားအစာများအားလုံး အရသာပေါ့နေပါက အစာစားချင်စိတ် ပျောက်ဆုံးသွားပါမည်။
စားစရာ 1 မယ်တည်းကိုသာ အရသာပီပီသသရှိစေရန် ပြင်ဆင်ခြင်းအားဖြင့် မီနူးများကို မျှတမှုရှိအောင်လုပ်ကာ အစာစားချင်စိတ် ကျမသွားအောင် လုပ်ရပါမည်။
အခြားတစ်ဖက်တွင် အဖိုးအဖွားများသည် ခံတွင်းခြောက်သည့်ခံစားမှု လျော့ပါးလာသည့်အတွက် လွှတ်ထားမိပါက ရေဓာတ်မလုံလောက်မှုဖြစ်ပွားလွယ်ပြီး ရေဓာတ်ခန်းခြောက်သည့်အခြေအနေ လွယ်ကူစွာဖြစ်ပွားနိုင်ပါသည်။
ရလဒ်အနေနှင့် သွေးပျစ်လာပြီး သွေးလွှတ်ကြောများ မာကြောလာပါက သွေးကြောထဲတွင် သွေးခဲပြီးပိတ်ဆို့သွားကာ တစ်နည်းအားဖြင့် သွေးကြောပိတ်ဆို့ခြင်း (ဦးနှောက်သွေးကြောပိတ်ခြင်းနှင့် နှလုံးကြွက်သားပျက်စီးသေဆုံးခြင်း) အလွယ်တကူ ဖြစ်လာနိုင်ပါသည်။
ထို့အပြင် ရေဓာတ်မလုံလောက်ပါက ချွဲသလိပ်ထွက်လွယ်လာပြီး အနည်းငယ်မျှသော ရောဂါကူးစက်မှုပင်ဖြစ်စေကာမူ အဆုတ်ရောင်ခြင်းမျိုးလည်း ဖြစ်စေနိုင်ပါသည်။
ထို့ကြောင့် နှလုံး သို့မဟုတ် ကျောက်ကပ်တွင် ပြဿနာမရှိသောသူဖြစ်ပါက 1 နေ့လျှင် ရေ 1,000 မှ 1,500 မီလီလီတာ ခန့်သောက်ရန် လိုအပ်ပါသည်။
အဖိုးအဖွားများသည် “ဆီးဝမ်းမထိန်းနိုင်ခြင်း”ကို စိုးရိမ်ပြီး ရေသောက်ရန်ထိန်းချုပ်ထားကြသောကြောင့် ပြုစုစောင့်ရှောက်သူမှ ထည့်သွင်းစဉ်းစားပေးခြင်းသည် လွန်စွာအရေးကြီးပါသည်။
ထိုအခါတွင် အရည်ဖြင့်သာ ရေဓာတ်ဖြည့်တင်းစေမည်ဆိုပါက အစာအိမ်အပေါ် ကြီးမားစွာ ဝန်ပိစေနိုင်မည်ဖြစ်ပါသည်။
ဤကဲ့သို့သောအခြေအနေမျိုးတွင် ဖျော်ရည်များကို ဂျယ်လီအဖြစ်ပြောင်းခြင်း၊ ဟင်းချိုကို ကျောက်ကျောမှုန့်ဖြင့်ခဲစေခြင်းတို့ ပြုလုပ်ပါက အဆင်ပြေနိုင်ပါသည်။
အူမကြီးအတွင်းမှ အစာများသည် စားသောက်ပြီးနောက် အစာအိမ်လှုပ်ရှားမှုစတင်ပါက တုံ့ပြန်မှုအားဖြင့် အူမကြီးလည်း စတင်လှုပ်ရှားကာ “အစာအိမ်၊ အူမတုံ့ပြန်မှု”တို့မှတဆင့် ပေးပို့ခံလိုက်ရပါသည်။
အဖိုးအဖွားများသည် အစာများကို အရင်ပေးပို့သည့်လှုပ်ရှားမှုလုပ်ဆောင်ချက် ကျဆင်းနေပါသည်။
ရလဒ်အနေဖြင့် အူမကြီးထဲမှအစာများ ဖြတ်သန်းသွားရန် ကြာချိန်ပိုရှည်သွားပြီး ယင်းအချိန်အတွင်း ရေဓာတ်စုပ်ယူမှုပိုမိုမြင့်တက်လာကာ မာကြောသောဝမ်းများ ဖြစ်သွားစေပါသည်။
အဖိုးအဖွားများသည် နေ့စဉ်လူနေမှုဘဝ၌ လှုပ်ရှားမှုနည်းပါးပြီး အစားအသောက်များတွင်လည်း လှုံ့ဆော်မှုနည်းပါးသောအရာများနှင့် ပျော့ပျောင်းသည့်အရာများကိုသာကြိုက်နှစ်သက်ခြင်း စသည်တို့ကြောင့် ဝမ်းချုပ်လွယ်သည့် အနေအထားရှိနေပါသည်။
ဝမ်းချုပ်ခြင်းကို ကာကွယ်ရန် ပထမဆုံးနည်းလမ်းမှာ မနက်အိပ်ရာနိုးသည်နှင့် ရေအေးနှင့်နွားနို့စသည်တို့ကိုသောက်ပြီး လှုံ့ဆော်မှုဖြင့် အစာအိမ်နှင့် အူမတို့ကို တုံ့ပြန်မှုဖြစ်စေကာ ဝမ်းသွားနိုင်စေရန် မြှင့်တင်ခြင်းဖြစ်ပါသည်။
ဒုတိယနည်းလမ်းမှာ အကွေးအဆန့်ပြုလုပ်သည့်နည်းလမ်းကဲ့သို့သော ဝမ်းဗိုက်ကြွက်သားများသုံးရသည့် လေ့ကျင့်ခန်းနှင့် ဝမ်းဗိုက်ကြွက်သားများကို နှိပ်နယ်ပေးပြီး အူမကြီးလှုပ်ရှားစေခြင်းတို့ကို မြှင့်တင်ကာ ဝမ်းမချုပ်အောင် ကြိုတင်ကာကွယ်ခြင်းဖြစ်ပါသည်။
တတိယနည်းလမ်းမှာ အမျှင်ဓာတ်ပါသောအစားအစာများကို သင့်တင့်လျောက်ပတ်စွာ စားသုံးခြင်းဖြစ်ပါသည်။
အမျှင်ဓာတ်ပါသောအစားအစာများသည် ရေဓာတ်ကို ပမာဏအများအပြားစုပ်ယူပြီး ထုထည်တိုးလာစေကာ ဝမ်းပမာဏကိုလည်း များလာစေသည့်အပြင် အူလမ်းကြောင်းကို လှုံ့ဆော်မှုပေးပြီး မစင်စွန့်ခြင်းကို မြှင့်တင်ပေးပါသည်။
အမျှင်ဓာတ်သည် မြေအောက်၌ပေါက်သောဥများ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပင်လယ်ရေမှော်နှင့် အုတ်ဂျုံတို့တွင် ကြွယ်ဝစွာပါဝင်ပါသည်။
ထို့အပြင် အာဟာရချို့တဲ့ခြင်းနှင့် သွေးအားနည်းခြင်းတို့သည် ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်သောကြောင့် အဟာရဓာတ်မျှမျှတတ စားသောက်မှုကို ကျင့်သုံးရပါမည်။
နောက်ဆုံးအဖြစ် စိတ်ဖိစီးမှုများကိုဖယ်ရှားပြီး စည်းစနစ်ကျသော နေ့စဉ်နေထိုင်မှုဘဝနှင့် ဝမ်းသွားခြင်းတို့ကို အလေ့အထဖြစ်စေခြင်းသည် အဆုံးအဖြတ်ပေးသည့်နည်းလမ်းတစ်ခုဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ကျန်းမာရေးကိုထိန်းသိမ်းရန်အတွက် ကျွန်ုပ်တို့၏နေ့စဉ်စားသောက်မှုတွင် သတိအမျိုးမျိုးထားလျက်ရှိကြပါသည်။
အာဟာရမျှတအောင်စဉ်းစားခြင်း၊ အလွန်အကျွံမစားမိစေရန်သတိထားခြင်းတို့အပြင် အစာအိမ်အခြေအနေမကောင်းသည့်အခါများတွင် ဆန်ပြုတ်နှင့် ပဲပြားတို့ကဲ့သို့သော အစာကြေလွယ်သည့် အစားအစာများစားခြင်း စသည်အားဖြင့် ခန္ဓာကိုယ်အခြေအနေပေါ်မူတည်ပြီး နည်းလမ်းအမျိုးမျိုး ဖန်တီးကြပါသည်။
ဤအပိုင်းတွင် အဖိုးအဖွားများ ဘေးကင်းပြီး အရသာရှိစွာ စားသုံးနိုင်မည့်နည်းလမ်းများနှင့်ပတ်သက်ပြီး ဖော်ပြပေးသွားပါမည်။
အထူးသဖြင့် အစာစားနေစဉ်အတွင်း အစာလမ်းကြောင်းမှားပြီး မျိုချမိခြင်းသည် မျိုချခြင်းကြောင့်ဖြစ်ရသည့်အဆုတ်ရောင်ခြင်းနှင့် အသက်ရှူကျပ်ခြင်းတို့ ဖြစ်စေနိုင်သည့်အတွက် အပြည့်အဝသတိထားရန် လိုအပ်ပါသည်။
အသက်ကြီးလာသည်နှင့်အမျှ ဝါးခြင်း၊ အစာချေခြင်း၊ စုပ်ယူခြင်းစသည့် လုပ်ဆောင်ချက်များသည် တဖြည်းဖြည်း စတင်ကျဆင်းလာသည့်အတွက် နောက်ဆုံးတွင် အဖိုးအဖွားများအတွက် ပျော့ပျောင်းသောအစားအစာကဲ့သို့သော အထူးသီးသန့်မီနူးများ လုပ်ဆောင်ကြသော်လည်း အဖိုးအဖွားများအတွက် ဘေးကင်းပြီး ဝမ်းသာပျော်ရွှင်မှု၊ ရှင်သန်လိုစိတ်တို့ကို မထိခိုက်စေသည့် ပြုစုစောင့်ရှောက်မှုများပေးရန် အရေးကြီးပါသည်။
အပြည့်အဝ မဝါးနိုင်သည့်အခါတွင် ဝါးနိုင်သည့်အတိုင်းအတာနှင့် ချိန်ပြီး ပုံမှန်အစားအစာ၊ ပျော့ပျောင်းသောဟင်းသီးဟင်းရွက်စားစရာများ၊ နုပ်နုပ်စဉ်းထားသော စားစရာများစသည်ဖြင့် ချက်ပြုတ်ရာ၌ အနည်းငယ်အားစိုက်ထုတ်ပြီး လုပ်ဆောင်ပေးပါက အဆင်ပြေနိုင်မည်ဖြစ်ပါသည်။
ဟင်းသီးဟင်းရွက်များကို ပျော့သွားသည်အထိပြုတ်ပြီး ဓားဖြင့်အရာပေးပါက စားရလွယ်ကူစေပါသည်။
ရွှေဖရုံသီးနှင့် ကန်စွန်းဥကဲ့သို့ အမျှင်ဓာတ်ပါဝင်မှုမြင့်မားသော ဟင်းသီးဟင်းရွက်များကို သွားဖုံးဖြင့် ကြိတ်ချေနိုင်လောက်သည်အထိ နူးညံ့အောင်ပြုတ်ပြီး ဇွန်း၏ကျောဘက်ဖြင့်လည်း ကြိတ်ချေနိုင်ပါသည်။
ဆာရှိမိနှင့် ချဉ်ဖတ်တို့ကဲ့သို့သော အပူမပေးနိုင်သည့် စားစရာများကို အတွင်းဘက်မျက်နှာပြင်၌ အကွက်ပုံဖော်ပြီးဓားရာပေးမည်ဆိုပါက စားရလွယ်ကူစေပါမည်(ဇယား 1-6 ဇယား 1-6)။
မျိုချရခက်နေပါက ကော်မှုန့်ဖြင့်အရည်ဖျော်ထားသည့် အန်းခါ့ခဲဟုခေါ်သော အရည်သောက်ပြုလုပ်ပါက မျိုချရလွယ်ကူစေပြီး တံတွေးကိုလည်း ပြန်လည်ဖြည့်တင်းပေးပါသည်။
အရည်ပျစ်အောင်လုပ်ရာတွင် အာလူးကော်မှုန့်၊ ပြောင်းကော်မှုန့်၊ ခုဇုအပင်၏ဥမှရသောအမှုန့်၊ ဂျယ်လာတင်စသည်တို့ကို သုံးရပါမည်။
ဂျယ်လာတင်သည် ပရိုတင်းဓာတ်များစွာပါဝင်ပြီး အာဟာရဓာတ်ကိုလည်း ဖြည့်စွက်ပေးပါသည်။
ထို့အပြင် ရေသီးလွယ်သည့်အခါ ဈေးကွက်ထဲရှိ ပျစ်အောင်လုပ်ပေးသောဆေးဝါးများ(အပူမပေးဘဲ ရောစပ်ရုံဖြင့်သာ ပျစ်အောင်လုပ်ပေးသောထုတ်ကုန်) သည် အဆင်ပြေပါသည်။
ပေါင်မုန့်နှင့် ကတ်စတယ်လာကိတ်တို့သည် နူးညံ့ပျော့ပျောင်းသော်လည်း ရေဓာတ်ပါဝင်မှုနည်းပါးသည့်အတွက် မျိုချရခက်စေသည့်အခါများ ရှိပါသည်။
နွားနို့စသည်တို့ဖြင့် တစ်လုတ်စာစီ စိမ်ပြီးစားပါက အဆင်ပြေနိုင်ပါသည်။
ပထမဦးစွာ ဖြည်းဖြည်းချင်း ကောင်းစွာဝါးရန် အရေးကြီးပါသည်။
ခံတွင်းထဲတွင် အစားအစာများကို ကောင်းစွာကြိတ်ဝါးပြီး တံတွေးနှင့်အလုံအလောက်ရောနှောကာ အစာချေအင်ဇိုင်းများ၏ လုပ်ဆောင်ချက်ကို လက်ခံရလွယ်ကူစေရန် လုပ်ရပါမည်။
တံတွေးသည် အစာကို ချောမွေ့စေပြီး မျိုချရလွယ်ကူစေသည့် လုပ်ဆောင်ချက်လည်း ရှိပါသည်။
လုံလောက်စွာမဝါးပါက အစာသီးခြင်း၊ ကောင်းစွာမျိုမချနိုင်ခြင်းတို့ ရှိတတ်ပါသည်။
ထို့နောက် အာဟာရများကို ချေဖျက်နိုင်သော အစာချေရည်များ လျော်ကန်မှုရှိရှိ ထွက်ရှိသည့်အနေအထားရောက်အောင်လုပ်ရန်လည်း လိုအပ်ပါသည်။
သင်တို့အားလုံးတွင်လည်း အလွန်အမင်းစိတ်လှုပ်ရှားပါက ခံတွင်းခြောက်လာပြီး အစာစားချင်စိတ်မရှိတော့သည့် အတွေ့အကြုံမျိုး ရှိမည်ထင်ပါသည်။
အစာချေရည်ထွက်ခြင်းနှင့် အစာချေလမ်းကြောင်းလှုပ်ရှားခြင်းတို့ အားလုံးကို အာရုံကြောများမှ ထိန်းချုပ်ထားပါသည်(ပုံ 6)
။
စိတ်လှုပ်ရှားနေသည့်အနေအထားတွင် sympathetic အာရုံကြောအလုပ်လုပ်ခြင်းအားဖြင့် တံတွေးသာမက အစာအိမ်မှထွက်သောအစာချေရည်၊ ပန်ကရိယမှထွက်သော အစာချေရည်၊ သည်းခြေရည်တို့၏ ထွက်ရှိမှုကို ထိန်းချုပ်တားဆီးလိုက်ပါသည်။
စိတ်ပိုင်းဆိုင်ရာအေးချမ်းမှုရှိပြီး ဆိတ်ငြိမ်သောပတ်ဝန်းကျင်တွင် ပျော်ရွှင်စွာစားသောက်နိုင်ရန် ကြိုးစားပါ။
Dr. Pavlov ၏ ကျော်ကြားသော စမ်းသပ်မှုအရ ခွေးတစ်ကောင်ကို အကြိမ်တိုင်း သတ်မှတ်ထားသောအချိန်၌ ခေါင်းလောင်းတီးပြီး အစာကျွေးပါက အစာမကျွေးလျှင်ပင် ထိုအချိန်သို့ရောက်ပါက ခွေးသည် အစာချေရည်များ စတင်ထွက်လာမည်ဖြစ်ပါသည်။
တစ်ဖန် ခေါင်းလောင်းတီးရုံဖြင့် အလားတူတုံ့ပြန်မှုကို ဖြစ်ပေါ်စေကြောင်းလည်း သိခဲ့ရပါသည်။
ဤနည်းအားဖြင့် အစာအိမ်မှအစာချေရည်များထွက်ခြင်းကို မြှင့်တင်ရန်အတွက် မိမိအနေအထားနှင့်ကိုက်ညီသော စည်းစနစ်ကျသည့် စားသောက်မှုအလေ့အထပြုရန် အရေးကြီးပါသည်။
အဖိုးအဖွားများ အစာစားရာ၌ အရေးကြီးသည့်အရာမှာ ရာသီပေါ်စားစရာများဖြင့် တည်ခင်းပေးပြီး ၎င်းတို့၏ အရောင်အသွေးစုံလင်မှုကိုကြည့်ကာ ပျော်ရွှင်စေမည့် ချက်ပြုတ်မှုနည်းလမ်းများ ဖန်တီးခြင်းအားဖြင့် ရနံ့နှင့် လျှာပေါ်မှအထိအတွေ့၊ ဝါးရသည့်ခံစားချက်တို့ကို ပျော်ရွှင်စွာ အရသာခံစေခြင်း ဖြစ်ပါသည်။
ထို့အပြင် ပန်းကန်ခွက်ယောက်များကိုလည်း ဂရုပြုရပါမည်။
၎င်းအချက်များပေါ်မူတည်ပြီး စားချင်စိတ်သည်လည်း တိုးလာပါမည်။
အဖိုးအဖွားများတွင် နှစ်ရှည်လများကြာမြင့်သည့် စားသောက်မှုအလေ့အထများ ရှိကြပါသည်။
ချယ်ရီပန်းကြည့်ခြင်း၊ တာနာ့ဘာ့တပွဲ စသည့် ပွဲတော်များ၌ စားသောက်ခြင်းသည် ရာသီ၏ခံစားချက်ကို ခံစားနိုင်မည်ဖြစ်ပြီး ရိုးရာဟင်းလျာများနှင့် ဒေသစာများတွင် ချစ်ခြင်းမေတ္တာကို ခံစားနိုင်မည်မဟုတ်ပါလား။
ဤဟင်းလျာများကို စားသုံးခြင်းသည်လည်း အစာစားချင်စိတ်ကို တိုးစေပါသည်။
စားသောက်သည့်အခါများတွင် တတ်နိုင်သရွေ့ ထိုင်သည့်အနေအထားဖြင့်စားပါ။
ခန္ဓာဗေဒအရကြည့်လျှင်လည်း ခံတွင်းမှနေ၍ အစာရေမြို၊ အစာအိမ်သို့ ရောက်သည်အထိ အစာများ ဖြတ်သွားရန်မှာ လဲလျောင်းနေသည့်အနေအထားထက် ထိုင်သည့်အနေအထားက ပို၍လွယ်ကူပြီး လမ်းကြောင်းမှား မျိုချမိခြင်းမှလည်း ကာကွယ်နိုင်မည်ဖြစ်ပါသည်။
နောက်သို့ လှန်ပြီးကော့ထားခြင်း၊ ပုံမှန်မဟုတ်သော ကိုယ်ဟန်အနေအထားလုပ်ခြင်းတို့သည် ကောင်းစွာမြိုချခြင်းမပြုနိုင်ဘဲ အစာရေမြိုနှင့်ကပ်နေသော လေပြွန်ထဲသို့ အစာများဝင်အလွယ်တကူဝင်သွားနိုင်ပြီး အစာသီးခြင်း၊ လည်ချောင်း၌ တစ်ဆို့ခြင်း၊ အခြေအနေပေါ်မူတည်ပြီး အဆုတ်ရောင်ခြင်းတို့ ဖြစ်စေသည်အထိ ရောက်သွားနိုင်ပါသည်(ပုံ 7)
။
အိပ်ရာထဲ၌ အစာစားသော အဖိုးအဖွားများဖြစ်ပါက နောက်မှီ၊ ကူရှင်နှင့် ထိုင်ဖုံစသည်တို့သုံးပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို တတ်နိုင်သရွေ့ မြှင့်ထားရပါမည်(ပုံ 8)
။
အဖိုးအဖွားများသည် ခန္ဓာကိုယ်ကို မလှုပ်ရှားဘဲနေပါက ကြွက်သားများအားနည်းလာပြီး အစာအိမ်လည်း အားနည်းလာကာ ခန္ဓာကိုယ်တစ်ခုလုံး၏ လုပ်ဆောင်ချက်များ ကျဆင်းလာပါမည်။
ယင်းအတိုင်းလွှတ်ထားလိုက်မည်ဆိုပါက အိပ်ရာထဲလဲသွားမည်ဖြစ်သောကြောင့် ခန္ဓာကိုယ်လှုပ်ရှားပေးခြင်းအားဖြင့် ကာကွယ်နိုင်ပါမည်။
တစ်နေကုန် အိပ်ရာထဲ၌ အချိန်ကုန်နေသော အဖိုးအဖွားများကို စားသောက်သည့်အကြိမ်တိုင်းတွင် အိပ်ရာပေါ်မှထစေပြီး ထမင်းစားပွဲသို့ခေါ်သွားကာ ထိုင်သည့်အနေအထားဖြင့် စားသုံးစေခြင်းသည် အလွန်အဓိပ္ပာယ်ရှိသော လုပ်ရပ်ဖြစ်ပါသည်။
ခန္ဓာကိုယ်ကို လှုပ်ရှားစေခြင်းသည် အူလှုပ်ရှားမှုကိုမြင့်တက်စေပြီး အစာစားချင်စိတ်မြင့်တက်ခြင်းနှင့်လည်း ဆက်နွယ်ပါသည်။
ထိုင်စေခြင်းသည် အရိုး၊ နှလုံးတို့တွင် ဒြပ်ဆွဲအားဗဟိုကျစေပြီး ကြွက်သားများကို တင်းအားရှိစေကာ လဲမသွားနိုင်မည့်အနေအထား၌ ထိန်းထားပေးသည့်အတွက် ဦးနှောက်ကြီး၊ ဦးနှောက်ငယ်တို့ အဓိကဖြစ်သည့် ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးခြင်းလည်း ဖြစ်ပါသည်။
နေထိုင်စားသောက်မှုဘဝကို သမမျှတစွာ လုပ်ဆောင်ရန်အတွက်လည်း ထမင်းစားပွဲ၌ထိုင်ပြီး စားသောက်ရန်ကြိုးစားပါ။
ကိုယ်တိုင်လုပ်နိုင်သည့်ကိစ္စများကို တတ်နိုင်သမျှ ကိုယ်တိုင်လုပ်နိုင်စေရန် အကူအညီပေးခြင်းသည် အဖိုးအဖွားများ၏ ခန္ဓာကိုယ်လုပ်ဆောင်ချက်ကျဆင်းခြင်းမှ ကာကွယ်ရန်အတွက်လည်း အရေးကြီးပါသည်။
ကြွက်သားအားနည်းခြင်း၊ လက်ချောင်းအဆစ်များ ကျုံ့ဆန့်မရတော့ခြင်းကြောင့် တူမကိုင်နိုင်တော့ခြင်း၊ ကောင်းစွာမျိုမချနိုင်ခြင်း၊ စားလိုက်သည့်အရာများ ပါးစပ်မှလျှံကျခြင်းစသည်ဖြင့် တစ်ဦးတည်းဖြင့် ကောင်းစွာ မစားနိုင်သည့်အခြေအနေများလည်း ရှိပါသည်။
ဇွန်းကို စိတ်ရှိသကဲ့သို့ မဆုပ်ကိုင်နိုင်ပါက ဇွန်းလက်ကိုင်ကို ပုဝါစသည်တို့ဖြင့် ပတ်ပြီး ဆုပ်ကိုင်ရလွယ်ကူနိုင်စေရန် ဖန်တီးပေးရပါမည်။
ပုံ 9
တွင်ပြထားသကဲ့သို့ ကိုယ်တိုင်အားထုတ်မှုအတွက် ကူညီပေးရန်ဖန်တီးထားသည့်ကိရိယာများကို ဈေးကွက်တွင် အမျိုးမျိုးရောင်းချလျက်ရှိသောကြောင့် အသုံးပြုပါက အဆင်ပြေနိုင်ပါသည်။
ပန်းကန်ခွက်ယောက်များ၏အောက်တွင် ရေစွတ်ထားသောအဝတ်နှင့် ရာဘာဖြင့်လုပ်ထားသောအခင်းများခင်းပြီး ပန်းကန်များ မရွေ့အောင်လုပ်ခြင်းသည်လည်း လက်များကောင်းစွာမလှုပ်ရှားနိုင်သည့်သူတို့အတွက် လွန်စွာအသုံးဝင်ပါသည်။
အရည်ပါသည့်စားစရာများဖြစ်ပါက ဇောက်တိမ်သောပန်းကန်များထက် ဇောက်နက်သောပန်းကန်များက ခပ်ရလွယ်စေပြီး အကောက်ပါသည့်ပိုက်ကိုသုံးမည်ဆိုပါက မဖိတ်မစင်ဘဲ သောက်နိုင်မည်ဖြစ်ပါသည်။
ဖိတ်သွားပါကလည်း ပြဿနာမရှိနိုင်စေရန်အတွက် လက်သုတ်ပုဝါ၊ အေပရွန်တို့ တပ်ပြီး စားသောက်စေပါက စိုးရိမ်ရန်မလိုတော့ပါ။
လက်ဖြင့် ကိုင်စားနိုင်မည့်မီနူး (ထမင်းဆုပ်၊ အသားညှပ်ပေါင်မုန့်၊ ငှက်ပျောသီးစသည်)များသည် စိတ်ပေါ့ပေါ့ပါးပါးဖြင့် စားနိုင်ပါသည်။
ထမင်းဆုပ်ကို ဆုပ်ကိုင်လိုက်လျှင်လည်း ကြေထွက်မသွားနိုင်လောက်သည်အထိ ကျစ်အောင်လုပ်ထားပါက အဆင်ပြေပါမည်။
စားစရာများ မျိုချခြင်းကို “မျိုချခြင်း” ဟု ခေါ်ပါသည်။
၎င်း၏ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ပထမဦးစွာ အာခေါင်မိုးအပျော့ပိုင်း (ခံတွင်း၏အပေါ်မျက်နှာပြင်ကိုဖွဲ့စည်းထားသည့်အပိုင်းမှ အနောက်ဘက်ရှိ ပျော့ပျောင်းသောအပိုင်း)သည် အပေါ်သို့တက်သွားပြီး နှာခေါင်းအတွင်းလမ်းကြောင်းနှင့် ခံတွင်းတို့၏ နယ်နိမိတ်အစပ်ကို ဖုံးလိုက်ပါသည်။
တစ်ချိန်တည်းမှာပင် လျှာ၏အနောက်ဘက်အပိုင်းသည် အပေါ်သို့မြင့်တက်သွားပြီး အစာများကို လည်ချောင်းအတွင်းလမ်းကြောင်းသို့ ပို့လိုက်ပါသည်။
လည်ချောင်းအတွင်းလမ်းကြောင်းဆိုသည်မှာ ခံတွင်းနှင့် အစာရေမြိုတို့အကြားရှိ ကျဉ်းမြောင်းရှည်လျားသော ပြွန်ပုံသဏ္ဌာန် နေရာလွတ်ဖြစ်ပြီး ၎င်း၏အောက် ရှေ့နားတွင် အသံအိုးမှ အပေါက်ပွင့်နေပါသည်။
အသံအိုးသည် လေပြွန်မှဖြတ်သွားပြီး လေအဝင်အထွက်လုပ်ဆောင်သည့်နေရာ ဖြစ်ပါသည်။
အစားအစာများ လည်ချောင်းထဲသို့ ရောက်သွားပါက အသံအိုးသည် အလိုအလျောက်တုံ့ပြန်မှုအားဖြင့် အပေါ်ဘက်မှ အရှေ့သို့တက်သွားပြီး အသံအိုးအဖုံးဟုခေါ်သော အနည်းငယ်မို့မောက်နေသောနေရာသည် အသံအိုး၏အဝကိုဖုံးလိုက်ကာ လေပြွန်ထဲသို့အစာများဝင်မသွားအောင်လုပ်ပေးပါသည်။
ထို့နောက် အစာများသည် လည်ချောင်းနံရံကို ဝိုင်းကာထားသည့် ကြွက်သားများ၏လှိုင်းကဲ့သို့သောလှုပ်ရှားမှုဖြင့် အစာရေမြိုအတွင်းသို့ ပေးပို့ခံလိုက်ရပါသည်(ပုံ 10)
။
အစားအစာများကို ခံတွင်းထဲ၌ ဝါးပြီး လည်ချောင်းသို့ရောက်သည်အထိကို သိစိတ်အရလှုပ်ရှားမှု (ကာယကံရှင်၏စိတ်ဆန္ဒအရလုပ်ဆောင်သည့် လှုပ်ရှားမှု)ဖြင့် လုပ်ဆောင်သော်လည်း လည်ချောင်းမှ အစာရေမြိုအဝင်ဝအထိ လှုပ်ရှားမှုမှာ အစာအစိုင်အခဲများ လည်ချောင်းသို့ ထိမိသောအခါ အလိုအလောက်တုံ့ပြန်သည့်အနေဖြင့် ဖြစ်ပွားသည့် မသိစိတ်အရလှုပ်ရှားမှု ဖြစ်ပါသည်။
ဤနေရာ၌ ဦးနှောက်၏ပင်မပိုင်းရှိ မျိုချခြင်းဆိုင်ရာဗဟိုအာရုံကြောနှင့် ဆက်နွယ်နေပါသည်။
အစာများကို ကောင်းစွာမျိုမချနိုင်ဘဲ နှာခေါင်းနှင့် လေပြွန်တို့ထဲသို့ဝင်သွားခြင်း၊ အစာရေမြိုအတွင်း ကပ်နေခြင်းတို့ကို “မျိုချရန်ခက်ခဲခြင်း” သို့မဟုတ် “မျိုချရာ၌ ပြဿနာရှိခြင်း”ဟု ခေါ်ပါသည်။
၎င်းဖြစ်ပွားမှုအတိုင်းအတာမှာ လျှံကျခြင်း၊ ကောင်းစွာ မကိုက်နိုင်ခြင်း၊ လည်ချောင်းထဲသို့ချောမွေ့စွာ ကျမသွားခြင်းစသည့် အသေးစားကိစ္စများမှစပြီး ပါးစပ်မှစားသုံးမှုလုံးဝမလုပ်နိုင်ခြင်းဟူသည့် ပြင်းထန်သောကိစ္စများအထိ လက္ခဏာအမျိုးမျိုး ရှိပါသည်။
မျိုချရန်ခက်ခဲခြင်းကိုဖြစ်ပွားစေသည့်အကြောင်းအရင်းမှာ ပါးစပ်ထဲမှ ရောဂါများ၊ လည်ချောင်း၊ အစာရေမြိုတို့မှ ရောဂါများကြောင့် ဖြစ်သော်လည်း အဖြစ်အများဆုံးမှာ လေဖြတ်ခြင်းကြောင့် ဖြစ်ပါသည်။
ထို့အပြင် အသက်ကြီးလာပါက မျိုချသည့်လုပ်ဆောင်ချက် ကျဆင်းလာသည့်အတွက် အဖိုးအဖွားများတွင် မျိုချရန်ခက်ခဲသည့် အသေးအဖွဲပြဿနာများ များစွာတွေ့ရတတ်ပါသည်။
လေပြွန်ထဲသို့ အစာများ မှားယွင်းဝင်ရောက်ခြင်းကို “လမ်းကြောင်းမှားမျိုချမိခြင်း” ဟု ခေါ်ပါသည်။
သာမန်အားဖြင့် လမ်းကြောင်းမှားမျိုချမိပါက အစာသီးခြင်း၊ ချောင်းဆိုးခြင်းဟူသည့် အလိုအလျောက်ကာကွယ်သည့်တုံ့ပြန်မှုဖြစ်ပွားပြီး အဆုတ်ထဲမှ မဆိုင်သည့်အရာများကို စွန့်ထုတ်ပစ်ပါသည်။
သို့သော် အဖိုးအဖွားများသည် အရွယ်ရလာခြင်းနှင့်အတူ ဤအလိုအလျောက်ကာကွယ်သည့်တုံ့ပြန်မှုသည်လည်း အားနည်းလာပြီး အဆုတ်ထဲ၌ မှားယွင်းမျိုချမိလိုက်သည့်အစာများ တဖြည်းဖြည်းစုပုံလာကာ လမ်းကြောင်းမှားမျိုချမိခြင်းကြောင့်ဖြစ်သည့် အဆုတ်ရောင်ခြင်းဖြစ်ပွားပြီး အသက်အန္တရာယ်စိုးရိမ်ရသည့်ဖြစ်ရပ်များလည်း အများအပြားရှိပါသည်။
လမ်းကြောင်းမှားမျိုချမိခြင်းမှ ကာကွယ်ရန်အတွက် အောက်ပါအချက်များကို သတိပြုပါ။
ပထမဦးစွာ စားသောက်သည့်အချိန်၌ ရှိရမည့်ကိုယ်ဟန်အနေအထားမှာ အထက်တွင်ဖော်ပြထားခဲ့သည့်အတိုင်းဖြစ်ပြီး ထိုင်လျက်အနေအထား သို့မဟုတ် ကိုယ်တစ်ပိုင်းထိုင်အနေအထားဖြစ်ပြီး ထိုင်ဖုံစသည်တို့ကိုသုံးကာ ငြိမ်အောင်ထိန်းထားသည့် ကိုယ်ဟန်အနေအထားဖြစ်အောင်လုပ်ပါ။
ခန္ဓာကိုယ်အပေါ်ပိုင်းကို မထူနိုင်ပါက အပေါ်ပိုင်းကို အနည်းငယ်ပင်ဖြစ်စေ မြှင့်ပေးပြီး မျက်နှာကိုဘေးတိုက်လှည့်ပြီး စားနိုင်စေရန် ကူညီပေးရပါမည်။
စားသောက်သည့်အချိန်တွင် ရေနွေးကြမ်းနှင့် စွပ်ပြုတ်ကဲ့သို့သော အရည်များကို အရင်ဆုံး သောက်ခိုင်းရပါမည်။
ခံတွင်းနှင့် အစာရေမြိုတို့ကို စိုစွတ်စေခြင်းအားဖြင့် အစားအစာများ ချောမွေ့စွာ ဖြတ်သန်းသွားနိုင်မည်ဖြစ်ပါသည်။
အထူးသဖြင့် ခံတွင်းမှမြူးကပ်စ်အလွှာသည် ခြောက်သွေ့လွယ်ပြီး မျိုချသည်လုပ်ဆောင်ချက် ကျဆင်းနေပြီဖြစ်သော အဖိုးအဖွားများဖြစ်ပါက ရေဓာတ်အရင်ဖြည့်စေခြင်းသည် လမ်းကြောင်းမှားမျိုချမိခြင်းမှကာကွယ်ရန် အရေးကြီးပါသည်။
အစားအစာများကို ပါးစပ်ထဲထည့်လိုက်ပြီးနောက် ဂလုဟုမျိုချလိုက်သည်ကို အတည်ပြုပြီးမှ နောက်ထပ်စားစရာများ ထပ်ထည့်ရပါမည်။
အဖိုးအဖွားများ၏ စားသုံးမှုအရှိန်နှင့်ညှိပြီး ပြုစုစောင့်ရှောက်ပေးရပါမည်။
ရေသည် အလွယ်တကူ မှားယွင်းမျိုချမိနိုင်သည့်အတွက် သောက်သည့်အချိန်တွင် မလောမိအောင်လုပ်ရပါမည်။
ရေသည် ခံတွင်းထဲ၌ ပျံ့နှံ့လွယ်သောကြောင့် ပိုက်နှင့် နှုတ်သီးပါသည့်ခွက်များကိုသုံးပြီး အဖိုးအဖွားများ၏ သောက်သုံးမှုအရှိန်နှင့်ညှိကာ ၎င်းတို့၏ စုပ်ယူနိုင်အားကို အသုံးချပါက လမ်းကြောင်းမှားမျိုချမိခြင်း နည်းပါးလာပါမည်။
ပိုက်ကို စုပ်ယူသည့်အားပေါ်မူတည်ပြီး လုံးပတ်နှင့်အရှည်တို့ ညှိပေးရပါမည်။
ရေသီးတတ်သည့်သူများသည် အရည်တစ်ပိုင်းစားစရာများ(ရေထက်ပျစ်သည့် စားစရာနှင့်သောက်စရာများ)ကိုသုံးပြီး လမ်းကြောင်းမှားမျိုမချမိအောင် ကာကွယ်ရပါမည်။
အခြားအားဖြင့် စားရလွယ်စေသည့် ချက်ပြုတ်နည်းများတွင် ကြိတ်စက်ဖြင့်ကြိတ်ခြင်း၊ ဂျယ်လီပုံစံပြောင်းခြင်း၊ ကျောက်ကျောကဲ့သို့ဖြစ်အောင်လုပ်ခြင်း နည်းလမ်းများ ရှိပါသည်။
ဆန်ပြုတ်ဖြစ်ပါက အရည်နည်းသောဆန်ပြုတ်သည် စားရလွယ်ကူစေပါသည်။
ကောက်ညှင်းကဲ့သို့သော လည်ချောင်း၌ကပ်ခြင်း၊ နင်ခြင်းဖြစ်စေသည့်စားစရာများအတွက် ရေသောက်ပြီး လည်ချောင်းကို ချောမွေ့အောင်လုပ်ကာ အသက်ရှူမကျပ်စေရန် သတိပြုပါ။
ကင်ထားသည့်ကောက်ညှင်းထက် ဇိုးနိဟုခေါ်သည့်ပုံစံဖြင့် ချက်ထားခြင်းက ပို၍သင့်လျော်ပါသည်။
ထို့အပြင် မာကျောသောအရာများ၊ ခြောက်ကပ်သောအရာများ၊ ဝါးရခက်သောအရာများ (မာအောင်ပြုတ်ထားသောကြက်ဥ၊ ကန်စွန်းဥ၊ ဝဥ၊ ပင်လယ်ရေမှော်စသည်) သည် သီးလွယ်သောကြောင့် သေးအောင်လှီးခြင်းစသည်ဖြင့် ဖန်တီးကာ မျိုချသည့်အနေအထားကို အတည်ပြုရင်းဖြင်း ဆက်စားဖို့ တိုက်တွန်းရပါမည်။
အစာများ လည်ချောင်း၌တစ်သွားသည့်အခါ အရင်ဆုံး နောက်ကျောကိုရိုက်ပုတ်ခြင်းနှင့်အတူ ပါးစပ်ထဲသို့ လက်ချောင်းထည့်ပြီး နှိုက်ထုတ်ရန် လိုအပ်ပါသည်။
ကောက်ညှင်းနင်နေပါက လက်ညှိုး၊ လက်ခလယ်တို့ကို ပါးအတွင်းနံရံနှစ်ဖက်သို့ကပ်ထည့်ပြီး လည်ချောင်းအတွင်းပိုင်းအထိထည့်ကာ ညှပ်ပြီးထုတ်ပါ။
လက်ချောင်းများ အကိုက်မခံရစေရန် သတိထားပါ။
ထိုသို့လုပ်သော်လည်း အဆင်မပြေပါက နောက်ကျောကို ရိုက်ပုတ်သည့်နည်းလမ်းစသည်တို့သုံးပြီး ပြင်ပအရာများကို ဖယ်ရှားရပါမည်(ပုံ 11)
။
ယခင်က Heimlich နည်းလမ်းကိုသုံးပြီး စမ်းကြည့်ရန် အကြံပြုခဲ့ကြပါသည်။
သို့သော်လည်း 2000 ခုနှစ်နောက်ပိုင်းမှစ၍ Heimlich နည်းလမ်းသည် ကောင်းစွာ လေ့ကျင့်ထားသည့်သူများသာ လုပ်ဆောင်နိုင်တော့ပါသည်။
၎င်းနည်းလမ်းကို မကျွမ်းကျင်သည့်သူများလုပ်မည်ဆိုပါက ဖယ်ထုတ်မည့်အရာကိုသာ အာရုံအစိုက်လွန်ပြီး နှလုံးနှင့်အဆုတ်ရပ်တန့်မှုအခြေအနေကို သတိမပြုမိတော့ဘဲ နှလုံးကိုနှိပ်နယ်မှုပြုရန် နောက်ကျသွားကာ အသည်းထိခိုက်ခြင်းပါဖြစ်စေသည်အထိ အန္တရာယ်များသောကြောင့် ဖြစ်ပါသည်။
လမ်းကြောင်းမှားမျိုချမိလွယ်သည့်သူများအတွက် စုပ်ထုတ်သည့်စက် အဆင်သင့်ပြင်ထားရန် လိုအပ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ ပုံမှန်အချိန်မှစ၍ အစားအစာများကို သေးငယ်အောင်လှီးဖြတ်ပြီး ဖြည်းဖြည်းချင်းစားရန်သတိပြုခြင်းသည် လွန်စွာအရေးကြီးပါသည်။